Idol လူချွန်လူကောင်း

ကွန်မင့်တခု = သတ်ပုံအကြောင်း တော်တော်များများရေးဖူးပါတယ်။ ငယ်ငယ်က သင်ခဲ့တဲ့အစွဲကို ကျွန်တော် အတော် ဖျောက်ရပါတယ်။ ဥပမာ ကျွန်တော်ဘယ်သောအခါမျှမပြင်သော စကားလုံးက လူတော်လူကောင်းပါ။ ကျွန်တော် နားလည်တာက လူတော်လူကောင်းသည် စကားစုပါ။ ဒါခွဲခြမ်းစိတ်ဖြာပြီး လိုရာယူပြီး လူကောင်းလူတော် လုပ်လိုက်တာပါပဲ။ ဒီစာပိုဒ်ထဲမှာပဲ မှ နဲ့ မျှ ပေါ့။ အပြောမှာတော့ မှ ကိုလူတိုင်းသုံးပါတယ်။ ယခုထိတိုင်အောင်ပါပဲ။ ဆရာကြီးတွေက သဒ္ဒါစည်းကမ်းအရ မှားတယ်ဆိုတော့ ငယ်ငယ်က ကိုယ်မတတ်တာလို့ခံယူပြီး ပြင်ရေးပါတယ်။ တခုတကောင်ကိစ္စလည်း တင်းခံပြီးရေးပါသေးတယ်။ ကိုယ်တွေက မြန်မာစာ စာမေးမှမရှိတော့တာ။ ၁၉၇၃ ထိ မပြင်သေးပါဘူး။

လူကောင်းလူတော်ဆိုတာ ဗိုလ်ချုပ်နေဝင်းရဲ့ ဝေါဟာရနိုင်ငံရေးဖြစ်တယ်။ ကောင်းနေသူကို တော်အောင်လုပ်လို့ ရတယ်တဲ့။ (မဆလ) ကနေ လူကောင်းသတ်မှတ်သူဆိုတာ ပါတီဝင်ဖြစ်ရင် ကောင်းတယ်။ တင်းပြည့်ပါတီဝင်ဖြစ်ရင် ပိုကောင်းတယ်။ ဗဟိုကော်မတီဝင်ဖြစ်ရင် အကောင်းဆုံး။ ပါတီဥက္ကဋ္ဌက အကောင်းတကာ့ အကောင်းဆုံးတဲ့။

ဆရာမြို့မငြိမ်းရေးသားပြီး၊ ကိုအံ့ကြီးဆိုခဲ့တဲ့ လူချွန်လူကောင်းသီချင်းကတော့ ခုချိန်အထိပြောင်းမသွားပါ။ အဲတာကို အဆိုတော်တွေ ပြောင်းဆိုကြလည်း ကောင်းတယ်။ လူကောင်းလူချွန်လို့ပြောင်းဆိုရင်တော့ ဘယ်ကောင်းပါ့မလဲ။

ခုခေတ်မှာလည်း ဝေါဟာရနိုင်ငံရေးဆက်လုပ်နေကြတယ်။ တိုင်းပြည်နာမည်ပြောင်းတာကနေ တကြော့ပြန်စတယ်။ ကုလားဆက်လာတယ်။ အခုအစိုးရလက်ထက်ရောက်တော့ ပြောင်းလဲခြင်းလာတယ်။ သတ်ပုံအမှန်တွေကို အမှားပြောင်းတာကို ထောက်ပြတော့ ပြောင်းလဲချိန်တန်ပြီလို့ ကွန်မင့်ကရေးတယ်။ သူတို့ပြောတာက အမှန်ထင်နေတဲ့ အမှားက အမှန်တဲ့။




ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၆
၂၂-၅-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)