ရုပ် နှင့် ရုတ် ဖျန်း နှင့် ဖြန်း


မင်္ဂလာပါ ဆရာရှင့်။ စာလုံးပေါင်းသတ်ပုံလေး မေးချင်လို့ပါ။ ရုံးစာရေးတဲ့နေရာမှာကို အမှားတွေမကင်းသေးလို့ပါရှင့်။ အမှန်အမှား ကွဲကွဲပြားပြားမသိသေးတာကပိုတယ် ပြောရမလိုပါပဲ။ ကျွန်မကိုယ်တိုင်ကိုက တခါတလေ အဲလို ဖြစ်တတ်လို့ပါ။ အစည်းအဝေး ရုတ်/ရုပ်သိမ်း ဘယ်စာလုံးကမှန်ပါသလဲရှင့်။ ပသတ်ကို တော်တော်များများ တွေ့နေရပေမယ့် ကျွန်မစိတ်ထဲ မသေချာလို့ပါ။ ဒီအရွယ်ထိ မသိတန်ကောင်းရဲ့လို့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။ နောက်တခုက ဖျန်း/ဖြန်း နဲ့ အဆောက်အအုံ/ အဆောက်အဦ။ ကျွန်မစာထဲ စာလုံးပေါင်း အမှားပါရင် ခွင့်လွှတ်ပါဆရာရှင့်။ ဆရာတင်သမျှ စာတော်တော်များများကို only me နဲ့ save ထား ပြန်ဖတ်ဖြစ်ပါတယ် ကျန်းမာပါစေ ဆရာရှင့်။ ကျေးဇူးတင်ပါတယ်။

ရုပ်
တရုပ်စကားပင်
တရုပ်လူမျိုး
တရုပ်ပြေးမင်း
ယဉ်မင်းရုပ် (ယမင်းရုပ်)
ရုပ်ကလာပ်
ရုပ်ဆင်းသဏ္ဌာန်
ရုပ်တုဆင်းတု
ရုပ်ဓါတ်
ရုပ်နာမ်တရား
ရုပ်ပုံ
ရုပ်ပွါး
ရုပ်ဖျက်
ရုပ်ကြွ
ရုပ်ကြွင်း
ရုပ်ရည်သန့်
ရုပ်လှသည်
ရုပ်သိမ်းသည်
ရုပ်ချော
ရုပ်ဖျောက်
ရုပ်ပြောင်
ရုပ်ပြောင်းရုပ်လွှဲ
သဒ္ဒါရုပ်
သရုပ်ကွက်
အရုပ်ဆိုး
အရုပ်ထု

ရုတ်
ငရုတ်သီး (ငြုပ်သီး)
ငရုတ်ကောင်း
ပရုတ်ဆီ
ဗရုတ်ဗရက်
ရုတ်ကနဲ
ရုတ်တရက်
ရုတ်ခြည်း
ရုတ်ရက်ခတ်သည်
ရုတ်ရုတ်မြည်သံ
ရုတ်ရုတ်ရက်ရက်
ရုတ်ရုတ်သဲသဲ

ဖျန်း
ဆွတ်ဖျန်းသည်
ဖျန်းဆွတ်သည်
ဖျန်းပက်သည်
ဖျန်းသပ် (နံ့သာရည်လိမ်းသပ်)
မီးကိုရေဖြင့်ဖျန်းသည်
ဖျန်း၍ပြောသည် (မူရင်းသတ်ပုံ)
ဖျန်းသန်းသည် (မူရင်းသတ်ပုံ)
ကြက်သီးဖျန်း (မူရင်းသတ်ပုံ)

ဖြန်း
ညာဖြန်းပြောသည် (နောက်ရေးသတ်ပုံ)
ကြက်သီးဖြန်းဖြန်းထသည် (နောက်ရေးသတ်ပုံ)
ဖြန်းခနဲ
ဖြန်းဖြန်းကွဲသွားသည်
ဖြန်းဖြန်းကျိုးသွားသည်
ဖြန်းသန်းပြောသည် (နောက်ရေးသတ်ပုံ)
သွေးလေဖြန်းသည် (တိုင်းရင်းဆေးအခေါ်)

အဆောက်အအုံရော၊ အဆောက်အဦပါ မှန်တယ်။ အဆောင်အဦးဆိုရင် မှားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး