တကျွန်းစီနေ တမြေစီခြား

သူငယ်ချင်းဆရာဝန်ကလည်း တိုင်ပင်မထားဘဲ၊ အမိန့်ရသတ်ပုံကို သဘောမတူတဲ့ထဲမှာပါတယ်။ သူက ကွန်မင့်ကနေ ရေးလာတယ်။

တစ်ပြီးရင်းတစ်
တတစ်တည်းတစ်
တစ်လို့မဆုံး
တမိုးလုံးဖျောက်ဆိပ်
တဆိတ်ကလေးမှ
တဒင်္ဂမကျန်
တညံညံပ
တခါတရံ
တဖန်တလဲ
တမူကွဲတောင်
တဖေါင်ဖေါင်ငြင်း
တနေကုန်ရှင်းပေဦးတော့
တစိုက်မတ်မတ်
တသမတ်တည်း
တဖက်ကမ်းခတ်
တရစပ်ကူး
တမူးဖိုးဆို
တမတ်လိုဘူး
တမူထူးဘိ
ပညာရှိတို့
ဝကိုဝိဖြစ်
ဤခေတ်သစ်ထဲ
တဖြစ်လဲကာ
မပြောင်းပါချေ
ဗမာပြေ တစ်ကြတဝေဝေ။

သူ့ဇနီး ကျွန်တော့်သူငယ်ချင်းနာမည်က မဝေ။ တကိုင်းတည်မှာနေကြတယ်။ ကျွန်တော်နဲ့ကတော့ တကျွန်းစီမှာနေ။

မာမာအေးသီဆိုတဲ့ လွမ်းမေယုတောင်
တကျွန်းစီနေ တမြေစီခြား၊ လွမ်းအားပိုလို့ မဖြေနိုင်ပါ၊ ဒေ၀ါမိုး စွေကာဖြိုး၊ အညှိုးနဲ့လှောင့့် မိလ္လာရည်ဆိုင်းပြန်ပြီလေး ပြာရည်အုံ့မှိုင်း ဝေလို့မှောင်၊ အာကာဘောင့့် ဂဠုန်တောင်ချိတ်ပါလို့ ပန်းတိမ်လိပ်ရောင့့် ပတ်လည်တပ်ချီ နတ်စည်ဟိန်းကာဆောင်၊ မယ့်ရင်ထဲ ကွဲလုအောင်၊ မိုးနတ်မောင် ဖန်လာလေအား၊ သနားမှုမဆောင်၊ ချစ်သူကို လစ်လျူပြုကာရှောင်၊ မြင်လှည့်ပါစမ်း လွမ်းမေယုတောင်၊ ရွှေမိုး ငွေမိုး စွေဖြိုးတဲ့ လ၀ါခေါင်၊ သဘာဝကမ္ဗလာစိမ်း ယိမ်း  ယိမ်းနွဲ့မြောက်တောင်၊ လန်းဆန်းစိုပြေ နဂိုနေအလှကိုဆောင်၊ သူတကာ ပြုံးပေမယ့် ခင်ဖုန်းတွင် မရွှင်နိုင်ပေါင်၊ မောင့်ကို မျှော်မှန်း လွမ့်း့ လွမ်းယောင်ယောင့့်

မာမာအေးသီဆိုတဲ့ လွမ်းမေယုတောင် https://my.pcloud.com/publink/show?code=kZDhfxZfNvB6qKCtj50AlmIYbKh8XHauUOX#page=login

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး