Happy birthday မတ်လ (၂၂) ရက် ဇနီးမွေးနေ့



• နက်ဖြန် ဒေါ်မြမြအေးမွေးနေ့။ ကျွန်တော်တို့နှစ်ယောက်က မွေးနေ့မှာ ပါတီရယ်ဘာရယ် လုပ်လေ့မရှိကြပါ။
• မနှစ်ကတော့ မှတ်မှတ်ရရ ဒေလီမှာရှိတဲ့ မြန်မာစားသောက်ဆိုင်မှာ သားအလတ်ရဲ့မိသားစုနဲ့အတူ နေ့လည်စာ သွားစားဖြစ်ခဲ့ကြတယ်။
• နက်ဖြန်မှာ အသိမိတ်ဆွေတဦးက အိမ်သစ်တက်ပွဲနဲ့ သူတို့သမီးလေးမွေးနေ့ကို ဖိတ်ထားတယ်။ မနက်ပိုင်းသွားရမယ်။
• ဇနီးသည်ကတော့ သူ့မွေးဇာတိရွာက ရိုးရာနတ်ပွဲမှာ ငယ်ငယ်တုံး သူ့ညီမတွေနဲ့ သွားလည်ခဲ့ရတာကို ပြန်ပြောနေတယ်။ ဘုတလင်၊ ညောင်ကန်နတ်ပွဲလည်းရှိတယ်။
• သူ့ထက်ငယ်တဲ့ ညီမ ၃ ယောက်ဟာ ရင်သားကင်ဆာနဲ့ချည်း ဆုံးပါးကုန်ကြပြီ။ သံဝေဂဆိုတာ တနှစ်တခါသာ ရရတာမျိုးမဟုတ်ပါ။
• ဇနီးမှာ ဒီကိုရောက်ကတည်းက ဆေးစစ်တာတွေ အကုန်လုပ်ရတယ်။ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ရင်သား၊ သားအိမ်ဝကင်ဆာတွေ မရှိတာသိရတယ်။
• အခုတော့ ညနေစာအတွက် မီးဖိုခန်းထဲဝင်သွားလေရဲ့။

ဒေါက်တာတင့်ဆွေ
၂၁-၃-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး