I may be wrong ကျွန်တော် မှားချင်မှားမယ်
ကျွန်တော့်ပို့စ်တခု = Older Parenthood အသက်ကြီးမှ ကလေးရရင်
Minn Thuyaine ဘုရားရှင်ရဲ့ လက်ယျာတော်ရံ ပညာအရာမှာ အသာဆုံးအထက်ဆုံး ဥာဏ်အကောင်းဆုံး ဂါထာတပိုဒ်မျှနှင့် ဥာဏ်အလင်းရတဲ့ ဧတဒဂ်ရပုဂ္ဂိုလ် ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီး သူ့ဖခင် ပုဏ္ဏားကြီးလဲ အသက်ကြီး ပါပြီကောလားဆရာရယ်။ နောက်ထပ်အများကြီး ရှိပါသေးတယ်။ ဆေးပညာများ မှားနေရော့သလားခင်ဗျာ။
Tint Swe စာထဲမှာ ၁ဝဝ% အဲလိုဖြစ်၏လို့မရေးပါ။ လက်ယာလို့ရေးရတယ်။
Minn Thuyaine ဆရာပြောတာ ပြောင်းပြန်များ ဖြစ်နေသလားလို့ဆရာ။ အိပ်ချင်မူးတူးများရေးလိုက်သလား ဒါမှမဟုတ် အမှတ်မှားသလားလို့ပါ။ ထင်ရှားတဲ့သာဓကဗျာ သုဒ္ဓေါဒနမင်းကြီးနဲ့ မယ်တော်မာယာတို့ အသက် ၁၅နှစ်နီးပါးကွာရယ် ဖခင်က အသက်ကြီးလွန်းလို့ မိခင်မယ်တော်မာယာကလည်း အသက်ကြီးနေပါပြီ သူတို့မွေးတဲ့ ကလေး သိဒ္ဓတ္ထ မင်းသားကြတော့ ဘာလို့လောကမှာ ဥာဏ်အကောင်းဆုံးဖြစ်နေရပါသလဲ။ သဗ္ဗညုတဥာဏ်တော်တောင် ရသွားလိုက်သေး။ ဆရာတို့ ဆေးပညာက အထူးဆန်းဖြစ်နေလို့ မှားများနေသလားခင်ဗျာ။
Tint Swe ၁ဝဝ% ဆိုတာဘယ်နေရာမှ မရှိပါလို့ ပြောထားပြီး ဖြစ်ပါတယ်။ အဲလိုမရှိဘူးပြောတာကို မှားတယ်လို့ ဆိုလိုရာကျသွားပါမယ်။ ဆရာဝန်တွေက ဆေးပညာစာအုပ်တွေနဲ့ ဆေးသုတေသနကိုအာကိုးရပါတယ်။ အလွတ်ပြောမရပါ။ တားဆေး-တားနည်းများ ဆန်းစစ်ချက်များကိုရေးတာထဲမှာ သည်လိုပါခဲ့ပါတယ်။
ထိရောက်မှုအများဆုံး တားဆေးတားနည်းများ
• အရေပြားအောက်ဆေးချောင်း၊ IUD သားအိမ်ထဲထည့်ပစ္စည်း၊ သားကြောဖြတ်ခြင်းများ = 99%
• ထိုးဆေး = 97%
• စားဆေး၊ (ဗဂျိုင်းနား) ကွင်း = 92-95%
• (ကွန်ဒွမ်)၊ သားအိမ်ဝအဖုံး-အပိတ်၊ ဆေးမြှုပ် = 84-89%
• ဝေရာမဏိ = ၁ဝဝ%
နောက်ဆုံးနည်း (အတူလုံးဝမနေ) နည်းကို ၁ဝဝ% လို့ရေးထားပါတယ်။ အဲတာကို အထအနကောက်သူကနေ မေဓာဝီနဲ့ သမင်မကို ထောက်ပြချင်ပြကြမယ်။
ဆေးသုတေသနကို အများဆုံးက အမေရိကားနဲ့ ဗြိတိန်မှာလုပ်ကြလို့ အကိုးအကားတွေကို အဲဒီကနေယူသုံးရပါတယ်။ ဆေးသုတေသနဆိုတာလည်း ဘယ်လောက်များများကို ဘယ်လောက်လေးစားခံရသူတွေကနေ လုပ်သလည်း။ ဘယ်နေရာ၊ ဘယ်လူမျိုးတွေကို ဘယ်အချိန်မှာလုပ်သလည်း စတာတွေသိရပါအုန်းမယ်။ မြွေဆိပ်ဖြေဆေးမှာ ကျွန်တော်ရေးခဲ့တယ်။ မြန်မာပြည်ကမြွေတွေအတွက် မြန်မာပြည်ကထုတ်တဲ့မြွေဆိပ်ဖြေဆေးထက် ကောင်းတာ ကမ္ဘာမှာမရှိပါလို့။
ကိုယ့်အတွေ့အကြုံထည့်ရေးရင်လည်း အတော်သတိထားရပါတယ်။ EDD ကလေး ဘယ်တော့ မွေးမလဲထဲမှာ သည်လိုရေးခဲ့ပါသေးတယ်။ ယမုန်နာဆေးခန်းလေးမှာ မွေးပြီးသူ ၂ဝ၄ ယောက်ထဲမှာ အတိအကျမွေးသူ ၅ ယောက်ပဲ ရှိတယ်။
• ၁ ရက်စောမွေး ၃ ယောက် (ကျား = ၁၊ မ = ၂)
• ၁ ရက်နောက်ကျမွေး ၈ ယောက် (ကျား = ၃၊ မ = ၅)
• ၂ ရက်စောမွေး ၃ ယောက် (ကျား = ၁၊ မ = ၂)
• ၂ ရက်နောက်ကျမွေး ၁ ယောက် (ကျား = ၁)
• ၃ ရက်စောမွေး ၂ ယောက် (ကျား = ၁၊ မ = ၁)
• ၃ ရက်နောက်ကျမွေး ၂ ယောက် (ကျား = ၁၊ မ = ၁)
• ၄ ရက် စောမွေး ၁ ယောက် (မ = ၁)
• ၄ ရက် နောက်ကျမွေး ၄ ယောက် (ကျား = ၃၊ မ = ၁)
• ရက်အတိအကျ မွေးသူ ၅ ယောက် (ကျား = ၂၊ မ = ၃)
ဒီစစ်တမ်းက ဒေလီမှာနေကြရတဲ့ လူနာ ၉ဝ% ချင်းတိုင်းရင်းသားတွေဖြစ်တယ်။ မြန်မာတနိုင်ငံလုံးကို အဲလိုစစ်နိုင်ရင် သိပ်စိတ်ဝင်စားဘို့ကောင်းတဲ့ အချက်အလက်တွေသိနိုင်ပါမယ်လို့ရေးခဲ့ပါတယ်။ ရှေးဟောင်းရာဇဝင်တွေ၊ ဇာတ်တော်တွေ၊ ပုံပြင်တွေကိုတော့ ဆေးသုတေသနထဲမှာ ထည့်မရပါ။ ကျွန်တော် မှားချင် မှားနိုင်တယ်။ ဆေးပညာကတော့ မမှားပါ။
ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၆
၂၁-၅-၂ဝ၁၇

Comments
Post a Comment