IMM ဆေးမန်း တွေးလွမ်း

• ဒေါ်မြမြအေးရဲ့မွေးနေ့တုံးက ဆုမွန်တောင်းကြသူတွေ တယောက်မကျန် ကျေးဇူးတင်ပါတယ်။
• သူငယ်ချင်း အရင်းဆုံးတွေလည်းပါတယ်။ ဒီကောင်တွေက ဝါကျတကြောင်းရေးဖို့တောင် ပျင်းတဲ့ကောင်တွေမှန်း သိတယ်။ ရေးလာလို့ ကျွန်တော်တို့ ဘယ်လောက်ခင်ကြသလည်း မှန်းသာကြည့်ပေတာ့။ မင်းရယ် ငါရယ်ပြောတဲ့ ကောင်တွေ။ ငယ်သူငယ်ချင်းလို့တော့ ပြောမရပါ။ ဆေးကျောင်းရောက်မှ သိကြ၊ ခင်ကြ၊ ပေါင်းကြသူတွေပါ။
• တယောက်ကရေးတယ်။ သူငယ်ချင်းတို့ (၂) ယောက်ကိုမြင်ရတာ တို့ရွှေမန်းဆောင်ကို ပထမဆုံးရောက်တုံးက တင်တင် လှေခါးက ပြုံးပြုံးလေးဆင်းလာတာကို မြင်ရောင်မိတယ်။ 29.3.15 ညမှာတော့ 1965 ခု မန္တလေးဆေးတက္ကသိုလ်ဝင် သူငယ်ချင်းတွေ နှစ် (၅ဝ) ပြည့် တွေ့ဆုံညစားပွဲလုပ်ကြမယ်။ မလာနိုင်မယ့် သူငယ်ချင်းကို အထူးသတိရတယ်တဲ့။
• ကျွန်တော်ဇနီးကို (တင်တင်) လို့ပါသိသူတွေက အမျိုးတွေနဲ့ ဒီကောင်တွေပဲရှိတယ်။ ကလေးဆိုလို့ သူတယောက်ပဲ အဖတ်တင်လို့ တင်တင်လို့နာမည်ပေးထားတာတဲ့။
• ကျွန်တော်တို့ဆေးကျောင်းကအထွက်မှာ ရောက်လာတဲ့အုပ်စုက မန္တလေးမှာ သင်္ကြန်ကြိုလုပ်နေသလားတော့ မသိဘူး။ ကနေ၊ ဆိုနေကြတဲ့ပုံတွေ တင်ထားတယ်။ အဲတာနဲ့ အဝေးကလက်ခုပ်သံလည်း ကြားပါစေသတည်း။ အဝေးက ငေးကြည်နေတာလည်း မြင်ပါစေသတည်းလို့ ရေးလိုက်တယ်။
• ဟိုနေ့က ကျွန်တော်တို့ (ဘက်ခ်ျ) က တယောက်ကလည်း ချတ်ကနေရေးသေးတယ်။ ကိုတင့်ဆွေ (့) တော့ သူ့အဖိုးကြီးဆုံးသွားပြီတဲ့။ (့) ကတော့ သူဌေးမကြီးဖြစ်နေပြီတဲ့။ အေ့း့ ငါလာရင် ဘာကျွေးမလည်းပြောလိုက်လို့ ရေးလိုက်သေးတယ်။
• သူငယ်ချင်းတို့ရေ့ မင်းတို့ဆုံကြရင်၊ ငါ ဘာရေးချင်မလည်း မသိသေးဘူးကွ။ ခံစားချက်ဆိုတာ အမြဲတမ်းတူတာ မဟုတ်ဖူးကွ။ တူတာကတော့ ခင်မင်မှု။

ဒေါက်တာတင့်ဆွေ
၂၃-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး