Pepper-spray ငရုတ်သီးသေနတ်
Asu Mi သြစတြေးလျမှာ မိန်းကလေးတွေ Pepper Spray ကိုင်ဆောင်လို့မရဘူးလို့ အသိတစ်ယောက်က ပြောပြတယ်ဆရာ။ အဲဒီ့အစား Hair Spray ဆောင်ထားလို့ပြောတာပဲ။ အမေရိကားမှာတော့ မိန်းကလေးတွေ Pepper Spray သုံးခွင့်ရှိမယ်ထင်တယ်။ သင်္ကြန်တွင်းမှာ ရေသေနတ်နဲ့အတူ ပစ်ပါသေနတ်ပါကို ဆောင်ထားသင့်ကြတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ရေးသုံး Pepper-spray ငရုတ်သီးသေနတ်မှာ Capsicum (ကက်ပစီယန်) ပါတယ်။ ငရုတ်သီး ဘယ်လောက်စပ်သလဲကို Scoville Organoleptic Test နဲ့ စစ်ဆေး သတ်မှတ်တယ်။ • Standard Pepper Spray မိန်းကလေးသုံး (ပက်ပါ-စပရေး) ပန်းဆေးဟာ ၂၅ဝဝဝ-၂ဝဝဝဝဝ ယူနစ် ရှိတယ်။ • Bear Mace ဆိုတဲ့ ဝက်ဝံတွေကိုတောင်နိုင်တဲ့ ပန်းဆေးဟာ ၂ သိန်း- ၂ သိန်းခွဲယူနစ် ရှိတယ်။ • Law Enforcement Grade Pepper Spray ရဲတွေ သုံးတာက ၅ သိန်းကနေ ၅ သန်းယူနစ် ရှိတယ်။ ငရုတ်သီးသေနတ်နဲ့အပစ်ခံရရင် • မျက်စိကို ရောင်ရမ်းဖြစ်စဉ် ချက်ချင်းဖြစ်လာစေမယ်။ မျက်စိကိုပိတ်လိုက်ရမယ်။ • အသက်ရှူရလဲ ခက်စေမယ်။ နှာရည်ယိုမယ်။ ချောင်းဆိုးမယ်။ • ဘယ်လောက်ခံသလဲဆို ဘယ်လောက် ပြင်းတာ သုံးသလဲအပေါ်မှာ မူတည်တယ်။ • ပျမ်းမျှ မိနစ် ၃ဝ ကနေ ၄၅ မိနစ်ကြာတယ်။ • တကြိမ်ထဲထိရင် မျက်စိကို နာတာရှည် ဆ...