Tubal reversal သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ်

၂၄ နာရီအတွင်းမှာမေးတာ (၃) ယောက်ရှိတယ်။ သားကြောဖြတ်ပြီးမှာ နောက်ထပ်ကလေးရချင်သူတွေ။ အကြောင်းကတော့ မတူကြပါ။ တယောက်က သမီး ၂ ယောက်တည်းမို့ သားတယောက်ထပ်ရချင်။ တယောကက် နောက်အိမ်ထောင်ကျလို့ စသဖြင်။ အရင်လည်းမေးကြတယ်။ နမူနာသာထည့်ပါမယ်။

၁။ ဆရာရှင့် သားကြောဖြတ်ပြီး ကလေးထပ်လိုချင်တာ ဖြစ်နိုင်ပါမလား သိချင်တာပါရှင့်။ အသက် ၃၆၊ ရာသီမှန်။ နောက်ဆုံးမွေးခဲ့တာ ၁၅-၆-၂၀၀၆။
၂။ ကျွန်တော့်ဇနီး သာကြောဖြတ်ပြီးပါပြီဆရာ။ ကလေးပြန်လိုချင်ရင်ဘယ်မလိုလုပ်ရပါမလည်း။ လုပ်လို့ကောရလား။
၃။ သားကြောဖြတ်ပြီး ကလေးပြန်လိုချင်ရင်ရော ရနိုင်ပါ့မလားဆရာ။
၎။ ဆရာရှင့် ၃၇။ sterilization လုပ်ပြီး ပြွန်ပြန်ဆက်ထားတာ ၃ နှစ်ကျော်ပါပြီ၊ မထူးခြားပါ။ ဘာဆက်လုပ်သင့်ပါလဲရှင့်။ ပြန်ဆက်ပြီး USG recheck ရိုက်တာ တဖက်ပွင့်တယ်တဲ့။ ပွင့်တဲ့ဖက် tube က fibrin ဖြတ်ထားတဲ့ဖက် ဖြစ်နေပါတယ်။ ကလေးရနိုင်ပါသေးလားဆရာ။
၅။ ကျွန်မအသက် ၄၆ နှစ်ရှိပါပြီ။ ကလေး ၃ ယောက်ရှိခဲ့ပါတယ်။ သားက ၂ဝဝ၄ မှာ ဆုံးခဲ့ပါတယ်။ ငှက်ဖျားနဲ့ပါ။ အခု ကျွန်မ (့) မှာ နေပါတယ်။ ကျွန်မ သွေးမဆုံးသေးပါဘူး။ ဘာရောဂါမှလဲ မရှိသေးပါဘူး။ သားလေး တယောက်လောက် လိုချင်တာပါ။

သားအိမ်ပြွန်တဖက်ပွင့်နေရင် သီအိုရီအရ ကိုယ်ဝန်ရနိုင်ပါတယ်။ ကိုယ်ဝန်ရဘို့ဆိုတာ ပြွန်ကောင်းနေတာတခုထဲတော့ မကပါ။ မျိုးဥပုံမှန်ထွက်ရမယ်။ အတူနေချိန်ကလဲ မျိုးဥနဲ့တွေမယ့်ရက်ဖြစ်ရမယ်။

အမျိုးသမီးသားကြောဖြတ်တယ်ဆိုတာ သားအိမ်ပြွန်ကို ဖြတ်၊ ချည်၊ ချေ တနည်းနည်းနဲ့ လုပ်တာပါ။ သားအိမ်ပြွန်မှာ ပြဿနာရှိလို့ ကလေးမရသူ ၂ဝ-၂၅% ရှိတယ်။ သူတို့ကို ခွဲစိတ်နည်းနဲ့ ဒါမှမဟုတ် IVF နည်းနဲ့ ကလေးရအောင် ကြိုးစားပေးရတယ်။ (IVF) နည်းလုပ်ရင် အမေရိကားမှာ ($7,000 - $20,000) + ($2,500 - $3,000) ကုန်ကျတယ်။

သားကြော ပြန်ဆက်နည်းကို တော်တော့ခွဲစိတ်ရာဝန် မလုပ်ပါ။ Laparoscopy and Laparotomy ဆိုတဲ့ ဗိုက်မှာ အပေါက် သေးသေးလေး ဖေါက်ပြီး၊ ကရိယာနဲ့လုပ်နည်းကောင်းတယ်၊ ဒါပေမဲ့ အားလုံးမရဘူး။ မရရင် ထုံးစံခွဲနည်း Laparotomy ဗိုက်ကနေခွဲနည်းလုပ်ရတယ်။

Advanced Fertility Center of Chicago ရဲ့ ကိန်းဂဏန်းတွေပါ ထည့်ပါရစေ။
• Reconstruct damaged end of tube ပျက်စီးသွားတဲ့ သားအိမ်ပြွန် ပြင်ဘို့ Fimbrioplasty လုပ်တာ 50% ကလေးရနိုင်တယ်၊ 12% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။
• Cut away scar tissue on tubes or on ovary သားအိမ်ပြွန် နဲ့ မမျိုးဥအိမ်က အမာရွတ်တွေ ရှင်းတာအတွက် Salpingolysis Ovariolysis လုပ်တာ 45% ကလေးရနိုင်တယ်၊ 6% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။
• Make opening in blocked tube သားအိမ်ပြွန် ပိတ်နေတာအတွက် Neosalpingostomy လုပ်တာ 25% ကလေးရနိုင်တယ်၊ 25% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။
• Resonnect tubes after tubal ligation ပြတ်သွားတဲ့ သားအိမ်ပြွန် ပြန်ဆက်တာအောင် Tubal reanastomosis လုပ်တာ 40-70% ကလေးရနိုင်တယ်၊ 4-15% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။
• In vitro fertilization သားအိမ်ပြင်ပမှာ သန္ဓေရအောင် အသက် ၃၅ နှစ်အောက်တွေကို IVF လုပ်တာ 50-60% ကလေးရနိုင်တယ်၊ 1-5% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။

မြောက်ကာရိုလိုင်းနားမှာရှိတဲ့ Chapel Hill Tubal Reversal Center က Laparotomy နည်းနဲ့သာ ခွဲတယ်။ ဒါးရာ ၄-၆ လက္မရှည်မယ်။ ဆေးရုံတက်ရမယ်။ အကြီးစား-ခွဲစိတ်ကုသမှု ဖြစ်တယ်။ ၂-၆ ပါတ်ကြာမှ နလံထမယ်။ အသက် ၃၅ နှစ် အောက်တွေကို လုပ်ရင် ၁-၂ နှစ်အတွင်း ကိုယ်ဝန်ဆောင်တာ 40-75% ရှိတယ်။ 5-15% က ပြွန်ထဲ သန္ဓေတည်တာ ဖြစ်နိုင်တယ်။

ခွဲစိတ်နည်း ၃ မျိုးလုပ်တယ်။ Microsurgical techniques အနုစိတ်ခွဲစိတ်နည်းဖြစ်တယ်။
1. Microsurgical tubal anastomosis
2. Microsurgical Salpingostomy
3. Microsurgical Tubouterine implantation

ကျွန်တော်က ကြံကြံဖန်ဖန်ခွဲစိတ်ရတာကို ဝါသနာပါတော့ အဲလိုပြန်ဆက်ပေးနည်းတွေကို အမျိုးမျိုးကြံဆခဲ့ဘူးတယ်။ လက်တွေ့လုပ်မပေးခဲ့ရပါ။ အားရင် ဘယ်လိုလုပ်ရမလဲ တွေးနေတယ်။

သားကြောဖြတ်ချင်သူတွေ ဒီစာကို အရင်ဖတ်ကြစေချင်တယ်။ သားကြောဖြတ်ထားသူကို ကလေးပြန်ရအောင်လုပ်ရတာ အတော်ခက်ပါတယ်။ ခက်တာကို ရအောင်လုပ်နိုင်သူကို လူတော်လို့ သတ်မှတ်ပါတယ်။ မရနိုင်တော့လို့ သောကများမနေသူဟာလဲ ပညာရှိပါဘဲ။

Tubal ligation အမျိုးသမီး သားသမီးမရတော့အောင်လုပ်ခြင်း http://doctortintswe.blogspot.com/2014/12/tubal-ligation.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး