For Men Medicine ဆေးနဲ့ ပုံ
မင်္ဂလာပါ။ ကျွန်တော်က အသက် ၂၈ ယောက်ျားလေးပါ။ အိမ်ထောင်ရှိပါတယ်။ Facebook က vitaminဝ ဆေး ကြော်ငြာ်ပါ။ ဘာဆိုးကျိုးရှိနိုင်ပါသလဲဆရာ။ ကျွန်တော်သောက်ချင်လို့ပါဆရာ။ Online အရောင်းပါ။
အားဆေးခေါ် ဗီတာမင်တွေအကြောင်း Tonics အားဆေးကိုဖတ်နိုင်။ Vitamins ဗီတာမင် အေ ဘီ စီ အီး ကေ ကိုဖတ်နိုင်။ Vitamin Supplements and Children ကလေးအားဆေး ကိုဖတ်နိုင်။ Prenatal Vitamins ကိုယ်ဝန်ဆောင်အားဆေး အကောင်းနဲ့ အဆိုး ကိုဖတ်နိုင်။ Vitamins and memory ဗီတာမင်တွေက မှတ်ဥာဏ် တိုးစေနိုင်သလား ကိုဖတ်နိုင်။ Centrum အားဆေး ကိုဖတ်နိုင်။ Prenatal capsule ကိုယ်ဝန်ဆောင်အားဆေး ကိုဖတ်နိုင်။ ဝချင်ရင် Weight gain စာ ဖတ်နိုင်။
ပုံကိုကြည့်တာနဲ့ ကြော်ငြာဆေးလို့ယူဆရ။ ဘယ်ကုန်မဆို ကြော်ငြာကောင်းတိုင်းတော့ ပိုမကောင်းတတ်။ ကြော်ငြာပုံက အမျိုးသားတွေကို ဆွဲဆောင်ထားတဲ့ပုံဖြစ်တာ သိသာထင်ရှားတယ်။ ဆေးကို အဲလိုရောင်းတာ မကောင်းပါ။
ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၇

Comments
Post a Comment