Herpes drug reduces HIV levels ရေယုံဆေးကြောင့် HIV ပိုးနည်းစေနိုင်

• စမ်းသပ်မှုအဆင့်မှာ အဲလိုတွေ့ထားပါတယ်။ သုံးနေကြ ရေယုံဆေး Valacyclovir (Valtrex) ဗယ်လာဆိုက်ကလိုဗာ ဆေးနဲ့ စမ်းသပ်နေတာ ဖြစ်ပါတယ်။
• အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုပြည်နယ် ကလေ့ဖ်လင်းမှာရှိတဲ့ Case Western Reserve University (CWRU) ကနေစမ်းသပ်မှုတွေလုပ်နေတာကို Clinical Infectious Diseases ဂျာနယ်မှာရေးသာလိုက်ပါတယ်။
• ရေယုံဖြစ်မနေပေမဲ့ Herpes simplex ရေယုံကိုဖြစ်စေတဲ့ (HSV-2) ဗိုင်းရပ်စ်ပိုးအတွက်သုံးရတဲ့ဆေး Valacyclovir (Valtrex) ဆေးပေးနေသူတွေမှာ HIV-1 viral load ကိုနည်းစေတာဖြစ်တယ်။
• HIV-1 က အများဆုံးဖြစ်စေတဲ့ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပါတယ်။
• HIV-1 ရှိနေသူတွေမှာ HSV-2 ပိုးကြောင့် သူနဲ့အတူနေသူမှာ လိင်လမ်းရေယုံပြန်ပြန်ဖြစ်ကြတယ်။
• ရေယုံကို Acyclovir ဆေးနဲ့ နောက်ပေါ်  Valacyclovir ဆေးနဲ့ကုသရပါတယ်။ နောက်ပေါ်ဆေးက နည်းပေးလို့ ရတယ်။
• ၂ဝဝ၉ ကနေ ၂ဝဝ၁၂ အတွင်း ယူအက်စ်နဲ့ ပီရူးနိုင်ငံတွေမှာ စမ်းသပ်မှု ၂ ခုလုပ်ခဲ့တယ်။ HIV-1 ပိုးရှိသူ ၁၈ ယောက်ကို စမ်းတယ်။ သူတို့မှာ HSV-2 ပိုးတော့မရှိကြဘူး။ CD4 cell counts နည်းကြပြီး Antiretrovirals (ART) ဆေးလည်း ပေးမထားသူတွေဖြစ်ကြတယ်။  သူတို့ကို ဆေး တနေ့ ၂ ကြိမ်၊ ၁၂ ပါတ်ပေးတယ်။
• Antiretroviral (ATR) ဆေး Truvada ကနေ ဂေးတွေမှာ HIV infection ကူးစက်နိုင်ခြေကို ၈၆% လျှော့နည်းတယ် ဆိုတဲ့ ဆေးသုတေသနလည်း ထွက်လာပါတယ်။ (ရေးထားပြီး)။

- HIV Prevention ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/10/hiv-prevention.html
- HIV အတွက် Truvada ဆေး http://doctortintswe.blogspot.com/2014/12/hiv-truvada.html
- HIV အတွက် ART ဆေးများ http://doctortintswe.blogspot.com/2015/02/hiv-art.html

ဒေါက်တာတင့်ဆွေ
၁၆-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး