The middle way အလယ်အလတ်လမ်း

ဆရာမင်္ဂလာပါ။ မစ်စိမပဒိပဒါ ဘယ်လိုရေးရလဲဆရာ။ သိအောင်ရှင်ပြပေးပါ ရိုသေစွာဖြင့်

မသေချာတာကို ကိုယ်ထင်တာ မရေးဘဲ အဲလိုမေးတာကောင်းတယ်။

မဇ္ဈိမပဋိပဒါ
မဇ္ဈိမဒေသ

ကွန်မင့်တခုလာတယ်။ ဆရာက အစွန်းနှစ်ပါးထဲက တခုပြောတာကိုး။ အလယ်အလတ်လမ်းကို ဗုဒ္ဓကဟောကြားခဲ့ပြီးပါပြီ။ အယူအဆမတူရင် ခွင့်လွတ်ပါဆရာ။

အစွန်းနှစ်ပါးကို ရှောင်ရှားဘို့ မြတ်စွာဘုရားက မိဂဓါဝုန်မှာဟောခဲ့တယ်။ ဓမ္မစင်္ကြာတရားထဲမှာပါတယ်။ ကျင့်စဉ်ကို ထောက်ပြပြီး၊ သွားရာလမ်းမှန် ရှစ်ပါးကို ညွှန်ပြတာဖြစ်ပါတယ်။

အဲတာကို နေရာတကာမှာ ယူယူသုံးကြတယ်။ နိုင်ငံရေးအိုင်ဒီယော်လော်ဂျီတွေထဲမှာလည်း တွေ့တယ်။ လင်မယားရန်ဖြစ်တာ ဖျန်ဖြေရာမှာလည်း မဇ္ဈိမပဋိပဒါထည့်ပြောကြတယ်။ ဆရာလုပ်တာ ဆုံးမတာတော့ ကောင်းပါတယ်။ နားလည်မှုတော့ မလွဲသင့်ပါ။

ဘုရားဟောဖြစ်လို့ဆိုတာထက် နည်းမှန်လမ်းမှန်နဲ့ တွေး-ရေး-ပြော-လုပ်ဘို့က ပိုအရေးကြီးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)