Vaccines and Pregnancy ကိုယ်ဝန်နဲ့ ကာကွယ်ဆေးများ

ဆရာရှင့် ကိုယ်ဝန်မဆောင်ခင်မှာ ကာကွယ်ဆေးအနေနဲ့ လက်မောင်းမှာ တလ တခါနဲ့ သုံးလ သုံးခါ ထိုးရတဲ့ ဆေးအကြောင်းကို သေသေချာချာ နားလည်အောင် သိချင်လို့ ဆရာရေးပြီးသားရှိရင် သမီးကို ကူညီပါဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။

မသိပါ။ မှန်းပြောရင် မသင့်ပါ။ ဘာအတွက်လည်းသိရင်တော့ ပြောနိုင်ပါမယ်။ ဆေးထိုးတယ်ဆိုတာ လက်မောင်း-တင်ပါး အတူတူဖြစ်တယ်။

Measles vaccine ဖြစ်မယ် ဆရာ။ ဂျာမန်လို masernimpfung လို့ ပြောပါတယ်ဆရာ။

တချို့ကာကွယ်ဆေးတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ မထိုးသင့်ပါ။ အထူးသဖြင့် live-virus vaccines သက်ရှိ ဗိုင်းရပ်စ်နဲ့ ဖေါ်စပ်ထားတာမျိုးကို မထိုးရပါ။ တချို့ကာကွယ်ဆေးတွေကို ကိုယ်ဝန်ရင့်ချိန် (ဒုတိယ ၃ လနောက်ပိုင်း) မှာ ထိုးနိုင်တယ်။ တချို့ကို ကလေးမွေးပြီးအထိ ရှောင်ရတယ်။

(က) စိတ်ချလက်ချထိုးနိုင်တဲ့ကာကွယ်ဆေးတွေ
1. Hepatitis B အသဲရောင် ဘီ ပိုးကာကွယ်ဆေး။
2. Influenza တုပ်ကွေးကာကွယ်ဆေး။
3. Tetanus/Diphtheria မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေး။

(ခ) ကိုယ်ဝန်ဆောင်နေစဉ် မထိုးသင့်တဲ့ကာကွယ်ဆေးတွေ
1. DTaP (DTP) vaccine ဆိုဆို့ + ကြက်ညှာ + မေးခိုင် ကာကွယ်ဆေး။
2. Hepatitis A အသဲရောင် အေ ကာကွယ်ဆေး။
3. Measles, Mumps, Rubella (MMR) ဝက်သက် + ပသိရောင် + ဂျာမန်ဝက်သက် ကာကွယ်ဆေး။
4. Varicella ရေကျောက်ကာကွယ်ဆေး။
5. Pneumococcal နူမိုကော်ကယ် ကာကွယ်ဆေး။
6. Oral Polio Vaccine (OPV) and Inactivated Polio Vaccine (IPV) ပိုလီယို ကာကွယ်ဆေးတွေ။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၆
၂၆-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး