1990 Anniversary ၁၉၉ဝ မှာ ပါခဲ့တယ်

၂၇-၅-၂ဝ၁၇ နေ့ဆိုရင် ၁၉၉ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးရဲ့ (၂၇) နှစ်ပတ်လည်နေ့ရောက်ပြီ။ တချို့က ၉ဝ ရလဒ်ကိုခေါက်သိမ်းပြီလားလို့ မေးလာတယ်။ ရွေးကောက်ပွဲလုပ်ပေးတဲ့စစ်အစိုးရက ဇာတ်သိမ်းပြီကွလို့ ပြန်ပြောလိုက်တယ်။

• ၉ဝ ရလဒ်ဆိုတာ ခေါက်သိမ်းချိန်မရပါ၊
• ကမ္ဗလာခင်းနှီး၊ ခြုံလွှမ်းပြီး ခရီးဆက်၊
• ပွက်ပွက်ဆူအပူကို ရေနွေးကြမ်းသောက်သူ မမှုပါ၊
• ကန္တာရလမ်းမှာ၊ ကိုယ့်အထုပ်ထမ်းသွား၊
• ကျား၊ ခြင်္သေ့ တောဘုရင်၊ သမင်သာစား၊ ငါကား အုတ်ကြားမြက်၊
• အိပ်စက်နားစရာ၊ နှီးဖြာနဲ့ တာလပတ်သာပိုင်၊
• ယိုင်သော်လည်း မလဲ၊ လဲပေမယ့် ထလျှောက်၊
• နောက်ပြန်မကြည့်၊ ၉ဝ ရှိလို့ ၂ဝ၁၅ ရှိ၊
• တွက်ဆစ်ကြည့် ၂၇ နှစ်တိတိ။

(၁၉၉ဝ မှာ မဲပေးခဲ့ကြသူအားလုံးကို ဂုဏ်ပြုလျက်)

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၄
၂၇-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး