Fruit Catcher ချူ နဲ့ ခြူ

၁။ ဆရာ ကျေးဇူးပြု၍ ပန်းကို ချူချင်နဲ့ ခြူချင် ဘယ်စာလုံးမှန်ပါသလဲဆရာ။

၂။ ဆရာ ယူငင်ကာ ချူဆင်လို့ ဆွဲပါ့မယ် ပွဲဝင်မဲ့ ကျောင်းသူရယ် လှည်းယာဉ်နဲ့ မောင်း။ သတ်ပုံ မှန်မမှန်တော့ ဆရာသာ ပြင်ပေးပါဆရာ။

ယူငင်ကာ ခြူဆင်လို့ ဆွဲပါ့မယ်က ပိုမှန်ပါမယ်။ ပန်းချူသည်က မှန်မယ်။

ချူ
တံချူ
သစ်သီးချူ
ဝမ်းချူ
ဆီးချူ
ချူချာ
မျက်ရည်ချူ
ချူချူချာချာ
ချူသံပါအောင်ညည်း
အရချူနေသည် (ဘန်းစကား)

ခြူ
ရွှေခြူကုန်ရွက်
နွားဆွဲသောခြူ
ခြူဆည်းလည်း (ရုဠီသညာဖြစ်၍ အရစ်သာဖြစ်သင့်ဟု ကဝိဓဇသတ်ပုံကျမ်းမှာပါရှိ။)

နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ ခြူ မတွေ့ပါ။ အွန်လိုင်းသတ်ပုံမှာ နွားချူလုံးလို့ရေးထားတယ်။ မမှန်ဘူးထင်တယ်။

မယ်တော်ဘုရာ့း့ စကားတခွန်းလောက် မေးစမ်းပါရစေ့ ကျွန်ုပ်၏မွေးဖခင်သည် မေတ္တာသဘော ချစ်ပါသလော ပြောပြပါ အခါခါ မေးလေသည့့်

မြခြူသံ (မာမာအေး) https://www.youtube.com/watch?v=7_3caq5e_PQ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး