ရွှေဝါပြည်

ဂျော့အိုဝဲလ်က တထောင့်ကိုးရာရှစ်ဆယ့်လေးစာအုပ်ရေးခဲ့တယ်။ ရန်ကုန်ဘဆွေက ရွှေဝါပြည်ထဲမှာ ဒီလိုရေးခဲ့သည်။

၁။ ဤမျှနိမ့်ကျသော ရွှေဝါပြည်သူပြည်သားတို့၏ စိတ်နေယိုယွင်းမှုသည် ဝမ်းရောဂါကူးစက်သကဲ့သို့ မိမိစစ်တပ်တွင်းသို့ ရောက်အောင် ကူးစက်ပြီးနေပြီကို ဗိုလ်ချုပ်ကြီးသန်မာသည် ယခုမှသိ၏။

၂။ မုတ်သုံသစ်တောကြီးများ သံ၊ သွတ်၊ ခဲပုတ်၊ ငွေ၊ ကျောက်စိမ်း၊ ပယင်းနှင့် ကျောက်နီထွက်သော တောင်များရှိ၏။ ရေနံထွက်သော မြေများနှင့် သီးပင်စားပင် စိုက်ပျိုးရန် ကောင်းသော မြေသြဇာဖြင့် စိမ်းစိုနေသည့် မြေပြန့်လွင်ပြင်များရှိ၏။

၃။ ဗိုလ်ချုပ်ကြီးသန်မာ၏ မျက်လုံးထဲ၌ ရွှေဝါပြည်ကြီးသည် နေပူကျဲကျဲတွင် ကြည့်ရင်းကြည့်ရင်း အရည်ပျော်ကျနေသော ရေခဲတုံးကြီးကဲ့သို့ မြင်လာ၏။ ဖြစ်နိုင်လျှင် ဤရွှေဝါပြည်ကြီးတခုလုံးကို အနုမြူဗုံးများဖြင့် တပြိုင်နက်တည်းကြဲချ ဖောက်ဖွဲပစ်ချင်လာ၏။

ဤသည်ကား လွန်ခဲ့သည့်နှစ်ပေါင်း တထောင်ကျော်က ရွှေဝါပြည်ကို ရောက်ဖူးကြသည့် တရုပ်လူမျိုးတို့၏မှတ်တမ်းဖြစ်၏။ ဗိုလ်ချုပ်ကြီးသန်မာမျိုးဆက်သည်ကား နှစ်ပေါင်းတထောင်ကျော်ရှည်ကြ၏။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၃
၂၆-၅-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး