Birthday တောင်တက်သူ တောင်ဆင်းသူ
တူမတယောက်မွေးနေ့လို့ အခုပဲ သူ့ခင်ပွန်းတင်တာနဲ့ သူ့ညီမတင်တာ ဖတ်ရတယ်။
မွေးနေ့ရှင်ဟာ ကျန်းမာရေးတောင်ကို ကျော်ဖြတ်နေသူတွေထဲက တယောက်ဖြစ်တယ်။ သူလိုပဲ ညီတယောက်လည်း ကျန်းမာရေးတောင်ပေါ် တက်နေတယ်။
ကျွန်တော်ကတော့ သူတို့လို တောင်ပေါ်တက်ရတာမဟုတ်ပေမဲ့ ဇရာကုန်းပေါ်ကနေ လျောဆင်းနေတယ်။
တချို့တွေက ပင်လယ်ထဲမှာ။
ကျွန်တော်တို့အားလုံး အတူတူပဲ။
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ
ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၇

Comments
Post a Comment