Fat and flat ဝတဲ့သူနဲ့ ပြားတဲ့လူ

အခုပဲ သူငယ်ချင်း ဆရာဝန်တယောက်ရေးတင်ထားတာ ဖတ်ရတယ်။

ဆရာ ဝ လူမျိုး မြင်ဘူးသလား။ လမ်းပေါ်မှာ ကားသစ် မယားသစ်တွေနဲ့သွားနေတာပေါ့။ နိုး၊ နိုး။ အဲဒီလူတွေက တရုတ် အစစ်တွေပါ။ ဝ ဆိုတာ တောင်ပေါ်သားတွေ။ ကျိုင်းတုံစော်ဘွားပိုင်နယ် လူဦးရေ တသောင်း မပြည့်ဘူး။ အခု ကိုးကန့် ဝ အမည်ခံ တရုတ်တွေက လူဦးရေ ၅ သိန်းလောက်ရှိတယ်။ ဝ ဆိုတာ အသားမဲမဲ မျက်လုံးပြူးပြူး အရပ်ပုပု နာခေါင်း ပြားပြား။ မျက်နှာဝိုင်းဝိုင်း နာရွက်ကားကား။ အဲဒါ ဝ မှတ်ထားဟု ပြည်နယ်ဆရာဝန်ကြီး (ငြိမ်း) ကပြောပြသည်။ ကိုးကန့်နဲ့ ဝ စစ်စစ်တွေက တိုင်းရင်းသားလက်ခံပါတယ်။ အမည်ခံတရုတ်တွေကတော့ တိုင်းရင်းသားမဟုတ်ဘူး။ မြန်မာပြည်မှာ လာနေရင် မြန်မာဥပဒေကို လေးစားပါ။ ဥပဒေ မလိုက်နာချင်ရင်တော့ မနေနဲ့။့

ဆရာရေ့
ပြည်ပနိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက် ရှမ်းခေါင်းဆောင်တယောက်ရှိတယ်။ ရှမ်းလက်နက်ကိုင်တပ်ကို အစဆုံးထူထောင်သူ တယောက်ပေါ့။ အစည်းအဝေးတွေကို အတူတက်ကြရင်း သူကပြောတယ်။ သူတပ်ထောင်တော့ စစ်သားစုတဲ့အထဲမှာ ဝလူမျိုးတွေလည်း ပါသတဲ့။ တနေ့တော့ ခရီးထွက်ရင်း ရှမ်းပြည်ကိုတက်လာတဲ့ မီးရထားတစီးနဲ့တွေ့တော့ ဝတပ်သားတွေက ဟာ့ ဘာကောင်ကြီးလည်းမသိဘူးဆိုပြီး ထွက်ပြေးကြပါသတဲ့။

ဒါပေမယ့်ဆရာ အဲတာက ဗခကနေဝင်း အာဏာသိမ်းပြီးစလောက်ကပါ။ ကနေ့တော့ ဝတပ်မှာ စစ်အင်အား ၃ဝဝဝဝ ရှိတယ်။ အရံအင်အား ၁ဝဝဝဝ ရှိတယ်။ ၂ဝဝ၈ Jane Intelligence Review အစီရင်ခံစာအရ တရုပ်ဟာ အဓိကလက်နက် ထောက်ပံ့ပေးနေသူဖြစ်တယ်။ ၂ဝဝ၁ အစီရင်ခံစာအရ တရုပ်ကနေ HN-5N Surface-to-air missile (SAMs) မြေပြင်မှဝေဟင်ပြစ်ဒုံးပျံ ဝယ်ထားတယ်။ ၂ဝ၁၄ အစီရင်ခံစာအရ FN-6 Surface-to-air missile ကိုပါ ဝယ်ထားပြီးပြီ။ ၂၉-၄-၂ဝ၁၃ အစီရင်ခံစာအရ Mil Mi-17 ဟယ်လီကော်ပတာတွေ ဝယ်ထားတယ်။ TY-90 air-to-air missiles လေယျာဉ်မှ ဝေဟင်ပြစ် ဒုံပျံတွေလည်း တရုပ်ဆီကပဲ ဝယ်ထားပါတယ်။

ဥပဒေကို ဆရာကထောက်ပြတယ်။ မှန်တော့ မှန်တာပေါ့ဗျာ။ ဥပဒေအထက်က ဝနေကြတဲ့သူတွေက ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားတော့ ဥပဒေဆိုတာကြီးနဲ့ အဖိခံထားရလို့ ပြားနေရတဲ့လူတွေက ဘာပြောလို့ရမလည်းဆရာ။ ဝတဲ့သူပိန်အောင်လို့ ကယ်လိုရီတွေကို မီးရှီု့ပြစ်ရတယ်မဟုတ်လားဆရာ။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး