Under-5 Children Mortality ၅ နှစ်အောက်ကလေး သေဆုံးမှု

သတင်းဖတ်ရတယ်။ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက်ကလေး တနေ့ကို ၁၅၀ ယောက်နီးပါး သေဆုံးနေရပြီး၊ အဲဒီထဲက ၃ဝ% လောက်ဟာ အာဟာရချို့တဲ့မှုကြောင့် သေဆုံးရတာဖြစ်တယ်။

ကမ္ဘာမှာ ၁၉၉ဝ တုန်းက ၅ နှစ်အောက်ကလေးသေဆုံးမှုနှုန်း ၁ဝဝဝ မှာ ၉၁ ယောက်ရှိခဲ့တယ်။ ၂ဝ၁၅ မှာ ၄၃ ယောက်အထိ ကျဆင်းလာတယ်။ ၂ဝ၁၅ ခုနှစ်အတွင်း အသက် ၅ နှစ်အောက်ကလေး ၅့၉ သန်း သေဆုံးခဲ့တယ်။ သူတို့ထဲက တဝက်ကျော်ဟာ အကုန်အကျလည်းမများတဲ့ ကြိုတင်ကာကွယ်နည်းတွေရှိပါလျှက်နဲ့ သေဆုံးခဲ့ရတာ ဖြစ်တယ်။

ကလေးတွေသေဆုံးရတဲ့အဓိကအကြောင်းရင်းတွေကတော့ ကိုယ်ဝန်စောမွေးဖွါးခြင်း၊ မွေးဖွါးမှုနောက်ဆက်တွဲများရှိခြင်း၊ မွေးဖွါးချိန်မှာ အောက်စီဂျင်မဝခြင်း၊ နူမိုးနီးယား ခေါ် အဆုပ်ရောဂါ၊ ဝမ်းပျက်ရောဂါနဲ့ ငှက်ဖျားရောဂါတွေဖြစ်တယ်။ သေဆုံးခဲ့တဲ့ကလေး ၄၅% တို့ဟာ အာဟာရချို့တဲ့မှုပါရှိတယ်။ မွေးပြီးနောက် ၂၈ ရက်အတွင်းကာလဟာ သေဆုံးနိုင်တဲ့ အန္တရာယ်အများဆုံးဖြစ်တယ်။ အသက်တနှစ်အောက်သေဆုံးရတာ ၄၅% ရှိတယ်။

နှစ်စဉ် မွေးစကလေး ၂့၇ သန်းဟာ တလအတွင်းမှာသေဆုံးကြတယ်။ ၇၅% က ပဌမပတ်မှာ။ ၁၉၉ဝ တုန်းက တနှစ်အောက်ကလေး ၅့၁ သန်းသေဆုံးခဲ့တယ်။ ၂ဝ၁၅ မှာ ၂့၇ သန်းသေဆုံးတယ်။

ကလေးမွေးလာတာနဲ့ အသက်ရှူသလား အရင်ဆုံးစစ်ပါ။ ကလေးတွေကို မိခင်နို့တိုက်ပါ။ နွေးနွေးထွေးထွေးထားပါ။ ကလေးကိုမကိုင်မီ လက်ဆေးပါ။ ကလေးနေမကောင်းရင် ဘာကြောင့်လည်းသိအောင်လုပ်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး