Emotional changes during pregnancy ကိုယ်ဝန်ဆောင်စဉ် စိတ်ခံစားမှု

၁။ ဒေါက်တာရှင့် သမီးအရမ်းကိုစိုးရိမ်နေတာမို့ ကျေးဇူးပြုပြီးပြန်ဖြေပေးစေချင်ပါတယ်။ သမီးက ခုကိုယ်ဝန် ၁၉ ပတ်ပါ။ သမီးကိုယ်ဝန်ရှိတည်းက အရမ်းငိုတယ်။ ပြီးဒေါသလည်းတအားကြီးပါတယ်။ ပင်ကိုယ်ကတည်းကကြီးတာပါ။ ကိုယ်ဝန်နဲ့မှာလည်း စိတ်မထိန်းနိုင်ပဲ ပိုပိုဆိုးလာပါတယ်။ တချို့က ကလေးကိုထိခိုက်တယ်၊ မိခင်ငိုရင်မွေးလာတဲ့ကလေး စိတ်ပျော့တတ်တယ်။ ကျန်းမာရေးမကောင်းဘူးပြောကြတယ်။ မိခင်ဒေါသကြီးရင် မွေးလာတဲ့ကလေး ရုပ်ဆိုးတတ်တယ်ဆိုတာတွေက ခြောက်တာလား တကယ်လားရှင့်။ သမီးတအားကိုစိုးရိမ်နေလို့ပါ။ ဖြေပေးပါနော်။

၂။ မင်္ဂလာပါဆရာ။ ကျွန်မ အသက် ၂၁ ပါ။ ကိုယ်ဝန် ၁၃ ပတ်နဲ့ ၃ ရက်ရှိပါပြီ။ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ စိတ်အခြေအနေတွေအကြောင်း သိလိုပါတယ်။ စိတ်ဓာတ်ကျလွယ်တယ်ဆိုတာ ဟုတ်ပါသလား။ ခုပျော်လာလိုက် ခုငိုချင်လိုက် ဖြစ်နေတတ်လို့ပါရှင်။ ကလေးအတွက်ရော ထိခိုက်နိုင်ပါသလား။ အဲဒီလို ဖြစ်လာရင် ဘာလုပ်သင့်လဲဆိုတာ ပြောပြပေးပါလားဆရာ။ နောက်တခုသိချင်တာက အရင်ထဲက ခါးညောင်းရင် ခါးလှည့်ချိုးတတ်တဲ့အကျင့်ရှိပါတယ်။ တနေ့က မေ့ပြီး အဲ့လို လုပ်လိုက်မိလို့ စိုးရိမ်လို့ပါရှင်။ ဆရာ ကျန်းမာချမ်းသာပါစေ။

ကိုယ်ဝန်ဆောင်စဉ် စိတ်ခံစားမှုတွေဟာ ဟော်မုန်းအပြောင်းအလဲကနေ စိတ်ကိုသက်ရောက်စေတာလို့ ယူဆရတယ်။ အားကုန်သလိုနေတာ၊ မေ့လျှော့တာ၊ စိတ်မူပြောင်းတာတွေဖြစ်တတ်တယ်။ ပဌမသုံးလမှာ အားကုန်နေမယ်။ ကိုယ်ဝန်ရှိစခံစားရာတွေဖြစ်မယ်။ စိတ်မူပြောင်းမယ်။ ပျော်ရွှင်မှုနဲ့ စိတ်ကျတာဖြစ်နိုင်တယ်။ တချို့မှ မရည်ရွယ်ပဲရတဲ့ ကိုယ်ဝန်အတွက် စိတ်သောကဖြစ်မယ်။ ဒုတိယသုံးလအတွင်းမှာ အားကုန်သလိုနေတာ၊ မေ့လျှော့တာ၊ စိတ်မူပြောင်းတာတွေ သက်သာလာမယ်။ မေ့တတ်တာ ဖြစ်နိုင်တယ်။ နေသားတကျမထားသလိုချင်ဖြစ်မယ်။ လေးလံလာမယ်။ စိတ်လှုပ်ရှားမှုအမျိုးမျိုးခံစားရမယ်။ တတိယသုံးလအတွင်းမှာ မေ့တတ်တာပိုလာမယ်။ စိုးရိမ်စိတ်ဝင်တတ်တယ်။ စိတ်တိုတတ်တယ်။ တချို့မှာ စိုးရိမ်စိတ်နဲ့ စိတ်ဓါတ်ကျတာသက်သာလာမယ်။

တချို့က ပျော်စရာအမြင်နည်းကြတယ်။ ဝမ်းနည်းမယ်။ မျက်ရည်ကျမယ်။ မျှော်လင့်ချက်ကင်းမဲ့သလိုထင်နေမယ်။ နောင်တရနေမယ်။ အပြစ်လို့ထင်နေမယ်။ စိတ်တိုမယ်။ စားချင်စိတ်ပြောင်းမယ်။ စူးစိုက်မှုနည်းမယ်။
ခံစားပြောင်းလဲတာတွေအတွက် စိတ်မပူဘို့ပါပဲ။ စိတ်ရောဂါဖြစ်သွားတာ မဟုတ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။

နေ့ခင်မှာလည်း အပန်းဖြေချိန်ထားပါ။ ကိုယ်လက်လှုပ်မှားမှုပုံမှန်ရှိပါစေ။ အစားကောင်းကောင်းစားပါ။ လမ်းလျှောက်ပါ။ ကိုယ့်ကိုယ်ကို အတင်းမခိုင်းပါနဲ့။ အုပ်စုလိုက်စကားပြောပွဲတွေတက်ပါ။ အပေါင်းအဖေါ်ကောင်းနဲ့ အချိန်ပေးပါ။
စိတ်ဓါတ်ကျတာသိသာသူကတော့ ဆေးကုသမှုခံယူသင့်တယ်။ ကလေးကိုသက်ရောက်မှုမရှိအောင်ဖြစ်ပါတယ်။

ဆေးမကုရင် စိတ်ထွက်ပေါက်ရှာလို့ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးသုံလို့ ကလေးကိုထိခိုက်မယ်။ ကိုယ်ကိုယ်ကို သတ်သေချင်စိတ်အထိဝင်တတ်တယ်။ အုပ်စုလိုက်အကူအညီပေးတာမှာပါဝင်ပါ။ လိုအပ်ရင် စိတ်အထူးကုဆရာဝန်ကို ပြပါ။ ဆေးလိုရင်သောက်ပါ။ Omega-3 fatty acids အိုမီဂါ-သရီးသောက်နိုင်ပါတယ်။ Postpartum depression ကလေးဖွါးပြီးဖြစ်တဲ့ စိတ်ကျရောဂါကိုရေးထားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၆
၂၅-၅-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ