Change by doing ပြင်နိုင်ရဲသူတွေ
ပြည်တွင်းမှာ လျှပ်စစ်မီးပြတ်တောက်မှုသတင်းတွေ ဖတ်နေရတယ်။ ဆောရီး။ အကောင်းမဟုတ်တဲ့ တိုက်ဆိုင်မှုရှိပါတယ်။ ဒီမှာတော့ မေလဟာ အမျိုးသားလျှပ်စစ်လုံခြုံစိတ်ချရမှု အသိပညာပေးလဖြစ်နေတယ်။
မြန်မာပြည်မှာ တိုးတက်ကောင်းမွန်လာအောင်လုံးပမ်းနေချိန်ဖြစ်လို့ အပြစ်ချည်းသာမပြောလိုပါ။
နိုင်ငံရေးမကောင်းဆိုးရွားခဲ့လို့ ဖျက်ဆီးသိမ်းပိုက်ခံရတာတွေ၊ မှားယွင်းလွဲချော်မှုတွေ၊ ဆုတ်ယုတ်ကျဆင်းတာတွေ၊ ပျက်စီးဆုံးရှုံးတာတွေကို တစတစနဲ့ သိလာမြင်လာကြတယ်။ သိလာလေလေ ယူကျုံးမရဖြစ်လေ ဖြစ်ကြလိမ့်မယ်။
မြန်မာစာ နာမကျန်းဖြစ်သွားပြီ။ ရတနာတပါးထဲက တစလောက်ပဲ့ထွက်သွားပြီ။
အပျက်ကိုသာ မပြောပါ။ ပြီးခဲ့တဲ့သင်္ကြန်ကို ဘယ်လိုသုံးသပ်ကြပါသလဲ။
မိုးကြီးလေကြီး မပြောဘဲနဲ့၊ လမ်းဘေးမှာ ပိုစတာကြီးတွေ မထောင်ဘဲနဲ့၊ မော်စီတုန်းလို စာအုပ်နီလေးတွေမဝေဘဲနဲ့၊ ယဉ်ကျေးမှုပြုပြင်ပြောင်းလဲရေးကို စတင်လိုက်ကြပြီလို့ အဝေးကြီးကနေ လှမ်းမြင်ပါတယ်။
ကျွန်တော်တို့လူမျိုးဟာ ပြင်နိုင်ရဲသူတွေဖြစ်ကြတယ်။
ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၇
ည (မနက်) ၁ နာရီ၊ ၃၃ မိနစ်။

Comments
Post a Comment