Cancer study pinpoints 8 signs death is nigh

ကင်ဆာလူနာ အသက်ဆုံးပါးတော့မယ်ဆိုရင်

ဖတ်လိုကြမှာတော့ မဟုတ်ပါ။ ရှောင်လို့လည်း ဘယ်သူမှ မရကြပါ။ ဆောရီး။

အမေရိကန်ပြည်ထောင်စု တက်ဆပ်ကင်ဆာဌာန ဆေးသုတေသနကနေ ကင်ဆာလူနာ အသက်ဆုံးပါးတော့မယ်ဆိုရင် တွေ့ကြရတဲ့ လက္ခဏာတွေကို ရေးသားပါတယ်။ အရင်က သေလုမြောပါးဖြစ်နေသူတွေကို လေ့လာခဲ့တာနဲ့ ကွဲလွဲချက်တွေ ရှိပါတယ်။ ရုပ်ပိုင်းဖြစ်လာတာတွေနဲ့ အသိဥာဏ်ပိုင်းဖြစ်လာတာတွေ ၅၂ မျိုးရှိတယ်။ လူနာ ၃၅၇ ယောက်ကို လေ့လာခဲ့တာပါ။ သုတို့ထဲက ၅၇ ယောက်ဆုံးသွားတယ်။ ၅၂ ချက်ထဲက ၈ ချက်ကိုသေသူအားလုံးမှာ အတူတူ တွေ့ရတယ်။

၁။ သူငယ်အိမ် အလင်းရောင်ကိုတုန့်ပြန်မှုမရှိတော့ခြင်း။

၂။ ကြားစရာကို မတုန့်ပြန်တော့ခြင်း။

၃။ မြင်စရာကို မတုန့်ပြန်တော့ခြင်း။

၎။ မျက်ခွံ မပိတ်နိုင်တော့ခြင်း။

၅။ နှာခေါင်း ဘယ်-ညာအရိုးနုခုံးနေတာတွေက ဖေါင်းချည်ပိန်ချည်မဖြစ်တော့ခြင်း။

၆။ လည်ပင်း ဆန့်တန်းနေတော့ခြင်း။

၇။ အသံထွက်အကြောက အသံတမျိုးမည်လာခြင်း

၈။ အစာလမ်းအပေါ်ပိုင်း သွေးယိုခြင်း။

ဒီလို တကယ်သေဆုံးတော့မယ်လို့ကြိုသိရင် လူနာရဲ့နောက်ဆုံးနာရီတွေကို လိုသလိုအသုံးချနိုင်စေပါမယ်။ သူမှာချင်တာ မှာဘို့။ သူ့ကိုနှုတ်ဆက်စကားတွေပြောဘို့။ ဘုရားတရား အာရုံပြုတာ တရားနာစေတာ၊ ဆုတောင်းပေးတာတွေလုပ်နိုင်ဘို့၊ ဆေးရုံကဆင်းချိန်၊ နေရာရွေ့ပြောင်းတာ စီစဉ်နိုင်ဘို့ စတာတွေလုပ်နိုင်ပါမယ်။ ကင်ဆာလူနာမဟုတ်သူတွေလည်း ဒီလိုပဲလားဆိုတာ ဆက်လေ့လာပါအုံးမယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၅
၂ဝ-၅-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး