Ginseng ဂျန်ဆင်းပါတဲ့ဆေး

ဆရာ ဒီဆေးအကြောင်းပြောပြပေးပါဦး။ သောက်သင့်မသင့် သိချင်လို့ပါ။ ဒီမှာမရှိပါဘူး။ စလုံးမှာဝယ်လို့ရတယ်ပြောလို့ သမီးညီမကို ဝယ်ပို့ခိုင်းထားတာပါ။

ဖတ်လို့ရတဲ့စာအရ အားဆေး။ ဂျင်ဆင်းခေါ် တိုင်းရင်းဆေးပါသတဲ့။ စောစောကတင်တဲ့ Drug Interaction တွဲမသောက်သင့်သော ဆေးများစာထဲမှာ အဲဒီဆေးမြစ်နဲ့ မတွဲသင့်တဲ့ဆေးတွေအမည်ပါတယ်။

ဟုတ်ကဲ့ဆရာ။

မေးတဲ့သူ အသက်-ကျား-မနဲ့ တချို့ကျန်းမာရေးအခြေအနေတွေ သိပါတယ်။ Ginseng ဂျန်ဆင်းခေါ် ကိုရီးယန်း တိုင်းရင်းဆေးနဲ့ Warfarin, heparin, Coumadin ခေါ် သွေးကျဲဆေးနဲ့ တွဲမသောက်သင့်။ NSAIDs ခေါ် အနာအကိုက် သက်သာဆေးတွေ နဲ့လည်း တွဲမသောက်သင့်။ ဂျန်ဆင်းကို အရက်ထဲထည့်တယ်။ အားဆေးထဲထည့်တယ်။ ရောင်းကောင်းလို့။

အမေရိကန်ဂျန်ဆင်း (Panax quinquefolius, L.) နဲ့ အာရှဂျန်ဆင်း (P. Ginseng) လို့ရှိတယ်။ အားအင်ပြည့်စေတယ်။ ဆီးချိုနဲ့ ကိုလက်စထောနည်းစေတယ်။ စိတ်ဖိအားနည်းစေတယ်။ သက်တောင့်သက်သာရှိစေမယ်။ အမျိုးသား ပန်းသေပန်းညှိုးကုသရာမှာသုံးတယ်လို့ဆိုပါတယ်။

ဂျန်ဆင်းရဲ့ ဘေးထွက်သက်ရောက်မှုတွေက သိပ်မဆိုးလှပါ။ စိတ်တက်ကြွစေတယ်။ စိတ်ဂနာမငြိမ်ဖြစ်နိုင်တယ်။ အိပ်မပျော်တာဖြစ်နိုင်တယ်။ တာရှည်သုံးသူတွေ ခေါင်းကိုက်၊ ခေါင်းမူး၊ ဗိုက်မကောင်း စတာတွေဖြစ်မယ်။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး