Medicine Ad ကြော်ငြာဆေးနောက်တမျိုး

ဒီဆေးက တရားဝင်ဆေးလား၊ ကြော်ညာဆေးလားဒေါက်တာ။ ကျေးဇူးပြုပြီး ပြောပေးပါဦးဒေါက်တာ။

ကြော်ငြာငောဆေးဖြစ်ပါတယ်။ ဆေးထဲမှာ ဘယ်ဓါတ်တွေပါတယ်လို့ မတွေ့ပါ။ FDA အသိအမှတ်ပြုတယ်လို့ မထင်ပါ။ ဆေးသုတေသန မတွေ့သေးပါ။ ဂူဂယ်လ်မှလာည်း ရှာမတွေ့ပါ။

အမျိုးသားတွေမှာဖြစ်လေ့ရှိတဲ့ လိင်ပိုင်းဆိုင်ရာအားနည်းချက်တွေဆိုတာ (၁) Erectile dysfunction ပန်းသေပန်းညှိုး၊ (၂) Early ejaculation သုတ်လွှတ်စောခြင်းနဲ့ (၃) Low libido လိင်စိတ်နည်းခြင်းတွေဖြစ်တယ်။ အဲဒီအခြေအနေတွေမှာ ဖြစ်စေတဲ့အကြောင်းတွေကမတူသလို ကုသရမှာလည်းမတူပါ။ တွဲဖြစ်တာတော့ရှိနိုင်တယ်။ ကြော်ညာထဲပါတဲ့ သုက်အား ကောင်းစေတဲ့ဆေးရယ်လို့ ခုထိမပေါ်သေးပါ။ သုက်အားနည်းတယ်ဆိုတာ သားသမီးမရနိုင်သူတွေမှာသာဖြစ်ပါတယ်။

FDA ကအသိအမှတ်ပြုထားတဲ့ Viagra ဆေးဆိုတာ ပန်းသေပန်းညှိုးအတွက်ဖြစ်ပါတယ်။ ကြော်ငြာဆေးတချို့မှာ အဲဒီဆေးထဲမှာပါတဲ့ Sildenafil citrate ဆေးကိုသုံးတာလည်းရှိတယ်။ ဒါပေမဲ့ ဆေးအလေးချိန်မတူတာသုံးနိုင်တယ်။ ဆေးအတုဖမ်းမိတာတွေထဲမှာတွေ့ရတယ်။ သွေးဖိအားကျနေရင်း နှလုံးအလုပ်မလုပ်တဲ့အခြေအနေရှိနေသူတွေ သောက်မိရင် အန္တရာယ်ရှိမယ်။ နှလုံးကြွက်သားတွေ ရှိရမှာထက်ကြီးထွားဖေါင်းကားနေရင် သွေးဖိအားကျတဲ့အခါ အန္တရာယ်မကင်းပါ။

Sex Drive လိင်စိတ်နည်းနေသူတွေကို Testosterone တက်စတိုစတီရုန်းဟော်မုန်း ပေးရတယ်။ တကယ်လို့ အဲဒီဟော်မုန်းကို ကြော်ညာဆေးထဲထည့်ထားရင် ဘေးထွက်ဆိုးကျိုးတွေများတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၃-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး