Puberty Education for Kids အရွယ်ရောက်ခြင်းအကြောင်း

ပြည်တွင်းဂျာနယ်တခုက အကြီးတန်းသတင်းထောက်တဦးက ရေးစေချင်လို့ရေးဖြစ်တဲ့စာကို ပြန်တင်လိုက်ပါတယ်။ ကနေ့ခေတ်မှာ တီဗွီ၊ သတင်းစာ၊ ဂျာနယ်တွေအပြင် (အင်တာနက်) ကနေ စီးပွါးရေးအတွက် ကြော်ငြာရာမှာပါနေလို့ လိင်အကြောင်းအရာတွေကို အရွယ်မရွေးကလက်လှမ်းမီနေကြတယ်။ (ဆိုရှယ်မီဒီယာ) ကတော့ အကောင်းဆုံးဖြစ်သလို အဆိုးဆုံးလဲဖြစ်တယ်။ ဒါကြောင့် ကလေးတွေကို လိင်ပညာအကြောင်း မိဘတွေ၊ ဆရာမတွေကနေ ပြောပြနေကျထက် ငယ်ကတည်းက ပညာပေးဘို့လိုအပ်လာပါတယ်။ ခက်တာက ပညာပေးတာကို သဘောမတူသူတွေရှိတယ်။ ပညာပေးရင် ဘယ်အရွယ်မှာ ဘာတွေကို ဘယ်သူတွေကနေ ဘယ်လိုပြောမလဲ။ အရွယ်ရောက်ခြင်းအကြောင်းကိုသာ ဒီစာမှာ ရေးပါမယ်။

၁။ စောပါစေ
ကလေးတွေက မမေးခင်ကတည်းကစပါလေ။ သူတို့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ငယ်တုံးကနဲ့မတူ ထူးလာတာအတွက် ကြိုတင်ပြောပြပါ။ ကလးအပေါ်မူတည်ပြီး နူးညံ့သိမ်မွေ့တဲ့ခေါင်းစဉ်ကို ထည့်သွင်းပါ။ သူတို့မေးတာတွေကို ဖြေဘို့ရာ အသင့်တော်ဆုံး စကားလုံးရွေးတတ်ပါ။ ရိုးသားစွာဖြေနေမှန်းသိပါစေ။ ကလေးက ဆက်လာမဲ့မေးခွန်းကို သိထားပြီး ကြိုတင်ဖြေထားပြီးဖြစ်အောင် ကြိုးစားပါ။ ကလေး အသက် (၈) နှစ်ဆိုရင် အရွယ်ရောက်ခြင်းအကြောင်းကို စသင့်ပါပြီ။

၂။ အချိန်
မိန်းကလေးတွေဆိုရင် လစဉ်ရာသီလာခြင်းကို ကြိုတင်ပြောရပါမယ်။ တကယ်ဖြစ်လာချိန်မှာ မကြောက်အောင်လုပ်ပါ။ အများအားဖြင့် မိန်းကလေးတွေ အသက် ၁၂-၁၃ နှစ်မှာ ပဌမရာသီလာကြတယ်။ တကယ်အရွယ်ရောက်ချိန်ထက် ၂ နှစ်လောက်စောပါတယ်။ တချို့ ၉ နှစ်ကတည်းက ရာသီလာပြီး တချို့က ၁၆ နှစ်မှလာတယ်။ ယေဘုယျဆိုရင် ယောက်ျားလေးတွေက မိန်းကလေးတွေထက် အရွယ်ရောက်တာ နောက်ကျတယ်။ ၁ဝ-၁၁ နှစ်။

၃။ ဘာတွေပြောမလဲ
တချို့ကျောင်းတွေမှာ လိင်ပညာပေးသင်တာရှိပါတယ်။ သင်ရိုးက မတူကြပါ။ မိန်းကလေးတွေ အပေါ်ပိုင်းအတွင်းခံ (ရှင်မီးအင်္ကျီ၊ ဘရာစီယာ) ဝတ်ဘို့ ဘာလို့လိုအပ်သလဲ။ ယောက်ျားလေးတွေဆိုရင် လိင်အင်္ဂါသန်မာလာခြင်း၊ အသံသြလာခြင်းတွေပြောပြပါ။ မိန်းကလေးတွေကို ယောက်ျားလေးတွေအပြောင်းအလဲ၊ ယောက်ျားလေးတွေကို မိန်းကလေးတွေ အပြောင်းအလဲတွေကိုပါ ပြောပြရပါမယ်။

အပြောင်းအလဲတွေဟာ လူတိုင်းမှာဖြစ်တဲ့ ပုံမှန်ဖြစ်ရတာတွေလို့ပြောပြပါ။ အရွယ်ရောက်တာနဲ့ အရာရာ အများကြီး ပြောင်းလာပြီဆိုတာသိစေပါ။ ဒီလိုဖြစ်တာအတွက် စိုးရိမ်စရာ၊ ကြောက်စရာမဟုတ်တာကိုသေချာစေပါ။ ကိုယ့်ကိုယ်ကို မလုံခြုံသလိုမဖြစ်ဘူးဆိုတာ ကောင်းကောင်သွန်သင်ပေးပါ။ ဒါပေမဲ့ ဖြစ်လာနိုင်စရာ အန္တရာယ်တွေကုလဲ ခြောက်သလို မဟုတ်ပဲ သိစေပါ။ လုံခြုံအောင် ဘယ်လိုနေ ဘယ်လိုထိုင်စတာလဲပြောပြပေးပါ။ ဝက်ခြံပေါက်မယ်၊ စိတ်မူပြောင်းမယ်၊ ကြီးထွားလာမဲ့ ကိုယ်အင်္ဂါအစိတ်ပိုင်းတွေကဘာတွေလဲ သိစေပါ။ အရွယ်ရောက်နေတဲ့ မိန်းကလေးကို အမူအယာကြည့်ပြီး သိပါ။ ဥပမာ တယောက်တည်း ထီးထီးနေတာမျိုး။ သူများနဲ့မတူဖြစ်လာတာမျိုး။

၎။ အချက်အလက်များ
• မိန်းကလေးတွေ ကိုယ်ခန္ဓာ (တင်ပါး၊ ပေါင်) ပြည့်ဖြိုး လုံးဝန်းလာမယ်။
• မိန်းကလေးတွေ ရင်သားထွက်လာမယ်။ ဘယ်-ညာ ဖက်မတူတတ်တာပြောပါ။
• မိန်းကလေး + ယောက်ျားလေးတွေမှာ ချိုင်းမွှေး၊ ဆီးစပ်မွှေးထွက်မယ်။ ခြေသလုံးမွှေးပိုထူလာမယ်။
• မိန်းကလေး + ယောက်ျားလေး ဝက်ခြံထွက်မယ်။
• ယောက်ျားလေးတွေမှာ ကျားအစိကြီးလာမယ်။ လိင်တံကြီးလာမယ်။ အသံသြလာမယ်။ နှုတ်ခမ်းမွှေး ပေါက်လာမယ်။ ကြွက်သားတွေကြီးထွားလာမယ်။ အိပ်နေချိန်မှာ လိင်အင်္ဂါထိပ်မှာစိုလာမယ်။ လိင်အင်္ဂါသန်မှု ဖြစ်လာမယ်။ သုက်ထွက်လာမယ်။
• မိန်းကလေးတွေ ရာသီလာတာ သားအိမ်ထဲမှာ သွေးတွေက မလိုတော့လို့ အောက်ဖက်ကိုဆင်းထွက်ကျလာတာ။ လတိုင်းမှာ မျိုးဥထွက်နိုင်လာပြီ။ မျိုးဥဟာ ယောက်ျားသုက်နဲ့ထိတွေ့ရင် ကိုယ်ဝန်ဖြစ်နိုင်တယ်။ ရာသီလာရင် လုပ်ရမဲ့ တကိုယ်ရေသန့်ရှင်းရေးလုပ်နည်းတွေ သင်ပေးပါ။

၅။ ပြောအပြီး
ပညာပေးပြီးတိုင်း ကလေးမှာ ကိုယ့်ကိုယ်ကို ယုံကြည့်စိတ်ပြည့်လာတယ်လို့ ဖြစ်စေပါ။ တချည်းထဲမပြီးပါ။ အယဉ်ကျေးဆုံး အသုံးအနှုံးရွေးတတ်ပါ။ လိုအပ်ရင် (ဂရပ်ဖစ်) တွေသုံးပါ။ လိုတာထက် မပိုဘို့ အရေးကြီးတယ်။ တီဗွီ၊ (အင်တာနက်) တွေမှာ မိဘထိန်းချုပ်စနစ် တပ်ဆင်ထားပါ။ Parental Controls software သုံးပါ။ Parental Guidance (PG) အဆင့်ပါ ရုပ်ရှင်ကိုသာ ဖွင့်နိုင်ပါစေ။ မျက်ခြေပြတ်မခံပါနဲ့။ ထိန်းချုပ်မှု မလွန်ကဲပါနဲ့။ အပေါင်းအသင်း ရွေးစေပါ။ နမူနာကောင်းပြပါ။

1. Puberty အရွယ်ရောက်ပြီ http://doctortintswe.blogspot.com/2014/11/puberty.html
2. Girl to Woman အရွယ်ရောက် မိန်းကလေး http://doctortintswe.blogspot.com/2014/11/girl-to-woman.html
3. Sex education in schools လိင်ပညာ ကျောင်းတွေမှာ ဘယ်လိုပေးမလဲ http://doctortintswe.blogspot.com/…/sex-education-in-school…
4. Sex Education for Kids ကလေးသူငယ်တွေအတွက် လိင်ကျန်းမာရေး http://doctortintswe.blogspot.com/…/sex-education-for-kids.…
5. Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး http://doctortintswe.blogspot.com/…/personal-hygiene-for-wo…

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ