ပင်လုံ

လူမစုံသတင်းက အရင်ပြုံ။
ခုထိတော့ သတင်းမစုံ။
သတင်းထွက်တာတိုင်းတော့ မယုံ။
အတင်းတွက်တာတွေကို ပိုမယုံ။
အားပေးနေပါတယ် (အတင်းသမားမပါ) လူအစုံ။
ဆုတောင်းနေပါတယ် ငြိမ်းချမ်းရေး ကုံလုံ။

ပုံက ဘီဘီစီ မြန်မာပိုင်းကဖြစ်ပါတယ်။ ပုံစာတမ်းမှာ ကိုင်ဆွဲလို့ရေးထားတယ်။ ကျွန်တော့်အထင် ကိုင်စွဲလို့သာ ရေးသင့်တယ်။

ဆွဲ
ဆွဲ၍လိမ်သည်
ဆွဲကိုင်သည် (ကိုင်ဆွဲသည်လို့ ပြောင်းပြန်မရေးသင့်ပါ။ အဓိပ္ပါယ်ချင်း မတူပါ။)
ဆွဲချိတ်
ဆွဲချိန်ခွင်
ဆွဲချိုင့်
ဆွဲငင်သည်
ဆွဲငင်အား
ဆွဲကြိုးချသေဆုံးသည်
ဆွဲကြိုးတန်ဆာ
ဆွဲမီးအိမ်
ဆွဲခြင်း
ဆွဲဖြတ်သည်
ဆွဲအံ (အံဆွဲ)
တုတ်ဆွဲ ဓါးဆွဲ
မီးပုံးဆွဲထားသည်
အချိန်ဆွဲနေသည်
အုန်းသီးဆွဲထားသည်

စွဲ
စွဲချက်တင်
စွဲစွဲမြဲမြဲ
စွဲငြိနေပြီ
စွဲလန်း
စိတ်ထဲမှာစွဲနေ
တရားစွဲ
ဘာသာရေးအစွဲ
အသည်းစွဲ
ဆေးစွဲနေသည်
ရောဂါစွဲကပ်နေသည်
နိုင်ငံရေးအစွဲ

မီးယပ်ကိုင်ဆိုတာ ရောဂါစွဲနေတာကို ပြောတာဖြစ်တယ်။ ဆေးဆွဲသောက်ရမလားကို ဆေးစွဲသောက်ရမလားလို့ ပြင်ပေးပါတယ်။ ကျွန်တော်က မြန်မာစာဆရာတော့ မဟုတ်ပါ။ မှားရေးမိတာတိုင်းကို လိုက်ပြင်နေပါတယ်။

http://www.bbc.com/burmese/burma-40036706

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)