Rich men’s Club ဘောလုံးနဲ့ချမ်းသာသူများ
သုံးနှစ်လောက်ရေးထားတဲ့ ဘောလုံးအကြောင်းစာလေး ပြန်တင်ပါရစေ။
ဆရာဝန်မိတ်ဆွေတယောက်ကရေးတယ်။ တခုခုတော့မှားနေပြီ။ နိုင်ငံတကာအဆင့်မီ ဆရာဝန်ကြီးများ၊ အင်ဂျင်နီယာကြီးများ၊ အိုင်တီပညာရှင်ကြီးများ၊ အမျိုးမျိုးသော ဘာသာဗေဒပညာရှင်ကြီးများ၊ အတွေးအခေါ်ပညာရှင်ကြီးများ၊ ဤကမ္ဘာကိုအကျိုးပြုနေကြသော ပုဂ္ဂိုလ်ကြီးများ၊ သမတ-ဝန်ကြီးချုပ်များ၊ ရရှိသောလစာ-ဝင်ငွေကိုကျော်လွန်၍ ကမ္ဘာကျော်ဘော့လုံးသမားများ ရရှိနေကြခြင်းကို စဉ်းစားရင်း အဖြေမထုတ်တတ်ဖြစ်နေမိပါသည်။
ဆရာဝန်အချင်ချင်း ဘောလုံးအတင်းပြောရအောင်။ ကမ္ဘာကျော်ဘောလုံးသမားတွေ ဘာကြောင့် အဲလောက် ဝင်ငွေကောင်းနေရတာလဲ။ စီးပွါးရေးသီအိုရီအတိုင်းပါ။ လိုချင်မှုအတိုင်းအတာနဲ့ ပေးနိုင်မှု ပမာဏအရ ဈေးကောင်းကြတာ ဖြစ်ပါတယ်။ ဘောလုံးသင်းတွေကရော ငွေတွေကဘယ်ကနေရနေသလဲ။ အများဆုံးက (တီဗွီ ကွန်ယက်) တွေကနေ ရတယ်။ ရေဒီယိုတွေကလဲရတယ်။ ပွဲများများကစားရလေ အဲတာတွေကနေ ဝင်ငွေရလေ ဖြစ်တယ်။ Premiership ဆိုရင် ရတာ မနည်းဘူး။ Champions league ဆိုပိုရသေးပါတယ်။
စပွန်ဆာရှစ် ဒီးလ်စ်ပေးတာကနေလဲ မနည်းမနောရတယ်။ စပွန်ဆာတွေရဲ့ အမှတ်တံဆိပ်တွေကို ဂျာစီမှာရေးပေးရတယ်။ ကြော်ငြာခဖြစ်တယ်။ စပွန်ဆာတွေကလဲ သူတို့ကုန်တွေ ပိုရောင်းရလို့ တွက်ခြေကိုက်တာဘဲ။ ဘောလုံးပွဲလက်မှတ်ရောင်းရငွေကလဲ အတော်များပါတယ်။ အဲတာကိုတော့ ဘောလုံးကွင်းပိုင်နဲ့ ဝေစားမျှ စားလုပ်ရတယ်။ အများအားဖြင့် ကွင်းတွေကို မြို့တွေကနေပိုင်တာဖြစ်တယ်။ ကော်ပိုရိတ် စပွန်ဆာနဲ့ လျှော့ဈေးနဲ့ရတာတွေကလဲ ငွေဝင်သေးတယ်။ ဥပမာ ဘောလုံးပွဲမှာ ဘီယာတဗူးကို ၉ ဒေါ်လာပေးရလို့ အမြတ်ကိုခွဲဝေရတာဖြစ်တယ်။ ကစားပွဲက စားသောက်ဆိုင်တွေကနေလဲ အခွန်ငွေရနေတယ်။
မာကင်ဒိုက်စ်ခေါ်တဲ့ အသင်းတံဆိပ်နဲ့ ဂျာစီတွေ၊ အင်္ကီင်္ျီ၊ လည်စည်း၊ လက်အိတ်၊ အိတ်၊ ပုလင်း၊ မတ်ခွက်၊ အမှတ်တရပစ္စည်းတွေ ရောင်းရတာကနေလဲ ငွေတွေရတယ်။ တချို့ကလပ်တွေဟာ စတော့ဈေးကွက်မှာဝင်တယ်။ ဘယ်သူမဆို ရှယ်ယာတွေ ဝယ်နိုင်တယ်။ ချမ်းသာသူတွေကနေ ရင်းနှီးမြှုပ်နှံထားကြတယ်။ အနိုင်ရဆုငွေလဲရတယ်။ ပြိုင်ပွဲမှာဝင်ကန်ခွင့်ကလဲ ငွေရတယ်။ ချန်ပီယံ လိခ်ဆို မနည်းမနော ရတယ်။ အသင်းတွေဟာ အုပ်စုပွဲစဉ်ကနေအထက် တဆင့်တက်တိုင်း သန်း ၃ဝ ရကြတယ်။ ကိုယ်ပိုင်ထားပြီးသား ကစားသမားကို တခြားကလပ်ကို ရောင်းရင် အမြတ်ရတာလဲသန်းနဲ့ချီရတယ်။ ဒါကြောင့် ဘောလုံးသမားတွေကို အသက်ငယ်ငယ်ကတည်းကနေ ဝယ်ထားကြတယ်။ ပြန်ရောင်းရင် မြတ်ပြီ။
ကလပ်တွေမှာ လုပ်ပုံလုပ်နည်းမတူကြတာတွေရှိတယ်။ ဥပမာ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတွေမှာ ကလပ်ပိုင်တွေကနေလုပ်တယ်။ စပိန်ကလပ်တွေမှာက အင်္ဂလိပ်ကလပ်တွေနဲ့ မတူတာတွေ ရှိတယ်။ ရီးယဲမက်ဒရစ်နဲ့ ဘာစီလိုနာကလပ်တွေကို Socios ဆိုစီယိုခေါ်တဲ့ ဖန်ကလပ်ကနေပိုင်ကြပြီး သူတွေကနေ ငွေကြေး စီမံကြတယ်။ အဖွဲ့ဝင်တွေက ရင်းနှီးမြှုပ်နှံလို့မရဘူး။ ရီးယဲမက်ဒရစ်ဆိုရင် စံပြအဖြစ် အမှန်အခွန်ငွေ သန်း ၄ဝဝ ရှိတယ်။ ရီးယဲလ် မက်ဒရစ်မှာ ကစားသမား နာမည်ကြီး ကြီးသလိုငွေရတယ်။ အဲတာကို ပုံရိပ်အခွင့်အရေး လို့ ခေါ်တယ်။ ကစားသမားကနေ သဘောတူလက်မှတ် ထိုးချိန်မှာ ပြဌာန်းချက်တခုရှိတယ်။ % သတ်မှတ်ချက်နဲ့ ငွေဝင်နေမယ်။ ဥပမာ ခရစ်စတီယာနိုင် ရော်နယ်လ်ဒိုကြောင့် နီကီနဲ့ သဘောတူတုံးက အသင်းအတွက်ပါငွေရတယ်။ မျက်နှာကြီးကြေးကို အသင်းကနေပါရတာ ဖြစ်တယ်။
လက်မှတ်တန်ဘိုး
ဗြိတိသျှဘောလုံးသင်းပေါင်း ၁၆၆ ခုကို ဘီဘီစီ ကနေ လေ့လာဆန်းစစ်မှုတခု လုပ်တာကို ဘောလုံးတန်ဘိုးလို့ ခေါင်းစဉ် ပေးထားတယ်။ ဘောလုံးပွဲလက်မှတ်တန်ဘိုးကို ဆန်းစစ်တာဖြစ်တယ်။ ဘောလုံးပွဲလက်မှတ်တန်ဘိုးဟာ ၁၁့၇% တက်လာတယ်။ ငွေကြေးဖေါင်းပွမှုထက် ၅ ဆကျော်ရှိတယ်။ လက်မှတ်တစောင်ဟာ အနည်းဆုံး £19.01 ကနေ £21.24 အထိ ၁၂ လအတွင်းမှာ တက်လာတယ်။ အင်္ဂလန်မှာ ၉၂ သင်းထဲမှာ လက်မှတ်တစောင်ကို £20 ထက်နည်းတာ ၂ သင်းသာရှိတယ်။ စကောတလန်မှာက ၄၂ သင်းထဲမှာ ၂၁ သင်းက £20 ထက်နည်းတယ်။ ဘောလုံးပွဲလက်မှတ် တစောင်ဟာ အနည်းဆုံး မွန်ထရို့စ်မှာ £6 နဲ့ရောင်းပြီး၊ အများဆုံးကို အာဆင်နယ်မှာ £126 ပေးရတယ်။ အာဆင်နယ်မှာ လက်မှတ်တစောင် ဈေးအချိုဆုံးက £15 နဲ့ ဈေးအကြီးဆုံးက £1,000 ရှိတယ်။ အာဆင်နယ်မှာဘဲ အများဆုံး စံချိန်တင်ထားတဲ့ လက်မှတ်တစောင်တန်ဘိုးက £1,955 ရှိတယ်။ အမျိုးသမီး ဆူပါလိခ်ပွဲမှာ £22 ကနေ £40 အထိပေးရတယ်။ မန်ချက်စတာ စီတီးနဲ့ မန်ချက်စတာ ယူနိုက်တက်မှာ လဖက်ရည်တခွက်ကို £2.50 ပေးရတယ်။ Pie ခေါ်တဲ့ မုန့်တခုကို £4 ပေးရတယ်။
ပရီမီယာလိခ်ပွဲစဉ်တွေမှာ လက်မှတ်တစောင်
Arsenal ကွင်းမှာ ဈေးအချိုဆုံး= 985.00 ပေါင်၊ ဈေးအများဆုံး = 1,955.00 ပေါင်၊ Liverpool ကွင်းမှာ ဈေးအချိုဆုံး = 725.00 ပေါင်၊ ဈေးအများဆုံး = 802.00 ပေါင်၊ Chelsea ကွင်းမှာ ဈေးအချိုဆုံး= 595.00 ပေါင်၊ ဈေးအများဆုံး = 1,250.00 ပေါင်၊ Man Utd ကွင်းမှာ ဈေးအချိုဆုံး= 532.00 ပေါင်၊ ဈေးအများဆုံး = 950.00 ပေါင်၊ Fulham ကွင်းမှာ ဈေးအချိုဆုံး= 399.00 ပေါင်၊ ဈေးအများဆုံး = 959.00 ပေါင်၊ Everton ကွင်းမှာ ဈေးအချိုဆုံး= 399.00 ပေါင်၊ ဈေးအများဆုံး = 672.30 ပေါင်၊ Aston Villa ကွင်းမှာ ဈေးအချိုဆုံး= 325.00 ပေါင်၊ ဈေးအများဆုံး = 595.00 ပေါင်၊ Newcastle ကွင်းမှာ ဈေးအချိုဆုံး= 322.00 ပေါင်၊ ဈေးအများဆုံး = 909.00 ပေါင်၊ Man City ကွင်းမှာ ဈေးအချိုဆုံး= 275.00 ပေါင်၊ ဈေးအများဆုံး = 695.00 ပေါင်၊
ပြောင်းရွေ့ကြေး
အတီလက်ကို မဒရစ်က စပိန်တိုက်စစ်မှူး ဒီယာဂို ကော်စတာကို ချယ်လဆီးက ဝယ်လိုက်ပါတယ်။ ပြောင်းရွေ့ကြေး ပေါင် ၃၂ သန်းဖြစ်တယ်။ ပေါ်တူကီသင်း ဘင်ဖီကာက ဆားဗီးယားအစွန်လူ လေဆာ မာကိုဗစ်ကို လီဗာပူးလ်ကဝယ်တာ ပေါင် သန်း ၂ဝ လို့ ထင်ကြေးပေးထားတယ်။ ကမ္ဘာ့ဖလားပွဲမှာ ကိုက်လို့ နာမည်ဆိုးထွက်ခဲ့တဲ့ ဆောရက်စ်က လီဗာပူးကနေ ဘာစီလိုးနားကို ပေါင် ၇၅ သန်းနဲ့ရောက်ပါမယ်။
စပွန်ဆာကြေး
မန်ချက်စတာ ယူနိုက်တက်ကို အယ်ဒီဒတ်စ်ကနေ ဆယ်နှစ်တာ စပွန်ဆာအတွက် ပေါင် သန်း ၇၅ဝ နဲ့ သဘောတူတဲ့ သတင်း ၁၄-၇-၂ဝ၁၄ နေ့ကထွက်ပါတယ်။ ဒိအရင်ကတော့ နီကီနဲ့ ၁၃ နှစ်ကြာ လုပ်နေခဲ့ပြီး၊ နီကီကနေ မန်ယူကို တနှစ်မှာ ပေါင် ၂၃့၅ သန်းပေးနေခဲ့တာပါ။ ဒီသဘောတူညီချက်ရအပြီးမှာ အယ်ဒီဒတ်စ်ကနေ ရောင်းကြေး ၁့၅ ဘီလီယန် ပေါင်အထိတက်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။
ဒေါက်တာတင့်ဆွေ
၁၆-၇-၂ဝ၁၄
၂၁-၅-၂ဝ၁၇

Comments
Post a Comment