ဘာသာရေးသတ်ပုံ

Hay Naah အစ္စလာမ် ပါ ဆရာ

ဟုတ်။ ကိုးကွယ်ရာဘာသာရေးဖြစ်တော့ ဘယ်ဘာသာကိုမဆို အတော်သတိထားရတယ်။ ဆောရီး။ ကန်တော့ပါ။

တခြားဘာသာစကားတွေကနေ ဘာသာပြန်တဲ့အခါ အနီးစပ်ဆုံးပြန်နိုင်ပါတယ်။ အင်္ဂလိပ်စာလုံးတွေကို ဘာသာပြန်တာ အရင်ကနဲ့ နောက်ပြောင်းလာတာတွေရှိတယ်။ ဥပမာ ဣသရေလလို့ရေးရာကနေ အစ္စရေး။ ယုဒသန် နဲ့ ယုဒဿန်လည်း အဲလိုပဲ။

စွယ်စုံကျမ်းမှာ အခုမသုံးတော့တဲ့ အဟောင်းတွေအများကြီးပါတယ်။
ကွန်မျူနစ် = ကွန်မြူနစ်
ဂျူးလယပ်ဆီဇာ = ဂျူလီယက်ဆီဇာ
ဆအူးဒီအာရေဗျ = ဆော်ဒီအာရေးဗီးယား
ဆိုက်ဗီးရီးယား = ဆိုက်ဗေးရီးယား
ဗဲလဂျီယမ် = ဗယ်လဂျီယန်
ယန်ဆီမြစ် = ယန်စီမြစ်
ရှီကာဂိုး = ချီကာဂို၊ ရှီကာဂို

ကျွန်တော့်သဘောကတော့ တခြားဘာသာစကားကနေ မြန်မာလိုပြန်တဲ့အခါ အဆင့်တွေ၊ အထပ်တွေ၊ ပါဠိတွေ၊ ဆန်းစခရစ်တွေ နည်းနိုင်လေလေ ရှင်းလေလို့ယူဆတယ်။ ဘယ်လိုပဲ မြန်မာလိုရေးရေး မူရင်း အတိအကျ မရတာက များတယ်။ စော်ကားတာ၊ နှိမ်တာမဖြစ်ရင်တော့ လက်ခံပါတယ်။ အင်္ဂလိပ်၊ အင်းဂလိပ်၊ အင်းဂလိတ်လို့ရေးတာတောင်မှ မမှန်ပါ။ အင်းဂလိခ်ျလို့ရေးရင်လည်း လွန်လွန်းတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး