Blessed Flowers ကံကောင်းတဲ့အပင် မရှင်သေးပါ
လွန်ခဲ့တဲ့ နှစ်နှစ်တိတိက အဲဒီအိမ်အတွက် ပန်းပင်လေးတွေပို့ပေးချင်သူက လှမ်းမေးတယ်။ ဆရာ့ပုလဲအိမ်ကို ကံ့ကော်ပျိုးပင်နဲ့ ကျောက်ခက်ပင်လေးတွေ ပို့မလို့စီစဉ်ထားတာ၊ ဆရာတို့ပြန်လာခဲ့ရင် သစ်ပင်လေးတွေနဲ့ မြင်စေချင်လို့။ ကံကာင်းစေတယ်ပြောကြပါတယ်။ အပွင့်လည်းလှတယ်လေ။
အန်တီကို ဖတ်ပြလိုက်တာ ဝမ်းသာနေတယ်။ ပန်းပင်ဆိုလို့ပေါ့။ သူများကိုကံကောင်းစေချင်သူလည်း ကံကောင်းတာပဲ။
လာဘ်ကောင်းတယ်လို့ယုံကြည့်တဲ့ ပန်းတွေအပင်တွေက နေရာအလိုက်မတူကြပါ။ အမေရိကမှာတော့ ဒီ (၅) မျိုးတဲ့။
5 Flowers and Plants to attract Good Luck
1. Lucky Bamboo
2. Morning Glory
3. Peace Lily
4. Sweet Peas
5. Sunflower
ကျွန်တော် ကံမကောင်းသေးပါ။ အနီးကပ်ပြုစုစောင့်ရှောက်မဲ့သူနဲ့ ဝေးနေလို့ ကံကော်ပန်းပင်လေးတွေ မရှင်တော့ပါ။ အရိမေတ္တေယျမြတ်စွာဘုရားဟာ ကံ့ကော်ပင်အောက်မှာ ဘုရားဖြစ်တော်မူမယ်တဲ့။
ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၅
၂ဝ-၅-၂ဝ၁၇

Comments
Post a Comment