God gave my son autism as punishment for my abortion ကိုယ်ဝန်ဖျက်ချင်သူများသို့

Toni Braxton တိုနီ ဘရက်စတွန် = ကျမ ကိုယ်ဝန်ဖျက်ချခဲ့တဲ့အတွက် ဘုရားသခင်ကနေ ဒဏ်ပေးတဲ့အနေနဲ့ အော်တဇင်သားလေးပေးတာ ဖြစ်ပါတယ်။

Autism အော်တဇင် ခေါ် မွေးရာပါ ဉာဏ်ရည်နည်းတဲ့ကလေးရောဂါစာ (၂) ပုဒ်ရေးထားပါတယ်။ ဂရမ်မီဆုဆွတ်ခူးထားတဲ့ အဆိုတော် တိုနီ ဘရက်စတွန်ဟာ သူ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကိုယ်ဝန်ဖျက်ချမိလို့ အဲလို အပြစ်ပေးခံရာတာပါလို့ ပြောတာပါ။ အခု အသက် ၄၆ နှစ်ရှိနေပြီဖြစ်တဲ့ သူမဟာ ခရစ်ဘာသာကို နှစ်နှစ်ကာကာ ယုံကြည်တဲ့ တင်းကျပ်တဲ့ မိသားစုကနေ မွေးလာခဲ့ရပြီး ဘောင်းဘီမဝတ်ရ၊ ရုပ်ရှင်မသွားရစတဲ့ ချုပ်ချယ်မှုတွေနဲ့ ကြီးပြင်းလာရသူ ဖြစ်ပါတယ်။ R&B အဖွဲ့က တိုနီ ဘရက်စတွန်ကနေ Unbreak My Heart ဆိုတဲ့ ဘဝဇာတ်ကြောင်း စာအုပ်မှာ အဲလိုရေးလိုက်တာပါ။ အဲဒီကိုယ်ဝန်ကလဲ အသက် ၃ဝ ကျော်တုံးက သူမယူထားတဲ့ ခင်ပွန်းဟောင်း Keri Lewis ကာရီ လူးဝစ်နဲ့ရခဲ့တာ ဖြစ်တယ်။

ဝက်ခြံအတွက်ပေးတဲ့ Accutane ဆေးကနေ ဗိုက်ထဲက ကလေးကို ထိခိုက်သလား သံသယရှိတယ်။ ကလေးယူဘို့လဲ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ အထင်နဲ့ ကိုယ်ဝန် ဖျက်ချခဲ့ပါသတဲ့။ ကျမစိတ်ထဲမှာတော့ အသက်တချောင်းကို သတ်မိလိုက်တယ်လို့သိနေပါတယ်။ ဘုရားသခင်ကနေ တနေ့တော့ ငါ့ကို အပြစ်ပေးလိမ့်မယ်လို့ထဲ ထင်နေမိပါတယ်။ အပြစ်ရှိတယ်လို့ ထင်မှတ်နေပါတယ်။ တကယ်ပါဘဲ ဘုရားပေးတဲ့ အော်တဇင် ပါတဲ့ သားလေး မွေးလာရပါတော့တယ်။ သား ၂ ယောက်ထဲက အငယ် ၁၁ နှစ်သားမှာ အဲဒီ မွေးရာပါဦးနှောက်ဖွံ့ဖြိုးမှု နည်းတဲ့ ရောဂါတခုရှိနေပါတယ်။ MMR ကာကွယ်ဆေးထိုးပြီးနောက်မှာ ဖြစ်လာတာလားလို့ သံသယရှိပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၄
၂၅-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး