My home မုံရွာ ရတနာပုံကအိမ်ကို သတိရခြင်း

My home မုံရွာ ရတနာပုံကအိမ်ကို သတိရခြင်း

• ဝါးကပ်ထရံ၊ နံရံလည်းဝါး၊
• အသားခင်းအိမ်၊ ကြိမ်ကုလားထိုင်၊
• အိမ်တိုင် မျောသား၊ အင်သား တန်းလျား၊ စားပွဲ သရက်သား၊
• အိမ်နား မြေလမ်း၊ ထန်းပလပ်ခုံ၊
• လမ်း ဖုန်ထူ၊ နေပူ၊ လူဝတ်စရာ ချည်ထည်သား၊
• ဝါး ယပ်တောင်၊ စက္ကူ ယပ်တောင်၊
• မင်္ဂလာဆောင်ကရ၊ အလှူကရ၊ နာရေးကရ၊
• ရွက်လှပန်းပင်၊ မာလကာပင်၊ ကြံပင်၊ ရေငင်လောင်း၊
• ကျောင်းပြန်ကစား၊ အားရင် ဒိုးပစ်၊
• ရွာဖြစ်လက်ဆောင်၊ မပူအောင်သုံး၊
• အုန်းဆံ တံမြက်စည်း၊ နှီးဆန်ခါ၊ ဖျာနဲ့ လက်သုပ်၊
• မုန့်ဖက်ထုပ်၊ လက်လုပ်ချဉ်၊
• ရေငင်ပုံး၊ ထုံးနဲ့ ကွမ်းရွက်၊
• ပြောင်းဖူးဖက်လိပ်၊ အရိပ်အငွေ့၊
• အမေ့အိမ်ဓလေ့၊ လွန်ချမ်းမြေ့။ ။

မင်းတိုင်ပင် မင်းရွာ မတူပါ။ မင်းရွာက ပုလဲတောင်ဖက် ၃ တိုင် (၆ မိုင်) ကွာ။ မင်းတိုင်ပင်က ပုလဲအနောက်ဖက် ၃ တိုင် (၆ မိုင်) ကွာ။ မင်းတိုင်ပင်မှာ ဦးကောင်းမွေးပါတယ်။ ကျွန်တော်က မင်းရွာမှာမွေး၊ အမေ့မွေးတာက မင်းတိုင်ပင်ရွာ။ ကျွန်တော့်အဖြစ်က မင်းဘေးသင့်တဲ့ မင်းပြေးပါ။ မင်းတခုကျန်သေးတယ်။ ဘယ်တော့မှ မင်းဖြစ်မှာမဟုတ်သူ။

ဒေါက်တာတင့်ဆွေ
၁၇-၃-၂ဝ၁၅
Photo by Ogga Lin

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး