Duty Coat ဆရာဝန်ဂျူတီကုတ်

ဆရာဝန်တွေ ဘာလို့ ဂျူတီကုတ်ဝတ်ကြတာလဲဆိုတော့ အဲတာသိပ္ပံဖြစ်လို့ပါတဲ့။ ဒါပေမဲ့ အမေရိကန် ဆေးပညာအသင်းမှာ မဲခွဲဆုံးဖြတ်ပြီး၊ ဆေးရုံတွေမှာ ဆရာဝန်တွေဂျူတီကုတ်ဝတ်တာကို တားမြစ်လိုက်ပါတယ်။ ရောဂါပိုးတွေ ကူးစက်စေနိုင်လို့ဖြစ်ပါတယ်။ အထက်ဂျူရီအဖွဲ့ကို ဆက်တင်ရပြရပါတယ်။

ဓါတ်ခွဲခန်းတွေမှာ ဂျူတီကုတ်အဖြူဝတ်ရတာကို (၂ဝ) ရာစုထဲမှာ စသုံးလာခဲ့တာပါ။ သိပံ္ပနည်းကျ ကုသပေးသူဖြစ်လို့ပါလို့ ဂုဏ်ယူကြတယ်။ ဒိအရင်ကဆို ရမ်းကုဆရာတွေနဲ့ တကယ့်ဆရာဝန်တွေကို ခွဲခြားဘို့လည်း ခက်တဲ့အကြောင်း တခုကလည်းရှိလို့ပါ။ ပိုးသန့်ဆေးတွေပေါ်လာတော့ ဂျူတီကုတ်အဖြူဟာ သန့်ရှင်းတဲ့အသွင်ကိုလည်း ဆောင်စေပါတယ်။ အစောပိုင်းကာလတွေမှာ ခရစ်ယန်သီလရှင်တွေက သူနာပြုအလုပ်လုပ်တော့ ဝတ်စုံအနက်သာ ဝတ်ကြတယ်။ ၁၉၁၅ ခု နောက်ပိုင်းကစပြီး ဘောင်းဘီရှည်နဲ့ ဂျူတီကုတ်အဖြူဝတ်တာ ခေတ်စားလာပါတယ်။

ထောက်ခံသူတွေက အဲလိုဝတ်စားထားရင် ဆရာဝန်တွေဟာ တာဝန်ရှိမှုကို ကိုယ့်ကိုယ်ကို သတ်မှတ်ပေးထားရာကျတယ်။ ဗြိတိန်ဆေးကျောင်းပေါင်း (၁ဝဝ) ကျော်မှာ ဆေးကျောင်းသားသစ်တွေအတွက် White coat ceremonies ကုတ်အဖြူ အခမ်းအနားတွေ ကျင်းပတယ်။ မောင်မယ်သစ်လွင်ကြိုဆိုပွဲပါပဲ။

လတ်တလောလေ့လာမှုတခုအရ ဆရာဝန် (၆) ယောက်မှာ (၁) ယောက်သာ အလုပ်ခွင်မှာ ဂျူတီကုတ်ဝတ်ကြတယ်။ ဆရာဝန်မဟုတ်သူတွေကို ဆန်းစစ်မှုလုပ်တော့ လူပေါင်း ၅၆% က ဆရာဝန်တွေကို ဂျူတီကုတ် ဝတ်စေချင်ကြတာ တွေ့ရှိရတယ်။ ဆရာဝန်တွေချည်းကို လေ့လာတော့ ၂၄% ကသာဝတ်ချင်ကြတယ်။ တခြားလေ့လာမှုတခုမှာတော့ လူနာတွေက ဆရာဝန်မှာ ဂျူတီကုတ်ဝတ်ထားရင် ပိုပြီးယုံကြည်မှုရှိကြတယ်တဲ့။

ဒီစာကိုရေးခဲ့ပြီးမှ နောက်မှာပြန်ပြင်ရပါတယ်။ ၂၂-၆-၂ဝဝ၉ နေ့က အမေရိကန် ဆေးပညာအသင်းကနေ အဲလိုမဲပေးခဲ့တာ မဟုတ်ပါ။ အထက်အဖွဲ့အစည်းကို ဆက်လက်တင်ပြဘို့သာဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဆွေးနွေးငြင်းခုန်မှု ဖြစ်ခဲ့တာ အမှန်ပါ။

၂၃-၇-၂ဝ၁၅ နေ့သတင်းမှာ ဆရာဝန်တွေ ဆေးရုံဆေးခန်းပြင်ပမှာ ဂျူတီကုတ်မဝတ်ကြဖို့ တားမြစ်ချက်ရှိပေမယ့် ဝတ်နေကြတယ်လို့ ဆိုပါတယ်။ အမေရိကားမှာ လူတိုင်း ကိုယ်ဝတ်ချင်တာဝတ်နေလို့ရတယ်။ ဆရာဝန်တွေ နေ့စဉ် ဝတ်ကြတဲ့ ဂျူတီကုတ်၊ နားကြပ်၊ လည်စည်းတွေမှာ ရောဂါပိုးတွေပါနေနိုင်တယ်။ ရောဂါပိုးတွေ ပါနေကြောင်း ၇-၁၁-၂ဝ၁၁ နေ့က AMA newsletter ရေးသားချက်မှာပါတယ်။ အစ္စရေးသုတေသနတခုအရ ဂျူတီကုတ်တွေမှာ ရောဂါရစေတဲ့ Pathogenic bacteria ဗက်တီးရီးယားတွေပါနေတာ သိရတယ်။ ဥပမာ Pseudomonas, Acinetobacter, Staphylococcus aureus, Enterobacter ပိုးတွေ။ တချို့ဆိုရင် ပိုးသေဆေးတွေကို ယဉ်တယ်။ ဂျူတီကုတ်ကနေ ရောဂါပိုးကူးစက်တာကို White coat hypertension ကုတ်အဖြူသွေးတိုးရောဂါတဲ့။

စကားကျကောက်တတ်တာ လူမျိုးတိုင်းမှာရှိတယ်။ အဲလိုဆို ဆရာဝန်တွေ အဝတ်မပါ ဗလာကိုယ်တည်း လာရတော့မှာလားတဲ့။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၆
၂၅-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး