Posts

မဝသုန်မိုး

Image
ဘီဘီစီ မြန်မာပိုင်းမှာ ဖတ်ရတယ်။  မြန်မာလူမျိုးမဟုတ်ဘဲ မြန်မာစာကို ကျွမ်းကျင်မှန်ကန်အောင် ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်အောင် ကြိုးစားနေတဲ့ နိုင်ငံခြားသူ တစ်ယောက် (တယောက်) ရှိပါတယ်။ သူက ရုရှားသူ မဝသုန်မိုးပါ တဲ့။ ကျွန်တော်တို့ငယ်ငယ်က ပြောစကားတခုရှိတယ်။ အေဘီစီဒီ မတတ်ပဲနဲ့ အရပ်ထဲကိုလည်။ ခုခေတ်မှာတော့ မြန်မာစာ မသင်ကြားပဲ နိုင်ငံခြားကိုလည်။  မြန်မာစာကို မသင်ကြားတာတော့ မဟုတ်ပါ။ သတ်ပုံမှန်ကို မသင်ကြာခြင်းသာဖြစ်ပါတယ်။ မိခင်ဘာသာစကား အလေးထားသူ ရှားပေပြီ။ လွတ်လပ်ရေးကျောက်တိုင်ပါ မြန်မာစာသည် အမှားဖြစ်၍၊ ဖွဲ့စည်းပုံပါ မြန်မာစာသည် အမှန်ဖြစ်နေပြီ။ ဇာတိသွေးဇာတိမာန် တခဲနက် တက်ကြွလာအောင် ပြည်ထောင်စု ပြည်သူလူထုကြီးတရပ်လုံးအား အချိန်မှီ (အချိန်မီ) စွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၁-၁၂-၂၀၂၀

ယူနီဗာစတီမှ တစ်ကသိုလ်သို့

Image
ယူနီဗာစတီကျောင်းတိုက်နဲ့ ပတ်သက်တဲ့ အမည်တွေကို ဦးဖေမောင်တင်တို့က ဦးစီးပြီး ဗမာစကားဖလှယ်ကြတော့ အခြား အမည်တွေမှာ သိပ်အငြင်းမပွားကြပေမယ့် ယူနီဗာစတီကို တက္ကသိုလ်လို့ဖလှယ်တော့ ကန့်ကွက်သူတွေရှိခဲ့တယ်။ အမည်အခေါ်အဝေါ်သတ်မှတ်ရေးနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့ အတွင်းဝန်တဦးက ယူနီဗာစတီကို တက္ကသိုလ်လို့ အမည်ဖလှယ်တာကို ချက်ချင်းထကန့်ကွက်တယ်။ တက္ကသိုလ်ဆိုတာ အိန္ဒိယပြည်က တက္ကသီလာ(တက်ဆီးလား)ဆိုတဲ့ မြို့အမည်ကို ဗမာဘာသာနဲ့ တက္ကသိုလ်လို့ သုံးနှုန်းခေါ်ဝေါ်ခဲ့တာပဲ။ ယူနီဗာစတီနဲ့ဘာဆိုင်လို့လဲအဓိပ္ပာယ်တခြားစီပဲ။ ဒီတိုင်းသာဆိုရင်ကျုပ်တို့အင်္ဂလိပ်ဘာသာနဲ့ ယူနီဗာစတီကိုယူနီဗာစတီလို့မဆိုဘဲအောက်စဖို့ဒ်လို့ ခေါ်ရမလိုဖြစ်နေပြီဆိုပြီး ကန့်ကွက်ပါတယ်။ အဲ့လို ကန့်ကွက်တာကို ဦးဖေမောင်တင်တို့က ပြန်လည်ဖြေရှင်းကြပါတယ်။ ခင်ဗျားတို့ဆီမှာ ဘော်လ်စတယ်ဆိုတဲ့ ရွာကလေးကိုငယ်ရွယ်တဲ့ အကျဉ်းသားတွေသွားပို့ထားလေ့ရှိခဲ့တာကိုအစွဲပြုပြီး နောက်တော့ ကလေးထောင်ကို ဘော်လ်စတယ်လ်အင်စတီကျူလို့တွင်နေတာပဲ။ မက်ကင်တော့ရှ်ဆိုတဲ့လူနာမည်ကနေ မိုးကားအင်္ကျီကိုမက်ကင်တော့ရှ်လို့သတ်မှတ်သုံးစွဲခဲ့တာပဲ။ မက္ကဒမ်းဆိုတဲ့ပုဂ္ဂိုလ်ကိုအစွဲပြုပြီး လမ်းပြင်တာကို မက္ကဒင်းမစ် လုပ်တယ်လို့သုံးနှုန်းခေ...

မူပိုင်ခွင့်ကို စော်ကားအားပေးတဲ့ခေတ်

Image
လူထုဒေါ်အမာရဲ့ သတင်းဆောင်းပါးပါဆရာ အဲ့ဒီအထဲမှာ ပြေ့ညပ်လို့သုံးထားတာတွေ့လို့ အရင်က အဲ့ဒီလိုပဲ သုံးကြပါသလားဗျ။ ဟုတ်။ အရင်ကလည်း တချို့သတ်ပုံတွေက အဲလိုရေးကြတာရှိတယ်။ သတင်းစာ သီချင်း ကာတွန်းတွေမှာ မတူတာတွေ ပါတယ်။ သတ်ပုံကျမ်းသဘောတော့ ယူလို့ မရပါ။ ဟုတ်ကဲ့ပါဆရာ မူရင်းစာပါ သတ်ပုံကို ကိုယ်ထင်တဲ့သတ်ပုံနဲ့ ပြင်ရေးသာထုတ်ဝေတာတော့ မသင့်ပါ။ မူရင်းစာရေးသားတဲ့ ဆရာတော်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေကို စော်ကားသလို ဖြစ်တယ်။  ခုခေတ်က စော်ကားနည်းကို အားပေးတယ်။ စော်ကားပြီး သတ်ပုံပြင်ထုတ်တဲ့စာအုပ်တွေကို ပိုက်ဆံပေးဝယ်ကြတယ်။ ကျွန်တော်က ဆန့်ကျင်ပါတယ်။ ဆောရီး။ ဒေါက်တာတင့်ဆွေ ၃ဝ-၁၁-၂ဝ၂၀

Supine Position ပက်လက်လန်

Image
၁။ ဆရာရှင့် ကျမ အသက် ၃၆ နှစ်ပါရှင့်၊ သား နှစ်ယောက်ရှိပါတယ် အငယ်လေးက ၁၀ ထဲမှာပါ၊ ဗိုက်ခွဲပြီး မွေးထားတာပါ၊ ပလပ်လန် အိပ်ပြီးနည်းနည်းကြာရင် ဘေးစောင်းဖို့ခက်ပါတယ် တင်ပါးက မရွှေ့နိုင်ပါဘူး၊ မနည်း အားယူပြီးမှ ဘေးစောင်းရပါတယ်။ ဖြစ်တာ လူကြီးလား ကလေးလား ၂ ခါစဉ်းစားရတယ်။ ကလေးအသက် ၁ဝ ထဲဆိုတာ ၁ဝ လလား၊ ၁ဝ နှစ်လား စဉ်းစားရတယ်။ လူကြီးဆိုရင် ခွဲမွေးစဉ်က ခါးထုံဆေးလား။ အဲတာကနေလည်း ဖြစ်တတ်တယ်။ ကြာရင် ပျောက်တယ်။ Ibuprofen 200 mg တနေ့ ၂-၃ ကြိမ် သောက်နိုင်။ ပက်လက်လန်လို့ ရေးရတယ်။ ၂။ ဆရာ အအေးပက်မယ် လို့ရေးတာလား၊ အအေးပတ်မယ်လို့ရေးရတာလားရှင့်။ အအေးပတ်လို့ ရေးရတယ်။ လပ် ကွက်လပ် ဆုလပ် (ဆုလာဘ်) ဇလပ်ပန်း တခုလပ် ကြာကလပ် ပြတ်လပ် လစ်လပ်သည် လွတ်လပ်ရေး လွတ်လွတ်လပ်လပ် အကြားအလပ် အမှုပလပ် (ပသံ ပီသအောင်ထွက်ရ) မီးပလပ် (အင်္ဂလိပ်စာလုံးကယူ၊ ပနဲ့လပ်အသံ ဆက်ထွက်ရ) ပက် ပက္ခဒိန် (ပြက္ခဒိန်) ပက္ကလာ (မိုးကာကွယ်ရန်အသုံးအဆောင်) ပက်ကား = ညွှန်အိုင် ပက်ကျိ ပက်ခွန့် (လှေ) ပက်စက်သည် ပက်ပင်းတိုးသည်း ပက်ပည် = ရင်ဆိုင်တည့်တည့် ပက်ဖျန်းသည် ပက်ပြဲ ပက်လက်လန် မှောက်ခုံပက်လက် ပတ် ခုနစ်ရက်တပတ် တနှစ်ပတ်လုံး ပတ္တကျည်ပင် ပတ္တပိုဏ်ဓူတင် ပတ္တမြား ပတ္တလား ပတ္တာ (တံခါ...

Unicode Keyboard ပညာရှင်များသို့

Image
မေးခွန်းတွေမှာ - မှာ ရေးတာ ဟထိုးမပါ။ ပြီ ရေးတာ ရရစ်မပါ။ ပြီး ရေးတာ ရရစ်မပါ။  ဖြစ် ရေးတာ ရရစ်မပါ။ တွေ ရေးတာ ဝဆွဲမပါ။ တ ရေးတာအမြဲတမ်း စသတ်ပါနေ။ တတလုံးတည်းရေးမရ။ ကီးဘုတ်တွေကို မှန်ကန်အောင် ပြင်ပေးကြပါရန် အလေးအနက်မေတ္တာရပ်ခံအပ်ပါတယ်။ နေ့တိုင်းနေ့တိုင်း ပြင်ဖတ်နေရတာ အတော်အချိန်ကုန်ပါသည်။ ဒေါက်တာတင့်ဆွေ

သမီးမာနှင့် သမီးပျော့

(ကန်တော့) မင်္ဂလာပါဆရာ သမီးကိုယ်ဝန်အကြောင်းမေးချင်လို့ပါ သမီးမာ (မှာ) ကိုယ်ဝန် ၉ပတ်ရှိနေပါပီ (ပါပြီ) ၈ ပတ်တုံးက (တုန်းက) သွေးဆင်းပါတယ် သွေးခဲတောင် ပါလာပါတယ်ဆရာ ပြီးတော့ ultrasound သွားရိုက်တော့ ကလေးက ကောင်းတယ် ပြောပါတယ်ဆရာ အခု ၉ပတ်မာ (မှာ) လဲ သွေးနည်နည်းဆင်းနေပါတယ်ဆရာ သမီးသိချင်တာက ကိုယ်ဝန်က မပျက်ဘူးဆိုရင် ကလေးမွေးလာရင်ခြေလက် အင်္ဂါမစုံတာတွေ ဥာဏ်ရည်မမှီ (မမီ) တာတွေ ဖစ်နိုင် (ဖြစ်နိုင်) လား ဆရာ ကိုယ်ဝန်ရှိသူ အသက် မသိ။  အာထွာဆောင်းမှာ ကလေးပုံမှန် ဟုတ်မဟုတ် သိနိုင်။  ၉ ပတ်ကစောသေး။ ဆက်စစ်ရပါမယ်။ ဉာဏ်ဆိုတာတော့ အာထွာဆောင်းနဲ့ မသိနိုင်။ မျိုးဗီဇနဲ့ သင်ကြားလေ့လာမှုနဲ့ဆိုင်တယ်။ သမီးမာလို့ရေးရင် သမီးပျော့တယောက်လည်းရှိသေးလား စာဖတ်သူက စဉ်းစားရတယ်။  ပါပီဆိုတာ ခွေးကလေးဖြစ်ပါတယ်။ ဖစ်ဆိုတာ ဦးဖစ်၊ ဒေါ်ဖစ်၊ ဖစ်လမ်းလို့သာရှိတယ်။ ဒေါက်တာတင့်ဆွေ

Coronavirus Prevention ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း

Image
ကိုဗစ်အတွက် ဘယ်ဆေး ဘယ်ဖြည့်စွက်စာတွေကမှ ပိုမကောင်းနိုင်။ ပိုမဆိုးစေနိုင်။ ရောဂါသံသယရှိသူတွေနဲ့ စစ်လို့ တွေ့သူတွေ သီးခြားနေထိုင်ရပါမယ်။ ခံစားရတာဆိုးလာရင် ဆေးရုံသွားရမယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း ၁။ ဖြစ်နိုင်သလောက် အိမ်မှာသာနေပါ ၂။ တခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ကြာဆေးပါ (ဆပ်ပြာနဲ့ ရေသုံးပါ။ Sanitizer လက်ဆေးရည် သုံးပါ) ၃။ တံတောင်ဆစ်ထဲမှာ ချောင်းဆိုး နှာချေပါ (တသက်လုံး အဲဒီအကျင့် လုပ်ပါ) ၄။ မျက်စိ နှာခေါင်းပါးစပ်ကို လက်မဆေးပဲ မထိ မကိုင်ပါနဲ့။ ၅။ နေမကောင်းသူတွေနဲ့ ထိကပ်မှု မလုပ်ပါနဲ့။ ၆။ အိပ်ပြင်ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ။ ၇။ လူတဦးနဲ့တဦး ၆ ပေအကွာမှာသာ စိတ်ချရတယ်။  ၈။ အိမ် ရုံး အလုပ်နေရာတွေမှာရှိတဲ့ မျက်နှာပြင်တွေနဲ့ လက်ကိုင်တတ်တဲ့နေရာတွေကို Lyzol လိုက်ဇောဆေးရည်နဲ့ သန့်ရှင်းပေးနေပါ။ ကပ်ရောဂါဘေးက ဝေးကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ