Tuesday, May 23, 2017

Pregnancy Questions ကိုယ်ဝန်ဆောင် မေးခွန်းများ

မ၊ ၃၆နှစ်၊ အိမ်ထောင်ကျပြီး တနှစ်လုံး Mervalon သောက်ခဲ့ပါတယ်။ တားဆေးဖြတ်ပြီး ကိုယ်ဝန်ရှိခဲ့။ ကိုယ်ဝန် တလကျော်တွင် ပျက်သွားသဖြင့် သားအိမ်ခြစ်ခဲ့။ ယခု ဒုတိယကိုယ်ဝန် လေးလခွဲကျော်ရှိပါပြီ။ ကိုယ်ဝန်သုံးလခွဲအထိ ပျို့အန်၊ ခံတွင်းပျက်တာတွေဖြစ်ခဲ့ပြီး သုံးလခွဲကျော်မှာ ပုံမှန်ပြန်စားနိုင်ခဲ့ပါတယ်။ OG က Obipluz တစ်နေ့တစ်လုံး on ပါတယ်။ လေးလခွဲမှာ Obipluz အပြင် Vit-B Denk ကိုပါ တစ်နေ့တစ်လုံး တိုက်ပါတယ်။ စသောက်တဲ့နေ့ကစပြီး breakfast စားပြီး တနာရီဝန်းကျင်အကြာမှာ ပြန်အန်တာ ဒီနေ့နဲဆို လေးရက်ရှိပါပြီ။ အန်ပြီးတိုင်းလည်း လူက နုံးချိသွားပြီး မစားချင်မသောက်ချင်ဖြစ်ဖြစ်သွားပါတယ်။ ဒီရက်ပိုင်း အစားသိပ်မစားနိုင်လို့ လူပါပြန်ပိန်သွားပါတယ်။ ယခုလို အန်တာ Vit-B Denk ကြောင့်ပါလား၊ ဘာကြောင့်များပါလဲဆရာ။ ဘာဆက်လုပ်ရမလဲဆိုတာ ညွှန်ကြားပေးပါရှင့်။ ပြီးတော့ ကျွန်မ အာသီးခဏခဏယောင်ပါတယ်။ ယခု ကိုယ်ဝန်ဆောင်နေချိန်မှာပဲ နှစ်ကြိမ်ယောင်ပြီးပါပြီ။ အာသီးယောင်ချိန်မှာ ပိုးသတ်ဆေးတွေသောက်ရတာလည်း ကလေးအတွက် စိုးရိမ်စိတ်ပူမိပါတယ်။ အိမ်ထောင်မကျခင်မှာ ASO စစ်ပြီး လေးဘက်နာပိုးတွေ့လို့ ဆေးတစ်နှစ်သောက်ပြီး သောက်ဖို့မလိုတော့ဘူးဆိုလို့ ဆေးဖြတ်ထားပြီးသားပါ။ ကျွန်မ တခါတခါ အသက်ရှူမဝပါဘူး။ တခါတလေ တစ်နေကုန်အသက်ရှူမဝဖြစ်ပါတယ်ဆရာ။ လိုအပ်သည်များနှင့် ဆောင်ရန်ရှောင်ရန်များ ညွှန်ကြားပေးပါဦးဆရာရှင့်။ ဆရာ ကျန်းမာချမ်းသာပါစေ။ လေးစားစွာဖြင့်

Medications safe during pregnancy ကိုယ်ဝန်ဆောင်စဉ်သုံးနိုင်တဲ့ဆေးများ http://doctortintswe.blogspot.com/2017/05/medicine-during-pregnancy.html
Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ http://doctortintswe.blogspot.com/2014/11/morning-sickness.html
Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ http://doctortintswe.blogspot.com/2014/11/pregnancy-pains.html
Pregnancy and vomiting ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း http://doctortintswe.blogspot.com/2014/11/pregnancy-and-vomiting.html
Tonsillitis အာသီးရောင်ခြင်း http://doctortintswe.blogspot.com/2014/10/tonsillitis.html
ASO ဆိုတာ http://doctortintswe.blogspot.com/2014/11/aso.html
Prenatal Vitamins ကိုယ်ဝန်ဆောင်အားဆေး အကောင်းနဲ့ အဆိုး http://doctortintswe.blogspot.com/2016/04/prenatal-vitamins.html
ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း http://doctortintswe.blogspot.com/2015/03/anc.html
Pregnancy Stages ကိုယ်ဝန်ဆောင် အဆင့်များ http://doctortintswe.blogspot.com/2014/11/pregnancy-stages.html

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...