Incomplete Questions တပိုင်းတစ မေးကြသူများ

ကနေ့ညနေနဲ့ ညဦးပိုင်း တထိုင်တည်းမှာ အသက်-ကျား-မ-အချက်အလက်မစုံပဲ မေးကြတာ (၁၅) ယောက်။ တခုတည်းသောအဖြေကိုသာ ပို့နိုင်တယ်။ မေးနည်းစည်းကမ်းပါ အခြေခံအချက်အလက်စုံ မပြောလိုသူတွေက ဘလော့မှာ ဖတ်လိုကဖတ်နိုင်ကြပါတယ်။

1.     Dr မင်္ဂလာပါရှင် မေးခွင့်ပြုပါနော် ကလေး၂နှစ်ခွဲမှာ ဒုတိယကိုယ်ဝန်ဆောင်ရပါတယ် ဘယ်ချိန်ရသွားမှန်း မသိပါဘူး နောက်ဆုံးသွေးပေါ်ရက်လည်းမမှတ်မိပါဘူး ၃လလောက်မှသိလို့ပါ utl ရိုက်ကြည့်တော့ 19 /20 ပတ်ရှိပြီပြောပါတယ် အဖြေလွှာကို OG ပြပါတယ် အဲ့ဒီမှာသည်းခြေအိတ်ထဲကျောက်တည် နေတယ် သေးသေးလေးပါလို့ပြောပါတယ်ရှင့် ကလေးနဲ့ဆိုတော့ စိုးရိမ်ရလားရှင် နောက်ပြီး သည်းခြေအိတ်ထဲ ကျောက်တည်ရခြင်းအကြောင်းအရင်း နှင့် ဆောင်ရန်ရှောင်ရန်လေးတွေသိပါရစေရှင်  ကလေးကတော့ နှစ်ယောက်လုံးခွဲမွေးမှာပါ ကျေးဇူးတင်ပါတယ်ရှင့်

2.     ဆရာရှင့် ကျွန်မကလေး ချွဲအမြဲရှိလို့ပါ ခုလိုရာသီဥတုပူတာတောင် ချွဲတွေက ဂလူးဂလူးနဲ့အသံထွက်နေပါတယ် ဂျိုးနားကနေပွေ့ချီရင်လည်း အဆုတ်ထဲက ဂလူးဂလူးနဲ့ ဂျိုင်း ဘာလုပ်ရမလဲ ညွှန်ကြားပေးပါဆရာ ကလေးအထူးကုဆေးခန်းကိုလည်း ခဏခဏပြပါတယ်ရှင့် ဆေးခန်းကပေးတဲ့ဆေးတိုက်တနေစဉ်မှာတော့ ချွဲတွေ ဝမ်းနဲ့အတူပါသွားပီး ချွဲသံမကြားရုံ သက်သာပါတယ် ဆေးသောက်နားပီး ၄ရက်၅ရက်လောက်မှာ ချွဲပြန်ရှိနေပါတယ်

3.     ဆရာ့ကို​မေးစရာရှိလို့ ​ကျေးဇူးပြုပီး​ဖြေ​ပေးပါခင်​ဗျာ ကျ​နော့်​​ကောင်​မ​လေး ခုခံစား​နေရလို့ပါ ​ဆေးခန်းပြတာလည်းမသက်​သာဘူး ကျ​နော်​တို့က့ မှာ အလုပ်​လာလုပ်​ရင်းချစ်​သူဖြစ်​ခဲ့ကြတာပါ ဒီနှစ်​ကုန်​ရင်​ပြန်​ပီးလက်​ထပ်​ဖို့ မိဘ​တွေ​ရော စက်​ရုံကိုပါ​ပြောထားပီးပါပီ ချစ်​သူဖြစ်​တာကြာ​ပေမဲ့အတူမ​နေကြပါဘူး ဒါ​ပေမဲ့ ပီးခဲ့တဲ့နှစ်​လမှာ့

4.     ဆရာ ငယ်​ငယ်​​လေးထဲက​ခြေသလုံးမှာဖြစ်​​နေတဲ့အမာရွတ်​​​တွေ​လေ ​ပျောက်​ချင်​ရင်​ဘာလုပ်​ရမလဲဟင်​ဆရာ  မီးလှချင်​လို့

5.     ဆရာ ကလေး ၄၅ ရက်ပြည့်ပြီး ၃လဆေး ထိုးပေးလိုက်ပါတယ်  အခုနောက်ထပ် ၃လဆေး ထပ်ထိုးထားပါတယ် ရာသီမပေါ်တော့ အသားအရည်မဲပြီးခြောက်လာပါတယ် ရာသီပေါ်အောင် ဘယ်လိုလုပ်ရမလဲရှင် ကလေး ၆လပြည့်ရင် သောက်ဆေးစားလို့ ရလားရှင့်

6.     ဆရာသမီးတခု​လောက်​​မေးချင်​လို့ပါ ကန်​​တော့ပါဆရာ သမီးအင်္ဂါထိပ်​၀​တွေမှာ အဖုလိုမျိုး အသားပိုလိုမျိုး အသားစအစိလိုမျိုး​တွေထွက်​​နေပါတယ်​ အဲ့တာဘာ​ရောဂါလဲသိချင်​လို့ပါ ပထမအစက အင်္ဂါ ထိပ်​မှာပဲ​ပေါက်​ပါတယ်​ အခုက ​အောက်​ဖက်​မှာပါ ထွက်​လာလို့ပါ ပွားလာတာ​ပေါ့​နော်​ သမီးစိုးရိမ်​လို့ပါ ခွဲရမှာလဲ​ကြောက်​လို့ဆရာကို​မေးမြန်းတာပါ လေးစားစွာဖြင့်​​ဖြေကြား​ပေးပါ​နော်​ဆရာ

7.     မင်္ဂလာပါ ဆရာ ဆရာရှင့်​ အခုသမီးအသက်​က၂၀ပါရှင်​ ကန်​​တော့ပါဆရာ ဓမ္မတာ ဖြစ်​ပြီးလဲ အဖြူ အမြဲဆင်းတယ်​ရှင့်​ ဘာဖြစ်​လို့ လဲဆရာ အဲ့လိုမျိုးက မိန်းမတိုင်းပုံမှန်​ဖြစ်​​နေကြလား ဒါမှမဟုတ်​ ဘာဖြစ်လို့ လဲဆိုတာ သိချင်​လို့ ပါဆရာ

8.     ဆရာအသက်​ရှူမဝဘူး ​မော​မော​နေတယ်​ တချက်​တချက်ံ​တွေးမျိုချဖို့ခက်​တယ်​ပြီး​တော့​မေးရိုး​တွေခိုင်​သွားတယ်​တချက်​ချက်​​တော်​​တော်​ကြာမှပါးစပ်​ပိတ်​လို့ရတယ်​ လည်​​ချောင်းထဲမှာချွဲ​တေတစ်​​နေသလိုပ်ဲ ဘာ​ဆေး​သောက်​ရမလဲဆရာ ဖြေ​ပေးပါ

9.     ဆရာအာသီးရောင်နေလို့ဆရာ  အာသီးဘေးပတ်ပတ်လည်မှာလဲ၂လုံ၃လုံးနီရဲရောင်ကိုင်နေတာတွေ့ရပါတယ် ၂ဖက်မှာဘယ်ဘက်ကပိုများပါတယ်ဆရာ အားသီးကအဖုတစ်ဖုထဲလား၃ဖု၎ဖုလောက်လားဆရာ ဖြေကြားပေးပါ ရောင်နေတာရေသောက်ရင်တတွေးမျိုချရင်ပိုနာတယ်ဆရာ ဆေးခန်းနဲ့ဝေးတဲ့နေရာရောက်နေလို့ပါဆရာ

10.  ဆရာ မေးခွန်းမေးနည်းလေး သိပါရစေ ကျေးဇူးပြု၍ ဖြေပေးစေချင်ပါတယ် ခင်မျာ ဆရာ ပွေးပျောက်ဆေးလေး ညွှန်ပြပေးပါ ခင်မျာ

11.  ဆရာ ဒီအဖြေရဲ့ result လေးသိချင်လို့ပါ

12.  အဲလိုလည်ပင်းမှာ အသားပိုလိုအဖုလေးတွေထွက်လာတာဟာ ဘာဖြစ်လို့ပါလဲဆရာ ကျနော်လည်ပင်းမှာ အဲလိုအဖုမျိုးတွေထွက်လာလို့ပါဆရာ ကျနော်ကအဖုသေးသေးလေးစမ်းတွေ့ရင် လက်သည်းနဲ့ကုတ်ခြစ်ပြီး ဆွဲပစ်လိုက်တယ်ဆရာ အဲဒါကရော အန္ဒရာယ်ရှိနိုင်လားဆရာ အဲအဖုကဘာကြောင့်ထွက်တာပါလဲဆရာ ပျောက်အောင်ဘယ်လိုလုပ်ရမလဲဆရာ

13.  မင်္ဂလာပါဆရာ ကျွန်​​တော့့် မြို့ကပါ ကျွန်​​တော်​​မေးချင်​တာက အသံကျန်းမာ​ရေးနဲ့ပတ်​သက်​တဲ့အရာပါ ဒီလိုပါ ကျွန်​​တော်​ကဘုရား​ကျောင်းမှာသီချင်းဦး​ဆောင်​ပါတယ်​ပြသနာကကျွန်​​တော့်​အသံကသီချင်း​လေးငါးပုဒ်​​လောက် အားရပါးရဆိုပြီးရင်​အသံဝင်​သွားတယ်​ အသံပါ​ပြောင်းသွားတယ်​ဗျ အဲတာဘယ်​လိုကုရမလဲ ဆရာအလင်းပြပါအုံးဗျ

14.  မင်္ဂလာဆရာ ကျမ္မာ​ရေးနှင့်​ပတ်​လို ဖုန်းနဲ​မေမြန်​လိုရပါလာဆရာ ကျွန်​​တော်​မှာ ဗိုက်​​တွေကပူတယ်​ဝမ်​မသွားရ​လေလည်​မလည်​ရလိုဆရာဖြစ်​​နေတာကဆယ်​လ​လောက်​ရှိ​နေပါပြီး ​ခေတ္တ့ ရောက်​မြန်​မာ

15.  ဆရာ မင်္ဂလာပာဗျာ ဆီးသွားတိုင်း ဆီးတွေ အရောင် အရမ်းညစ်နေလို့ပါ ဘယ်ဆေးသောက်ရမလဲ ဆရာ ဖြစ်နေတာ 3 လလောက်ရှိပါပြီ

မေးနည်းစည်းကမ်းပါ အခြေခံအချက်အလက်စုံ မပြောလိုသူတွေက ဘလော့မှာ ဖတ်လိုကဖတ်နိုင်ကြပါတယ်။ သတ်ပုံတွေ အကုန်မပြင်အားပါ။ နံပတ် (၁၆) ကိုစောင့်ရဦးမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၅-၂ဝ၁၇

Time Misused အချိန်ကုန် အကျိုးမရှိ

နေ့ခင်းပိုင်းမေးခွန်းတွေထဲမှာ တပိုင်းတစ မေးကြသူများကိုနမူနာတွေပေးတယ်။ ညမအိပ်ခင် နမူနာတွေတော့ ကူးချိန်မရ။ မေးခွန်း (၂) မျိုးကို လေးငါးဆယ်ယောက်ဆီပို့ရတယ်။

အသက် မပြော။ ပြောရန်မလိုတော့။ ဘလော့မှာသာဖတ်ပါရန်။

အသက်ကိုနောက်မှာရေးတာတိုင်းကို ၂ ခါဖတ်ရ။ ဘလော့မှသာဖတ်ပါရန်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၇
ည (မနက်) ၁ နာရီ၊ ၁၈ မိနစ်။


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး