Doctors Urge Patience, And Longer Labor, To Reduce C-Sections

• ၂ဝ-၂-၂ဝ၁၄ နေ့က အမေရိကန်ပြည်ထောင်စုကလာတဲ့ ဆေးပညာဆောင်းပါးဖြစ်ပါတယ်။
• ဆရာဝန်တွေက မွေးလူနာတွေကို သည်းခံစိတ်ရှည်ပေးပါလို့ မေတ္တာရပ်ခံရတာက ဗိုက်ခွဲမွေးနှုန်း ကျဆင်ေးစဖို့ ဖြစ်ပါတယ်။
• ဗိုက်ခွဲမွေးတာကြောင့် မိခင်ရောကလေးကိုပါ ကာကွယ်မှုတွေရစေနိုင်ပေမဲ့ လိုတာထက်ပိုလုပ်ပေးနေရတာ မသင့်ပါ။ မမှန်တဲ့အကြောင်းပြချင်နဲ့ ခွဲမမွေးသင့်ကြပါ။
• ရိုးရိုးမွေးလို့ အန္တရာယ်နည်းသူတွေက စိတ်ရှည်ရှည်နဲ့ အချိန်ယူစောင့်သင့်ကြပါတယ်။
• American College of Obstetricians and the Society for Maternal-Fetal Medicine ရဲ့ လမ်းညွှန်ချက် အသစ်ဟာ သားဦးမွေးသူတွေကို ဦးတည်ထားပါတယ်။
• အမေရိကားမှာ ကလေးမွေးမှုစုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံဟာ ခွဲမွေးနေကြတယ်။ အများစုက သားဦးမွေးသူတွေ ဖြစ်ကြတယ်။ ၁၉၉ဝ ကနေတွက်ရင် ၆ဝ% တိုးလာတာဖြစ်တယ်။ မွေးရလို့ မိခင်ကိုရော ကလေးကိုပါ ပိုပြီး အသက်ကယ်နိုင်တယ်လို့ ပြောမရပါ။
• ဗိုက်ခွဲပြီး ကလေးမွေးရတာဟာ အကြီးစားခွဲစိတ်မှုဖြစ်တယ်။ ခွဲစိတ်မှုနဲ့ မေ့ဆေး နောက်ဆက်တွဲ သတိထားစရာတွေ ရှိတယ်။ နလံထချိန်နဲ့ ကုန်ကျစရိတ်ရှိတယ်။
• သားဦးတိုင်းက အချိန်ပိုကြာတယ် American College of Obstetricians and the Society for Maternal-Fetal Medicine။ သားအိမ်ဝ ၆ စင်တီမီတာရောက်မှသာ Active labor မွေးတော့မယ်လို့ပြောနိုင်တယ်။ အရင်က ၄ စင်တီမီတာလို့ သတ်မှတ်ထားခဲ့တယ်။
• ရိုးရိုးမွေးရလို့ သားအိမ်ထဲမှာကလေးကိုထိခိုက်မှုရှိနိုင်တာက ၁% သာရှိတယ်။ မွေးလူနာ ၁ သိန်းမှာ ၁ ထောင်သာ အဲလိုဖြစ်တယ်။
• သားဦးတွေဟာ ဗိုက်နာပြီး ညှစ်ရချိန် အနည်းဆုံး ၃ နာရီတော့ယူသင့်တယ်။ အက်ပီဂျူရယ်ထုံဆေးထိုးထားရင် ဒိထက် အချိန်ယူနိုင်သေးတယ်။ မွေးလမ်းကနေကြိုးစားသင့်တယ်။ လိုရင်ညှပ်ဆွဲမွေးသင့်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး