တယ် တရ် ဘာ


၁။ ဟုတ်ကဲ့ဘာဆရာ။ ဆရာရေးသမျှ post တွေကို ဗဟုသုတအနေနဲ့အမြဲဖတ်ဖြစ်ပါတရ်... ဆရာ
မသိဖူးတာတွေလည်းအများကြီးသိလာရပါတရ်

၂။ ကျေးဇူးတင်ပါတရ် ဆရာ ဆရာ့စာတွေ ဖတ်ရတာ သိချင်တာတွေရော မသိသေးတာတွေပါ သိရပါတရ် ဆရာကျန်းမာပါစေ။

၃။ သမီးလဲ အာ့လိုရောဂါမျိုးဖြစ်နေတရ်ထင်တရ်ဆရာ အမြင်အာရုံတွေလျှော့နည်းလာတရ် ခေါင်း တအားကိုက်လာရင်ခေါင်းကိုအဝတ်စည်းထားမှနေနိုင်တရ် မှတ်ဥာဏ်တွေကတော်တော်လျှော့လာတရ်ဆရာ ဘရ်အရာကိုမှမမှတ်မိတာ များတရ် စာတွေကျတ်ရင်ခေါင်းကိုက်တရ် ပြီးခေါင်းထဲကအသံတွေပါမြည်တရ်ဆရာ ဖျောက်ဖျောက်နဲ့ဘေးကလူနားခေါင်လို့ရတရ်ဆရာ 😫

၎။ ဆရာရှင့် ကျွန်မ အသက် ၂၉ နှစ်ပါ။ အိမ်ထောင်ကျပြီးပါပြီ။ ၆ လလောက်ရှိပါပြီ။ ကလေးလိုချင်လို့ပါ။ အခု ညာဘက် အောက်နားက အောင့်အောင့်နေပါတရ်။ ကျောဘက်နားတွေလဲ အောင့်အောင့်နေပါတရ်။ ရာသီလာထားပါတရ်ဆရာ။ တားဆေးကဘာမှမသောက်ပါဘူး။ ဆရာဝန်လဲမပြပါဘူး။ လတိုင်းတော့ ရာသီလာပါတရ်။

မြန်မာစာမှာ တရ်လို့ရေးတာ မရှိပါ။ ဘရ်လို့လည်း မရှိပါ။

ရ်
မြင့်မိုရ်တောင် (မြင်းမိုရ်တောင်လို့လည်း ရှေးက ရေးပါတယ်။)
မြင်းမိုရ်ပိတ် (အိမ်၊ အဆောက်အဦ)
ယုဂန္ဓိုရ်တောင်
ဝိဇ္ဇာဓိုရ်၊
မထေရ်၊
မာရ်နတ်၊
သောနုတ္ထိုရ်၊
အဂ္ဂင်္ုတ္ထိုရ်

တယ်
ခါတယ်
ချိုးတယ်
ချိုတယ်လူးနွား
တင့်တယ်လျောက်ပတ်
တယ်တိန်ညင်
တယ်ကြက်
တယ်လီဖုန်း
တယ်ကောင်းပါလား
ထမင်းအိုးတယ်
ပန်းပဲမောင်တင့်တယ်

ဟုတ်ကဲ့ပါလို့သာရေးရတယ်။

ဘာ
သြဘာစာ
ဘာဂအဘို့
ဘာဂျာ (တံခါး)
ဘာဂျာ (တူရိယာ)
ဘာလီကျွန်း
ဘာလုပ်သလည်း
ဘာဝနာပွါးသည်
ဘာဝယ်ခဲ့လဲ
ဘာသာဘာဝ
ဘာသာလဝါ (ကြင်နာစွာဖြင့် နှုတ်ဆက်ပြောဆိုခြင်း)
ဘာသာရေး
ဘာသိဘာသာ
ဘာသန္တရ
မဟာဘာရတတိုင်း
သဘာပတိ
သဘာဝကျသည်

မရွှေဖဲ
ဘယ်သွားနေလဲ မရွှေဖဲ
ဘုရားပွဲကို လှည်းနဲ့ဆို
ဘာဝယ်ခဲ့လဲ မရွှေဖဲ
ပင်နီအင်္ကျီ ယောထမီ
ဘာစားခဲ့လဲ မရွှေဖဲ
ကြာဇံလက်သုပ် မုံ့ဖက်ထုပ်
ဘယ်လောက်ကုန်လဲ မရွှေဖဲ
စက္ကူတကျပ် ငွေတမတ် (စက္ကူတစ်ကျပ် ငွေတစ်မတ် မဟုတ်)
ဘာမြင်ခဲ့လဲ မရွှေဖဲ
ဈေးသည် ဈေးဝယ် စုံလို့ကွယ်
ဘာလုပ်သေးလဲ မရွှေဖဲ
ဘုရားရှင်တော် ဖူးပါသော်
ဘာအမည်လဲ မရွှေဖဲ
မကွေးမြို့စွန် မြသလွန်
ဘာဆုပန်လဲ မရွှေဖဲ
နိဗ္ဗာန်ရွှေပြည် ဆုပန်သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး