Common Language ဗမာမဟုတ်တိုင်း မြန်မာစာမတတ်တာမဟုတ်ပါ

စိုင်း ဆိုက် စိန် · ဗမာစကား ဗမာစာ သိပ်မတတ်သော တိုင်းရင်းသားတွေဖြစ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။ စာသိပ်မတတ်တဲ့သူတွေ ဖြစ်မှာပါဗျာ.....

ဒီလိုစာတင်တိုင်း ဒီလိုကွန်မင့်လာပါတယ်။ အရင်က ၂ ခါလောက်ရေးထားတယ်။ စာသိပ်မတတ်သူက စကားခံပြီး ရေးကြတယ်။ မနေ့က မေးနည်းစည်းကမ်းပို့တော့ ကျွန်တော်စာမတတ်ပါဆိုပြီး သူ့အသက်ကို (25) လို့ရေးတယ်။

မြန်မာစာကို မှန်ကန် + ယဉ်ကျေးအောင်ရေးတဲ့ တိုင်းရင်းသားတွေ + ကပြားတွေရှိကြောင်းလည်း ရေးထားတယ်။ ကလပ်ဇစ်ကဗျာတွေ ဖတ်တဲ့တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ ဖရင်းထဲမှာရှိတယ်။ သီချင်းကြီးတွေကို စောင်းတီးဆိုတဲ့ သူငယ်ချင်း တိုင်းရင်သားဆရာဝန်ရှိတယ်။ သူငယ်ချင်း တိုင်းရင်းသားဆရာဝန်တယောက်က အောင်မြင်ထင်ရှားတဲ့ သီချင်းတွေ ရေးတယ်။ ပြည်ပရောက်အမတ်တွေထဲမှာ ဥပမာ ဥပမေးယျကောင်းတဲ့၊ ပုံတိုပတ်စအပြောကောင်းတဲ့ တိုင်းရင်သားအမတ်တွေ ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး