Diet for breastfeeding mother နို့တိုက်မိခင် ဘာစားချင်လဲ

• နို့ရည်ဟာအရေအတွက်ရောအရည်အသွေးပါ ကောင်းဘို့လိုတယ်။ အစားအသောက်အပေါ်မှာမူတည်တယ်။
• ကိုယ်ဝန်ဆောင်နေတုံးမှာစားရမှာတွေသာဆက်စားပါလို့ ပြောရင်မမှားပါ။
• နို့တိုက်မိခင် တယောက်ဟာတနေ့မှာ ၅ဝဝ ကယ်လိုရီပိုစားဘို့လိုတယ်။ ဒါကြောင့် အစားပိုစားရမယ်ဆိုတာ အခြေခံဖြစ်တယ်။
• ကလိုရီတနေ့မှာ ၂၅ဝဝ စားသုံးပါ။ ၃ လကျော်ရင် ၂၈ဝဝ ကလိုရီစားပါ။
• တနေ့ ၄-၅ ထပ်စားနိုင်တယ်။“ကလိုရီတွက်မနေနဲ့ ဆာရင်စား” ဆိုတဲ့ ဥပဒေသလဲသုံးနိုင်ပါတယ်။
• ကလေးမိခင်ကနေတနေ့မှာ နို့ရည် ၂၃-၂၇ အောင်စ (၆၅၂ - ၇၆၅ဂရမ်) ထွက်ပါတယ်။
• ကလေးဟာမိခင်နို့ကနေတနေ့မှာကလိုရီ ၁ဝဝဝ လောက်ရနေသင့်တယ်။
• ချွေးပိုထွက်တာသတိထားပါ။ ရေပိုသောက်ပါ။ တနေ့မှာရေ၂့၅ လီတာကနေ ၃ လီတာသောက်ပါ။ ဒိထက်များတာတော့မသင့်ပါ။ နို့ရည်လိုတာထက်ပိုထွက်နိုင်တယ်။
• အစားအသောက်ထဲမှာအမယ်စုံရမယ်။အာဟာရဓါတ်၇မျိုး = (ကာဗွန်ဟိုက်ဒရိတ်)၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်များ၊ ဓါတ်ဆားများ၊ (ဖိုင်ဗာ)နှင့်ရေ။
• ပရိုတင်း(အသား၊ ဥ၊ ပဲအမျိုးမျိုး) ပိုစားပါ။ တနေ့မှာကိုယ်အလေးချိန် ၁ ပေါင်ရှိသူက ၁ ဂရမ် ပုံသေနည်း သုံးနိုင်ပါတယ်။
• ဒီထဲမှာ ကယ်လ်စီယမ် ၁ ကွာတ (၄ဝ အောင်စ)မှာ ၃၃ဝ မီလီဂရမ်ပါတယ်။ တနေ့မှာ Calcium 1,200 milligrams လိုတယ်။
• ကိုယ်ဝန်ဆောင်ကတည်းကသောက်ခဲ့ရတဲ့ ဗီတာမင် (ဘီ ၉) ခေါ်တဲ့ ဖေါလစ်အက်စစ်လိုမယ်။
• သွပ်ဓါတ်လိုမယ်။ တနေ့မှာ15 to 20 milligrams လိုတယ်။
• Vitamin A ဗီတာမင် (အေ) မလိုပါ။
• ဆီ-အဆီကိုတော့ ကောင်းတာရွေးသုံပါ။ ပြည့်ဝဆီနည်းစေပါ။ ထရန့်အဆီ ရှောင်ပါ။
• အမွှေးနံ့သာထည့်တာသိပ်ဂရုစိုက်စရာမလိုပါ။ အစပ်စားတာတောင်မှ အလွန်အကျူးရှောင်စရာမလိုပါ။ အရသာတွေ့မှ များများစားနိုင်တယ်မဟုတ်ပါလား။
• ကယယ်လ်စီယမ် ထဲမှာ ဗီတာငမ် (ဒီ) ပါတာကပိုကောင်းတယ်။ Vitamin D 600 IU (15 micrograms) (4,000 IU ထက်မပိုစေရပါ။)
• မိခင်နို့တမျိုးထဲကနေကလေးအတွက် ဗီတာမင် ဒီမလုံလောက်ပါ။ 400 IU (10 micrograms) ကလေးကို တိုက်ပါ။
• Omega-3 fatty acid အိုမီဂိ သရီး ငါးထဲကရတယ်။ 200 to 300 mg DHA လိုတယ်လို့ သတ်မှတ်ပါတယ်။
• တခြားအချိန်တွေမှာလိုဘဲအစားအသောက်ထဲပိုးသတ်ဆေးတွေ၊ ဟော်မုန်းဆေးတွေပါတာကိုရှောင်ပါ။အော်ဂဲနစ်အစားအသော်တွေ ရွေးစားပါ။
• ကေဖင်း (ကော်ဖီ) လျှော့သောက်ပါ။

နေမကောင်းလို့ဆေးသောက်တာမှာတော့ ဆရာဝန်ကိုအရင်တိုင်ပင်ပါ။ ပိုးသေဆေး၊ ဆာလ်ဖါဆေး၊ ဝမ်းနုတ်ဆေး၊ အိုင်အိုဒင်းပါတဲ့ဆေးတွေက နို့ထဲပါလာနိုင်တယ်။ အရင်ကဆိုရင် အရက်ဆေးလိပ် မပြောစရာမလိုဘူး။ ခုခေတ်မှာ လူငယ်လူရွယ်တွေ မိန်းကလေးတွေပါ ဘီယာ၊ အရက် မယဉ်ကျေးမှုကိုအဟုတ်ထင်နေကြတာစိတ်မကောင်းပါ။ ကိုယ့်ကလေးချစ်ရင် ဆင်ခြင်ကြပါ။

သိဒတ္ထမင်းသားကိုမွေးပြီးသူ့မိခင်ဟာ ၇ ရက်သာအသက်ရှင်လို့ မိထွေးတော်ကနေဆက်ပြီး နို့ချိုတိုက်ကြွေးခဲ့ရတယ်။ မိထွေးတော်ရဲ့ နို့ဖိုးအကြွေးကို မြတ်စွာဘုရားကနေဓမ္မနို့ရည်နဲ့ ပြန်ဆပ်ခဲ့လို့ ဂေါတမီထေရီမကြီး အကျွတ်တရား ရသွားစေခဲ့တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး