Mycoplasma pneumoniae မိုက်ကိုပလာစမာ နူမိုးနီးယား
ဆရာရှင့် ရိုသေစွာ စာရေးလိုက်ပါသည်။ အသက် ၃၄ နှစ်ပါ။့ တွင်နေထိုင်ပါသည်။ ဇန်နဝါရီ လ ၁၇ ရက်မှ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ mycoplasma pneumonia ရောဂါဖြင့့် တွင်တတ်ရောက်ခဲ့ပါသည်။ ၂၀/၃/၂၀၁၇ တွင် ရက်ချိန်း ပြန်ပြခဲ့ရာ IM influ vaccine & IM Prevenar 13 ထိုးပေးပါသည်။ ဒီရောဂါ ကနောက်တစ်ကြိမ် ပြနိဖြစ်နိုင်လား။ ဘာတွေ ရှောင်ရန် ဆောင်ရန်လိုအပ်ပါလဲ ရှင့်။ ဆရာဖတ်လို့ ရရန် doctor report & hospital discharge များအား တွဲပို့လိုက်ပါသည် ။ ယခင်က ရိုးရိုးအဖျားလောက်သာဖျားဖူးပါသည်။
မိုက်ကိုပလာစမာ နူမိုးနီးယားဖြစ်စေတဲ့ဗက်တီးရီးယားက တွေ့နေကျပိုးတွေနဲ့ မတူပါ။ ကလေးတွေမှာအဖြစ်များတယ်။ အဲတာကို Tracheobronchitis လေပြွန်မကြီး + လေ့ပြွန်အလတ်စားတွေရောင်ခြင်းလို့ခေါ်တယ်။ ပိုးဝင်တိုင်းတော့ နူမိုးနီးယားခေါ် အဆုပ်ရောင်တာမဖြစ်ပါ။ အဲတာကပိုဆိုးတယ်။ ဆောရီး။ ဆေးရုံတက်ရနိုင်တယ်။
လမ်းလျှောက်နူမိုးနီးယားလို့လည်းခေါ်တယ်။ community-acquired pneumonia ခေါ် လူစုလူဝေက်နေရတဲ့ နူမိုးနီးယားထဲမှာ ၂% ကနေ ၂ဝ% က ဒီပိုးကြောင့်ဖြစ်တယ်။ ပိုးနဲ့တွေ့သူတိုင်းတော့ နူမိုးနီးယားမဖြစ်ကြပါ။ အသက်ငယ်သူတွေနဲ့ ကလေးတွေမှာပိုဖြစ်နိုင်တယ်။
ပိုးဝင်ခံထားရသူဆီကနေ နောက်လူတွေကို ကူးစက်နိုင်တယ်။ အသက်ရှူလမ်းကနေဝင်တယ်။ ချောင်းဆိုး၊ နှာချေတာထဲမှာ ပိုးပါတဲ့အမှုံလေးတွေကိုရှူမိရင် ကူးနိုင်တယ်။ ပိုးဝင်ခံရပြီးနောက် ၁ ပတ်ကနေ ၄ ပတ်နေမှ ရောဂါလက္ခဏာတွေစတယ်။ လည်ချောင်းနာမယ်။ အားနည်းနေမယ်။ ကိုယ်ပူမယ်။ ချောင်းဆိုးမယ်။ ခေါင်းကိုက်မယ်။ တချို့ကလေးတွေမှာ မဖျားပါ။ ရင်ကြပ်မယ်။ အန်မယ်။ ဝမ်းပျက်နိုင်တယ်။
ကုသရာမှာ ပဋိဇီဝဆေးတွေပေးမယ်။ ဆေးမကုရင် ပိုဆိုးတဲ့နူမိုးနီးယာဖြစ်လာနိုင်တယ်။ ဦးနှောက်အဖုံးလွှာ ရောင်စေနိုင်တယ်။ ဟီမိုလစ်တစ်အနီးမီးယား ခေါ် သွေးအားနည်းတာဖြစ်လာနိုင်တယ်။ ကျောက်ကပ်ထိုခိုက်နိုင်တယ်။ အရေပြားအနာတွေပေါက်နိုင်တယ်။ ဥပမာ စတီဗင်ဂျွန်ဆင် ဆင်ဒရုမ်း။
ရောဂါတခါဖြစ်ဖူးသူ နောင်မဖြစ်တော့လို့ မပြောနိုင်ပါ။ ဆောရီး။ ကာကွယ်ဆေး မရှိသေးပါ။ လူထူထူထဲသွားတာ ရှောင်သင့်တယ်။ လိုအပ်ရင်နှာခေါင်းစည်းသုံးပါ။ ချောင်းဆိုး-လက်ဆေးယဉ်ကျေးမှုကိုရေးထားပါတယ်။ ချောင်းဆိုးရင် တံတောင်ဆစ်ထဲဆိုတဲ့အကျင့်လုပ်ထားရမယ်။ လက်ကို ခဏခဏဆေးရမယ်။ ရေ + ဆပ်ပြာနဲ့ စက္ကန့် ၂ဝ ကြာဆေးပါ။ လက်ဆေးရည် (ဟင်းဆင်နတိုက်ဇာ) သုံးတာ ကောင်းတယ်။ သုံးတဲ့တစ်ရှူး၊ လက်ကိုင်ပုဝါ စနစ်တကျစွန့်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment