မြန်မာစာ ကျန်းမာလာတော့မည်လော

ကျွန်တော်တော့ စိုးရိမ်တာတွေရှိတယ်။ ၁၉၈၁ တုန်းက တတွေကို တစ်အပါအဝင် သတ်ပုံတချို့ကိုအပြောင်းခိုင်းခဲ့တာ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ အဲဒီခေတ်ကမြန်မာစာကော်မရှင်ဖြစ်တယ်။ အထင်ကရစာရေးဆရာတွေ၊ ကဗျာဆရာတွေ တချို့က သဘောမတူခဲ့ကြပါ။

အခုအစိုးရနဲ့ အခုကော်မရှင် ဘယ်လိုစဉ်းစားမလဲ မသိပါ။ ဆဌသံဂါယနာတင် ပိဋကတ်တော်တွေနဲ့ မြန်မာ့စွယ်စုံကျမ်းပါ သတ်ပုံတွေကို ပြင်လိုက်တော့မှာကို အတော်ကြီးစိုးရိမ်နေတယ်။

စွယ်စုံကျမ်းပါ အချက်အလက်တချို့မှာ ပြင်စရာတွေရှိတာ မှန်ပါတယ်။ ခေတ်အရပြောင်းတယ်ဆိုတာ ပိုခိုင်မာတဲ့ အချက်အလက်တွေပြင်ရတာဖြစ်တယ်။ လွယ်ကူရှင်းလင်းစေအောင်လုပ်ရတာဖြစ်တယ်။ လွယ်တာကိုခက်အောင် မလုပ်ရပါ။ မှန်နေတာကို မှားအောင်မလုပ်ရပါ။

အခုက ကျွဲကို ဤဖတ်လို့ ပြောင်းပြန်ဖြစ်လာတဲ့ခေတ်ဖြစ်နေတယ်။ နောင်ကာလမှာ ကျွန်တော်လိုလူတွေက လက်ရှိ အစိုးရနဲ့ မြန်မာစာကော်မရှင်ကို ထောက်ပြကြလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၆
၂၂-၅-၂ဝ၁၇

Lingmyint Myat has been banned.
အဲဒီပို့စ်အောက်မှာ ရှေးတုန်းကကော ဘယ်လိုရေးခဲ့ကြသတုန်းလို့ ကွန်မင့်ပေးတယ်။ သူ့နာမည်ကို နှိပ်မရ။ အရင်က ဘလော့ထားတာဖြစ်မယ်ထင်တယ်။ အခုတော့ ဘင်းလုပ်လိုက်တယ်။ ရီပို့လုပ်လိုက်တယ်။ ရှေးကျတိုင်းအကုန်ယူပါလို့ မပြောကြောင်း၊ ခေတ်တိုင်းလည်း အကုန်မမှန်နိုင်လို့ အကြိမ်ပေါင်းများစွာရေးပြီးပြီ။ မြန်မာစာပေါ်ကတည်းက ပညာသဘောနဲ့ ငြင်းခုန်မှုတွေကနေ ပြောင်းပါတယ်။ အမိန့်နဲ့ပြောင်းခိုင်းတာတော့ မကြာသေးပါ။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး