Posts

မူကွဲတွေ သတိထားသင့်

Image
ဆရာမင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တိုကဗျာကို ပုံနှိပ်ထုတ်ဝေတာနဲ့ အွန်လိုင်းမှာ စာရိုက်တင်ကြတာ မူကွဲတွေ အမျိုးမျိုး တွေ့ရပါတယ်။ အခုပုံပါကဗျာဟာ မူရင်းအကျဆုံးလို့ယူဆရပါတယ်။ စာပေဗိမာန်ကနေ ၁၉၇ဝ ပြည့်နှစ် ဇန္နဝါရီလမှာ ထုတ်ဝေတဲ့ ဘာသာပြန်စာပေစာအုပ် စာမျက်နှာ ၁၆၆ နဲ့ ၁၆၇ မှာဖြစ်ပါတယ်။ ဖုထစ်ရွတ်တွ ငှက်ဠင်းတတို့ ပျဉ်းမငုတ်တို၊ သက်ကျားအိုသည် ကုန်းမိုထက်တွင် တပင်တည်း။ မှတ်ချက် = တစ်ပင်တည်း မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ

Hello Your Name is Trouble ဒုက္ခပေးခြင်း ကင်းကြပါစေ

Image
Zin Zin fb(10)နှစ်ပြည့်Messengerသုံးတဲ့သူတိုင်းဆုငွေဘေ10000ရအောင်လုပ်ပေးတာအခုပို့ထားတဲ့ဟာကိုဖိနိပ်ပြီးforwardပေါ်လာရင်၂၀ယောက်ပြန်ဖြန့်ပေးလိုက် နောင်မှာ တသက်လုံး (တသက်လုံး) ဒီလိုစာ၊ ရွှေပေလွှာ၊ ကျိန်စာမျိုးတွေ မပို့ပါရန်။ ဒီလိုပြန်ပြောနေရတာ လူ ၅ဝ ကျော် ရှိပြီ။ ပို့စ်အဖြစ်တင်တာလည်း ၅ ခါမကတော့ပါ။ စာထဲကငွေ မလိုချင်ပါ။ အခုလိုပြန်ရေးနေရလို့ ကုန်သွားတဲ့အချိန်ကို ပြန်လိုချင်တယ်။ အဲလိုဟာတွေက သူများကိုလိုက်ပြီး ဒုက္ခပေးနေတာသာဖြစ်တယ်။ လူကြီးမင်းဟာ ကျွန်ုပ်ကို ဒီစာနဲ့ ဒုက္ခပေးလာသူ နံပါတ် (၅ဝ) ကျော်ဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ

Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား

Image
Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား သမီးက အလှပြင်ဆိုင်ဖွင့်ထားတော့ ဖြောင့်ဆေး ဆိုးဆေးအနံ့တွေလည်း အမြဲလို ထိတွေ့ရပါတယ်။ ခေါင်းတခြမ်းကိုက် ရောဂါဖြစ်တာလား၊ ခေါင်းထဲမှာ အကျိတ်ရှိလို့ ဖြစ်တာလား စိုးရိမ်လို့ပါဆရာ။ ဦးနှောက်နဲ့အာရုံကြောမှာ CT scan ရိုက်သင့်လားလဲ သိချင်လို့ပါရှင့်။ လှပသော အဆိပ်ဖြစ်နေပါသလား မျက်နှာမှာ မလှတာလေးတွေ ဖြစ်နေလို့၊ အသားအရေ ညိုညိုတိုတိုလေးဖြစ်ချင်လို့၊ ဆံပင်ဖြောင့်ချင်၊ ကောက်ချင်လို့ စတာတွေအတွက် အလှအပသုံး ပစ္စည်းအမယ်ပေါင်းများစွာထဲက ကောင်းတယ် ဆိုတာထဲက တကယ်ကောင်းတာကို ရွေးသင့်တယ်။ အဲလိုပစ္စည်းတွေထဲမှာ ပါတာတွေက ဘယ်လောက်များ စိတ်ချရပါသလဲ။ သတင်းစာတွေ၊ မီဒီယာတွေက များသောအားဖြင့် သည်းခြေကြိုက်ကိုသာ ရေးပါတယ်။ သိပ္ပံပေတံနဲ့ တိုင်းကြည့်ထားတဲ့ သတိထားစရာတွေနဲ့ ရွေးချယ်စရာတွေ တွဲပေးလိုက်ပါတယ်။ (၁) Keratin Straighteners သတိထားပါ ဆံပင်အလှပြင်ဆိုင်တွေကနေ လုပ်ပေးနေတဲ့ Keratin hair treatments နည်းဆိုတာ ပိုးခြည်လို ချောမွေ့စေပြီး ဆံပင်ကို ထွေးမသွားစေဘူး။ Formaldehyde-free (ဖေါ်မယ်လဒီဟိုက်) မပါဘူးလို့လဲ ကြော်ညာတာလဲရှိတယ်။ ဒါပေမဲ့ (အိုရီဂွန်) က OSHA ရဲ့ လေ့လာချက်အရ...

Beauty Product Risks အလှအပသုံးရောင်းကုန်များ

Image
ဆရာရှင့် ကျွန်မကတော့ တောင်ကြီးမြို့ကပါ။ အသက်က ၂၇ပါ။ အိမ်ထောင်သည်ပါ။ သမီးမိန်းကလေးတယောက် မွေးထားပါတယ်။ အသက် ၄ နှစ်ကျော်ပါပြီ။ ခုဈေးကွက်ထဲမှာ လူကြိုက်များနေတဲ့ ကလေးမျက်နှာလိမ်း cream အကြောင်း မေးချင်လို့ပါ။ ပုံပို့ပေးပါမယ်။ လိမ်းသင့်မသင့် ဝေခွဲရခက်နေလို့ပါရှင့်။ ကျေးဇူးပြုပြီးဖြေကြားပေးစေလိုပါတယ်။ ပို့ပေးတဲ့ပုံကိုတော့ အားနာလို့ရော ဆေးသုတေသနလည်းမသိတာမို့ မတင်တော့ပါ။ အလှအပသုံးမှန်သမျှ ဓါတုဆေးတွေ ပါတယ်။ တချို့တော့အဆင်ပြေ၊ တချို့မှာ ဆေးကုယူရတယ်။ တချို့က ကြော်ငြာသလိုမစွမ်းပါ။ သတင်း (၂) ပုဒ်ကို နမူနာပေးပါမယ်။ ၁။ ၆-၉-၂ဝ၁၆ နေ့ကသတင်းတခုတက်တယ်။ နားလည်ရန်ခက်သည့် ဘာသာစကား (ထိုင်း၊ တရုပ်) ဖြင့် ဖော်ပြထားသည့် အလှကုန်များကို မသုံးစွဲရန် FDA အကြံပြုလို့ဖြစ်ပါတယ်။ လှပသော အဆိပ်ဖြစ်နေပါသလား မေးခွန်းရှိတယ်။ Blemishes မျက်နှာမှာ မလှတာလေးတွေ ဖြစ်နေလို့၊ Tan အသားအရေနဲနဲ ညိုညိုတိုတိုလေးဖြစ်ချင်လို့၊ ဆံပင်ဖြောင့်ချင်၊ ကောက်ချင်လို့ စတာတွေအတွက် အလှအပသုံး ပစ္စည်းအမယ်ပေါင်းများစွာထဲက ကောင်းတယ် ဆိုတာထဲက တကယ် ကောင်းတာကို ရွေးသင့်တယ်။ အဲလိုပစ္စည်းတွေထဲမှာ ပါတာတွေက ဘယ်လောက်များ စိတ်ချရပါသလဲ။ သတင်းစာတွေ၊ မီဒီယာတွေက...

ဒဂုံရွှေမျှား ဘာသာပြန်ပညာ

Image
စကားလုံးတလုံး၏လို့ ဒဂုံရွှေမျှားက ရေးပါတယ်။ စကားလုံးတစ်လုံး မဟုတ်ပါ။ နေပြည်တော်ရွှေများ၊ ရန်ကုန်ရွှေများ၊ မန္တလေးရွှေများ၊ မြို့တကာနယ်တကာရွှေများတို့ကတော့ တစ်လို့သာ ရေးကြတယ်။ ဦးဖေမောင်တင်၊ ပါမောက္ခဦးအေးမောင်၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ သိပံ္ပမှူးတင်၊ မောင်ထင်တို့က တကို မလိုအပ်ပဲ တစ်လုပ် မရေးကြပါ။ ဒေါက်တာတင့်ဆွေ Photo from Zaw Min-Oo‎

နီရိုးဘုရင်ကြီး တယောထိုးနေသည်

Image
မေးခွန်း = တယောလို့ပဲ သိထားတာ၊ ၁၉၇၅ထုတ် စွယ်စုံကျမ်းမှာက တရောလို့ဆိုထားတယ်ဆရာ။ ဘယ်ဟာအမှန်လဲ ခင်ဗျာ။ ကျွန်တော်က သတ်ပုံတွေကို အဆုံးအဖြတ်ပေးနိုင်သူမဟုတ်ပါ။ သတ်ပုံစာအုပ်ဟောင်းထဲမှာ စသတ်စရာမလိုတဲ့ တ အသုံးတွေကို တင်ပြပါမယ်။ တကတဲ တကျွန်းကျ တကယ်တမ်း တကယ်အမှန် တကွ (အတူတကွ) တကွနက် = တပြိုင်နက် တကွဲတပြား တကာ = တတွေ = အများတကာ တကားကား တကုပ်ကုပ်လုပ်နေသည် တကိုယ်တည်း တကိုယ်ကောင်း တကိုယ်ရေတကာယ တကူးတက တကူးတကန့် တကဲ့အဟုတ် တကျက်ကျက် ရန်ဖြစ်နေကြသည် တကျည်ကျည် ငိုနေသည် တကျိတ်တည်း တဉာဏ်တည်း တကျူကျူငို တခဏချင်း တခဏပန်း တခန်းရပ် တချွင်ချွင်မြည်နေသည် တချွတ်ချွတ်မြည်သံ တခမ်းတနား တခွင်တပြင် တခါတည်း တခါတရံ တခါတခေါက် တခါတလေ တခိခိ တချိချိ ရယ်သည် တခုခုစားပါ တခုတလေ တခုလပ် တခို တခဲနက် = တလုံးတစည်းတည်း တခဲထွေ = တပေါင်းတစည်းတည်း တချက်တည်း တချက်တည်း တချက်လွှတ်အမိန့် တချိုးတည်းလစ်ပြီ တချို့တဝက် တချို့တလေ တငမ်းငမ်း တငိုငိုတရီရီ တစံ့ = အနည်းငယ်မျှ တစုံ (သင်္ကန်း) တစုံတခု တစုံတရာ တစုံတဦး တစုံတယောက် တစစီ (တခုချင်း၊ အစိတ်စိတ်အမွှာမွှာ) တစည်း (ပန်း) တစည်းတရုံး တစည်းတလုံး ...

ဒေါက်တာဂျော်နီ (သို့) သတ်ပုံမှား ရောင်းစားကြသူများ

Image
၁ ကျွန်တော်ဂျော်နီ၊ သရီးဒီကြောင့် အမ်စီကို ရောက်ခဲ့တယ်။ မက်(စ်)၊ ဖစ်ဆစ်၊ အင်္ဂလစ်ရှ်မှာ ဒစ်စတင်းရှင်းတွေ၊ ဖြိုင်ဖြိုင်ဝေတော့ အိုင်အယ်လ်အေ ကောင်းခဲ့တယ်။ မောနင်းကျူရှင်၊ နိုက်ကျူရှင်နှင့် ကွက်ရှင်ဟူသမျှ၊ အနံ့ရရာ အိမ်ကကားနဲ့ ပို့ခဲ့တယ်။ ရီဇာတ်အောက်တော့၊ မျက်နှာမော့၍ ရင်ကော့နိုင်သေး၊ ဘာလိုသေးလဲ ဆေးကျောင်း ဒါရိုက်ရောက်တော့တယ်။ ၂ အမ်စီတက်တော့ ဆိမ်းဗက်ခ်ျက၊ ခပ်ကြွကြွလေး ကောင်မလေးနှင့် စာမေးရင်းက ဆုံကြတယ်။ ဒီကောင်မလေး၊ အသွေးဖြူဖြူ နှတ်ခမ်းထူသနဲ့။ အမူပိုပို၊ အဖိုအရှိုက် ဘီးဟိုက်အုပ်လုံး၊ နားရွက်ဖုံးသနဲ့။ မျက်လုံးကစား၊ ခြေဖျားမြှောက်ချီ ပိုးတီတွန့်ဟန်၊ ခေတ်ကဆံသနဲ့။ ဟန်ပန်သွက်သွက်၊ လျှပ်လိုလက်တော့ ပရက်တီကယ်မှာ ဆုံကြတယ်။ ၃ နောက်တော့ 'ကျမနာမည်၊ မော်လီတဲ့လေ ဒက်ဒီတို့က၊ အမ်စီသွားပါ ဆိုလို့သာဘဲ၊ ဝါသနာဆို၊ မပါလိုက်တာ စိတ်ကုန်ပါရော' ဘာရယ်ညာရယ်၊ ရယ်ပေါင်းစုံစွာ ဟန်မူရာနှင့်။ 'ဟိုလေ... အန်-အန်၊ ကာလ်တန်မှာ အီတာလျံကား၊ လဲသွားပြီနော် အော်- အော် ဟုတ်သား၊ မေ့များနေသေး ဖရိုက်ဒေးဟာ၊ ကိုယ့်မွေးနေ့ပေါ့ ကိုယ့်မွေးနေ့မှာ၊ ယူလာရမယ် လာရမယ်နော်၊ ယူ့အဖော်တွေ...