မဖြေချင်တဲ့မေးခွန်း

ဆရာလည်း ဆေးရုံက စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်တွေထက် ပိုမပြောနိုင်ပါ။

ဘာဖြစ်လို့ပါလဲဆရာ။ အခြေအနေမှန်ကို ဘာလို့မပြောကြတာလဲ သမီးသိချင်ပါတယ်ရှင်။ စိုးရိမ်ရရင်လည်း စိုးရိမ်ရတယ် မစိုးရိမ်ရရင်လည်း မစိုးရိမ်ရပါဘူးဆိုတာလောက်တော့ သမီးသိချင်ပါတယ်ရှင် သမီးအရမ်းနေလို့မကောင်းလို့ပါဆရာရယ်။ သမီးအနှောက်အယှက်ပြုမိတဲ့အတွက် ခွင့်လွှတ်ပေးပါရှင်။

စိုးရိမ်ရလား နဲ့ ဆရာဝန်ပြသင့်လား မေးခွန်း ၂ ခုကို ဘယ်သူကမေးမေး မဖြေပါ။

စိုးရိမ်မှုဆိုတဲ့ စိတ်အခြေအနေဟာ တယောက်နဲ့ တယောက်မှာ မတူကြပါ။ လူနာပေါင်း ထောင်သောင်းကို ကြည့်ပေးဖူးတယ်။ လက်ခံပုံချင်း မတူကြဘူး။ အရေးကြီးတယ်ပြောလည်း အလေးမထားသူတွေရှိတယ်။ ဂရုစိုက်ပါ ပြောလိုက်လို့ ပြာလောင်ခတ်သွားသူတွေရှိတယ်။ လူနာနဲ့ မျက်နှာချင်းဆိုင် ပြောရဆိုရတာက တပန်းသာတယ်။ မျက်နှာအမူအယာနဲ့ အသံအနိမ့်အမြင်သုံးပြီး တချို့စကားလုံးတွေ မထွက်ပဲနေလို့ရတယ်။

ဘာမှမဟုတ်လောက်တဲ့ ရောဂါလေးတခုက ဝ့ဝ၁% လွဲချော်တာရှိနိုင်တယ်။

တချို့က မေးလို့ ၂-၃ မျက်နှာစာ စာတပုဒ် ပို့လိုက်တော့ အဲတာဆို ဆရာဝန်ပြလိုက်မယ်လို့ လာတယ်။ စာရေးဘို့ရာ သုတေသနအရင်လုပ်ရသေးတာ။ ၁-၂ နာရီကြာ ရေးရတဲ့စာလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ