Friday, May 26, 2017

June ဇွန်လ

၂ဝ၁၇ ခုနှစ်ဇွန်လဟာ မြန်မာပြက္ခဒိန်အရ နယုန်လဆန်း (၇) ရက်ကနေ ဝါဆိုလဆန်း (၇) ရက်နေ့အထိ ဖြစ်တယ်။ ဇွန် ၂၁ နဲ့ ၂၂ ရက်ဟာ နေ့တာအရှည်ဆုံးရက်တွေဖြစ်တယ်။ ဇွန်လနာမည်က လက်တင်လို Junius ကနေလာတယ်။ ရောမ ထိမ်းမြားခြင်းနတ်ဘုရားမ Juno နဲ့ဆက်စပ်တယ်။ ရှေးရောမအယူအဆက ဒီလမှာ လက်ထပ်ထိမ်းမြားတာ မလုပ်သင့်လို့ ဆိုတယ်။ လက်ထပ်တာသိပ်ကောင်းတယ်လို့ ယူဆတာလည်းရှိတယ်။ မြန်မာ့အစဉ်အလာမှာတော့ နယုန်လမှာ မေထုန်ရာသီဖြစ်လို့ မေထုန်မှုကိုအစွဲပြုထားတယ်။
ဇွန်လထဲက ထူးခြားတဲ့နေ့များ
• African-American Music Month အာဖရိကနွယ်ဖွါးအမေရိကန် တေးဂီတလ။
• Bike Week (Bicycle Week) စက်ဘီးလ။
• Canadian Rivers Day ကနေဒါမြစ်များနေ့ (ဒုတိယတနင်္ဂနွေနေ့)။
• Caribbean American Heritage Month ကရစ်ဘီယန်-အမေရိကန် ရှေးဟောင်းအမွေအနှစ်လ။
• Children's Day ပေါ်တူကီ၊ ပိုလန်၊ ဆလိုဗားကီးယား၊ ရိုမေးနီးယား၊ တရုပ် ကလေးများနေ့
• D-Day ၁၉၄၄ ဇွန်လ ၆ ရက် = နော်မန်ဒီကမ်းတက်တိုက်ပွဲနေ့။
• Father's Day အဖေနေ့ (ဘယ်လ်ဂျီယမ် ဒုတိယတနင်္ဂနွေနေ့)။ ယူအက်စ်၊ ယူကေ၊ မက်ဆီကို၊ ဗယ်နီဇွဲလား၊ နယ်သာလန်၊ အိုင်ယာလန်၊ ကနေဒါ၊ (တတိယတနင်္ဂနွေနေ့)။
• Feast of the Sacred Heart (Roman Catholic) ရိုမန်ကက်သလစ် မြင့်မြတ်သောနှလုံးသားနေ့ (ဇွန်လ ၆-၁၂)။
• Flag Days of Sweden အလံတော်နေ့ (ဆွီဒင် ဇွန် ၆ ရက်)၊ (ယူအက်စ် ဇွန် ၁၄ ရက်)၊ (ဒိန်းမတ် ဇွန် ၁၅ ရက်)၊ (အာဂျင်တီးနား ဇွန်လ ၂ဝ ရက်)၊ (ရိုမေးနီးယား ဇွန်လ ၂၆ ရက်)။
• International Picnic Day နိုင်ငံတကာပျော်ပွဲစားထွက်သည့်နေ့ ဇွန်လ ၁၈ ရက်။
• Italian Republic Day ဇွန် ၂ ရက် = အီတာလီသမတနိုင်ငံနေ့
• Mother's Day လူဇင်ဘတ် အမေနေ့ (ဒုတိယတနင်္ဂနွေနေ့)။
• National Candy Month အမျိုးသားကင်ဒီလ။
• National Dairy Month အမျိုးသားနေ့စဉ်မှတ်တမ်းလ။
• National Ice Tea Month အမျိုးသားရေခဲလက်ဖက်ရည်လ။
• National Rose Month အမျိုးသားနှင်းဆီလ။
• Philippine Independence Day ဖိလစ်ပိုင် လွတ်လပ်ရေးနေ့ ဇွန်လ ၁၂ ရက်။
• World Environment Day ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ (ဇွန်လ ၅ ရက်နေ့)။
• Youth Day in South Africa တောင်အာဖရိကလူငယ်များနေ့ ဇွန် ၁၆ ရက်။

ဇွန်လ ကျန်းမာရေးအသိပေးများ
• Cataract Awareness Month မျက်စိအတွင်းတိမ်။
• Fireworks Safety Month မီးရှူးမီးပန်းစိတ်ချရေး။
• Hernia Awareness Month အူကျရောဂါ။
• Men's Health Month အမျိုးသားများကျန်းမာရေး။
• Myasthenia Gravis Awareness Month ကြွက်သားအားနည်းရောဂါ။
• National Cancer Survivors Day ကင်ဆာရှင်သန်သူများနေ့ (ပထမတနင်္ဂနွေ)။
• National Scleroderma Awareness Month စကယ်လရိုဒါးမား (အရေပြားမာခြင်း) ရောဂါ။
• Scoliosis Awareness Month စကိုလီယေးဆစ် (ခါးစောင်းခြင်း) ရောဂါ။

ထင်ရှားတဲ့ ဇွန်လမွေးနေ့ရှင်များ
• အမေရိကန် ရုပ်ရှင်မင်းသမီး မာရီလင် မွန်ရိုး
• မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်

June symbols ဇွန်လ သင်္ကေတများ
• Birthstones ကျောက်မျက်ရတနာ = ပုလဲ + Alexandrite အလက်ဇန်းဒရိတ် + Moonstone လကျောက်။
• Birth flower ပန်း = နိုင်ငံတကာ = နှင်းဆီ။
• Zodiac signs ဆယ့်နှစ်ရာသီခွင် = Gemini မေထုန် (ဇွန်လ ၂၁ အထိ) + Cancer ကရကဋ် (ဇွန် ၂၂ မှ)။

မြန်မာ့အယူအဆ
နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့လို့ ခေါ်ပါတယ်။ ၉-၆-၂ဝေ၇ နေ့ဖြစ်တယ်။ နယုန်လကို မိုးရွာတဲ့လလို့ သတ်မှတ်ပြီး၊ နယုန်မိုးသေးမြက်သားမွေးလို့ ဆိုကြပါတယ်။ နယုန်လမှာ စာပြန်တော်ပွဲတွေကို သာလွန်မင်း လက်ထက်က စပြီးကျင်းပပါတယ်။ နယုန်လကို စာဆိုတော်လလို့ သတ်မှတ်ထားပါတယ်။

နယုန်လ = စံပယ်ပန်း၊ စကားပန်း၊ မြတ်လေးပန်း။
မြင်းတာရာ။ စန်းပြည့်နက္ခတ် = ဇေဋ္ဌ (ဗြိစ္ဆာသီရုပ် ကင်းမြီးကောက်မှ ကြယ်နီ)
နွေနယုန် မေထုန်ရက်မှာလ၊ နဘေဘုံ ရေမှုန်တက်ပါလို့၊ လေဟုတ်စက် ထိန့်ထိန့်လွန်၊ ခြိမ့်ခြိမ့်သွန်ပါလို့ စွေကာသဲ။
နယုန်မာသ၊ မေထုန်ကျ၊ ဇေဋ္ဌရောင်စုံကျင်း။ စပယ်မြတ်လေး၊ ရနံ့မွှေး၊ စာမေးသဘင်ခင်း။ (ကင်းဝန်မင်းကြီး)

ဝါဆိုလ = ပုန်းညက်ပန်း။
ပန်းများလှုင်ကြူု၊ မဉ္စူရွှေခက်၊ ပုန်းညက်ကြိုင်သင်း၊ ပဉ္စင်းတော်ပွဲ၊ သဲသဲအုတ်အော်၊ ရွှင်ပျော်လှည့်ပတ်၊ ကရကဋ်နှင့်။
ဝါဆိုခေါ်မှတ်၊ ကရကဋ်ဝယ်၊ နက္ခတ်မိုးယံ၊ ပြုဗ္ဗာသာဠ်တို့၊ လတံနီလျက်၊ ရောင်ခြည်ယှက်က၊ ပုန်းညက်ထိန်ထိန်၊ ပွင့်ချင်းလိမ်ခဲ့။

ရေးထားပြီး လအကြောင်းစာများ -
1. January ဇန္နဝါရီလ http://doctortintswe.blogspot.com/2014/12/january.html
2. February ဖေဖေါ်ဝါရီလ http://doctortintswe.blogspot.com/2015/02/february.html
3. March မတ်လ http://doctortintswe.blogspot.com/2015/02/march.html
4. April ဧပြီလ http://doctortintswe.blogspot.com/2015/03/april.html
5. May မေလ http://doctortintswe.blogspot.com/2015/04/may.html
6. June ဇွန်လ http://doctortintswe.blogspot.com/2015/05/june.html
7. July ဇူလိုင် http://doctortintswe.blogspot.com/2015/06/july.html
8. August သြဂုတ်လ http://doctortintswe.blogspot.com/2014/11/august.html
9. September စက်တင်္ဘာလ http://doctortintswe.blogspot.com/2014/11/september.html
10. October အောက်တိုဘာလ http://doctortintswe.blogspot.com/2014/11/october.html
11. November နိုဝင်္ဘာလ http://doctortintswe.blogspot.com/2014/10/november.html
12. December ဒီဇင်္ဘာလ http://doctortintswe.blogspot.com/2014/11/december.html

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...