ဓါ နှင့် ဓာ

မြန်မာစာမှာ ခင်-ငူ-ဂေါ-ဒေါ-ပုံ-ဝ ဝိုက်ချမသုံးရလို့ စည်းကမ်းရှိတယ်။ ခ၊ င၊ ဂ၊ ဒ၊ ပ၊ ဝ၊ တွေမှာ ဝိုက်ချမသုံးရလို့ ပြောတာပါ။ အဲဒီ (၆) လုံးထဲမှာ ဓ မပါ။ နောက်ထုတ်သတ်ပုံစာအုပ်သစ်တွေမှာလည်း ဓာ လို့သာရေးခိုင်းတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ဓါ လို့သာ ရေးရတယ်။ တ နဲ့လွဲဖတ်မိမှာစိုးလို့။ အရင်ကလည်း ဓာတ်ရော ဓါတ်ပါ ရေးကြတယ်။ ကျွန်တော့်မျက်စိထဲမှာ ဓါတ်လို့ရေးတာက ရှင်းလို့ သဘောကျတယ်။

ဓါတ်
ဓါတ်ခံကောင်း
ဓါတ်ခိုက်
ဓါတ်ခဲ
ဓါတ်ချုပ်
ဓါတ်ငုတ်
ဓါတ်စက်
ဓါတ်တံခါး
ဓါတ်ပုံ
ဓါတ်ပစ္စည်း
ဓါတ်ပျက်
ဓါတ်ကြိုး
ဓါတ်မတည့်
ဓါတ်မှန်
ဓါတ်မီး
ဓါတ်သွား
ဓါတ်သိ
ဓါတ်သဘော
ဓါတ်ချောက်ချား
ဓါတ်ဆောင်
ဓါတ်တော်ဝေခန်း
ဓါတ်ပြောင်းလဲခြင်း
ဓါတ်လေးပါး
ဓါတ်လှေကား
နာမ်ဓါတ်
မန္ဓာတ်မင်း
ရုပ်ဓါတ်
လျှပ်စစ်ဓါတ်
လာကဓါတ်
သုဇိဓါတ်
အာကာသဓါတ်
မေဓာဝီ

ဓာရေးရေး၊ ဓါရေးရေး မမှားပါ။ နောက်ထုတ် သတ်ပုံစာအုပ်တွေထဲမှာ မပါတဲ့ ပြီကိုပီ၊ ပြီးကို ပီး၊ ကလေးကို ခလေးလို့ ရေးနေကြတာတော့ စဉ်းစားမရပါ။ ဌာနဆိုင်ရာအကြီးအကဲတွေက တအမှန်ကို ပေါ်လစီသတ်ပုံ တစ်လို့မရေးရင် အရေးယူတယ်လို့ သိရတယ်။ အဲတာတွေကိုတော့ ပြောပုံမရ။ မေးခွန်းတွေထဲမှာ ၆ဝ-၇ဝ% လောက်က အဲဒီအမှားတွေ ရေးကြတယ်။

ဝင်းဦးသီဆိုတဲ့ မေဓာဝီ https://soundcloud.com/khant-lynn-htet/upzfwrqiukim

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး