Knock-knee ဒူးကပ်ရောဂါ

ဆရာ knock knee ကို မြန်မာလို ဘယ်လိုဘာသာပြန်သလဲ။

Knock-knee ကို ဆေးစာနဲ့ Genu valgum လို့ခေါ်တယ်။ ဒူးကပ်ရောဂါလို့ အလွယ်ခေါ် အရပ်ပြောပြောရမလားမသိပါ။ မြန်မာပြည်ကဆရာဝန်တွေ အများသဘောတူထားတဲ့ဘာသာပြန်ကို မသိပါ။ မရှိလောက်လို့ထင်တယ်။

အဲလိုရောဂါ ဖြစ်နေသူဟာ ခြေထောက်ကိုဆန့်ထားစဉ်မှာ ဒူးချင်းကထိကပ်နေပြီး အောက်ကခြေကားနေမယ်။ ဆိုးတဲ့အဆင့်ဆိုရင် ခြေသလုံးချင်း ခြေဖဝါးချင်း ကပ်မရဖြစ်နေမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်