UK achieves solar power record ယူကေနှင့် နေ

နွေရာသီရောက်လို့ ပူလာချိန် ယူကေနိုင်ငံမှာ ဆိုလာအင်နာဂျီ ခေါ် နေရောင်ခြည်စွမ်းအင်အသုံးပြုမှု စံချိန်တင်လိုက် ဆိုတဲ့သတင်း လွန်ခဲ့တဲ့ (၅) နာရီက ထွက်ပါတယ်။ တနိုင်ငံလုံး လျှပ်စစ်အသုံးပြုမှုရဲ့ လေးပုံတပုံကို နေရောင်ခြည်ကနေ ရယူတာဖြစ်တယ်။ သောကြာနေ့ နေ့လည်စာစားချိန်မှာ 8.7 gigawatts (GW) ဂီဂါဝပ်သုံးခဲ့တယ်။ အဲတာက ၂၄့၃% ဖြစ်တယ်လို့ဆိုပါတယ်။ အရင် မေလ (၁ဝ) ရက်နေ့တုန်းက 8.48GW နဲ့ စံချိန်တင်ထားခဲ့ပါတယ်။

ယူကေနိုင်ငံမှာ စွမ်းအင် ၂၃% ကို နယူကလီယာစွမ်းအင်ကနေရယူတယ်။ ၃ဝ% ကို သဘာဝဓါတ်ငွေ့ရနေရတယ်။ ကျောက်မီးသွေးကနေ ၁့၎% ရတယ်။

အမေရိကန်သမတသစ်ကတော့ ပြောင်းပြန်လုပ်နေတယ်။ သူကပိုက်ဆံသာကြည့်တယ်။ သဘာဝဝန်းကျင် ပျက်စီးတယ် ဆိုတာ သိပ္ပံပညာရှင်တွေက ချဲ့ကားပြောကြတာလို့ဆိုပါတယ်။

ယူကေနိုင်ငံမှာတော့ ဧပြီလထဲမှာ တရက်တိတိကို ကျောက်မီးသွေးမသုံးပဲနေတယ်။ ၂ဝ၂၅ ရောက်ရင် ကျောက်မီးသွေး စက်ရုံတွေပိတ်ပါမယ်။ အရင်က စွမ်းအင်အသုံးချမှုရဲ့ ၂၃% ကနေ ၂ဝ၁၆ ခုနှစ်မှာ ၉% သာ ရယူတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး