Light for Education ပညာဆီမီး ထိန်ထိန်ညီး

မုံရွာက တူတယောက်ကတင်ထားတယ်။ ခေတ်တွေဘယ်လိုပြောင်းပြောင်း ဖယောင်းတိုင်ကို ကျုပ်တို့ မစွန့်လွှတ်နိုင်ဘူး။ နောက်တယောက်လည်း မုံရွာမှာ မိုးတွေရွာလို့ မီးပျက်သတဲ့။

• ပညာဆီမီးဆိုတာ တယ်မှန်တာပဲ။
• ကျွန်တော်တို့ ငယ်ငယ်တုံးက ၅ တန်းကစပြီး၊ တညမှာ ဖရောင်းတိုင်တချောင်းကုန်အောင် စာကြည့်ရတယ်။ အဖေချမှတ်ထားတဲ့ စာကြည့်စည်းကမ်းအရပေါ့။ အဲဒီတုံးက ဖရောင်းတိုင်တချောင်းကုန်ရင် တနာရီပဲ။ စံချိန်ကိုက်။
• တော်လှန်ရေးကောင်စီတက်ကာစက ဖရောင်းတိုင်ဝယ်လို့ရသေးတယ်။ အဝယ်ရခက်လာတော့ ရေနံဆီမီးခွက်နဲ့ စာကြည့်ရတယ်။ (မဆလ) ခေတ်ဖြစ်လာတော့ ရေနံဆီပါရှားကုန်ရော။
• လျှပ်စစ်မီးသွယ်နိုင်လာတော့ အိမ်မှာ နယ်ကနေကျောင်းလာတက်ကြတဲ့ ကျောင်းသားတွေကလည်းများတော့ အခန်း နှစ်ခန်းကြားကထရံမှာ လေးထောင့်ပေါက်ဖေါက်ပြီး၊ ၂ ပေမီးချောင်းလုပ်ပေးထားတယ်။ နှစ်ခန်းလုံး မီးလင်းအောင်လို့။ မီတာကြေးက တယူနစ်ကို ၆၅ ပြား။
• အတန်းကြီးလာတော့ စာဖတ်စရာတွေများလာလို့ တညတနာရီနဲ့မရတော့ဘူး။ မီးပျက်တာသိပ်မများလို့ ဆယ်တန်းကို ရှောရှောရှူရှူအောင်ပါတယ်။
• နောက်ပိုင်းကျောင်းသားတွေမှာ ကျွန်တော်တို့ထက် ဆန်းပြားလာတယ်။ ဘက်ထရီမီးတို့၊ အင်ဗာတာတို့၊ ဆိုလာတို့ ပေါ်လာတာကိုး။
• မီးမပါ ပညာမရဘူး။ ခက်တာက အခုရနေတဲ့ပညာက ဖရောင်းတိုင်မီးနဲ့ရှာရတာထက် ညံ့နေတယ်တဲ့။
• ကိုင့်း့ ရေနံဆီမီးခွက်ခေတ်ကို ပြန်သွားကြစို့။

ဒေါက်တာတင့်ဆွေ
၂၆-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ