အသည်းရောင် (စီ) ဆေး သတိပေးချက်

Sofosbuvir (Sovaldi) ဆေးနဲ့ Harvoni ဆေးတွေက အသည်းရောင် (စီ) အတွက် အလွန်ကောင်းပါတယ်။ ဒါပေမယ့် နှလုံးခုန်မမှန်တာအတွက်ပေးတဲ့ဆေး Amiodarone တွဲသောက်ရင် ဓါတ်ပြုမှုကြောင်း အသက်အန္တရာယ်ရှိနိုင်တယ်။

ဆေးထုတ်တဲ့ကုမ္ပဏီ Gilead ကနေ လူနာ ၉ ယောက်မှာ အဲလိုသောက်လို့ Symptomatic bradycardia နှလုံးခုန် အလွန် နှေးသွားတာတွေ့ရတယ်လို့ထုတ်ပြန်ပါတယ်။ တယောက်ဆုံးသွားတယ်။ ၃ ယောက်ကို Pacemaker နှလုံးခုန်စက် တပ်ပေးလိုက်ရတယ်။

ဒါကြောင့် Sofosbuvir နဲ့ Amiodarone ဆေးကို တွဲမသောက်ပါနဲ့။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး