Posts

Sigmoiditis အူမကြီးတနေရာရောင်ခြင်း

Image
• ဆရာရှင့် အသက် ၂၈။ အိမ်ထောင်ရှိအမျိုးသမီးပါ။ ဝမ်းသွားပြီးလည်း ကျန်သလိုခံစားရပါတယ်။ ၃ ရက်ရှိပါပြီ။  ဒီနေ့ဝမ်းလျှောသလိုဖြစ်ပြီး အကြည်ရောင်အချွဲနဲ့ သွေးမျှင်လေးတွေနဲနဲပါလာပါတယ်။ ဝမ်းကိုက်တာပါလားသိချင်ပါတယ်။ • မသိနိုင်သေး။ ၀မ်းကိုက်ရင် အကြိမ်များမယ် ဗိုက်နာမယ်။ သွေးနဲ့ အချွဲ ပါမယ်။ • အဖြေလေးသိချင်ပါတယ် • အူမကြီး ရောင်နေ။ • နာတာရှည်လားရိုးရိုးလားဆရာမသိလို့ပါ • နာတာရှည်။ ဆောရီး။ • ဆရာရှင့် နာတာရှည်အူမကြီးရောင်တာက ကြာရင်ကင်ဆာဖြစ်သွားတတ်ပါသလား • ဖြစ်နေတာကို ကုသသလား မသိ။ ကင်ဆာဆိုတာ စစ်မှသာသိနိုင်။ • ဆရာရှင့် ဆရာဝန်ညွှန်လို့ biofibre နဲ့air x သောက်နေပါတယ်။ ဝမ်းကိုက်တာမျိုးမဟုတ်ပဲ ဝမ်းခဏခဏ သွားချင်ပါတယ်။ သွားတိုင်လဲ ပုံမှန်ဝမ်းပါဘဲ ဆေးကြောင့်လားသိချင်ပါတယ်။ • အရင်စာထဲပါ ရောဂါကြောင့်ဖြစ်နိုင်။ • နာတာရှည်အူမကြီးရောင်ရောဂါလာဆရာ အူမကြီးဆိုတာ အထက်ကိုသွားတဲ့အပိုင်း၊ ကန့်လန့်သွားအပိုင်းနဲ့ အောက်ကိုဆင်းတဲ့အပိုင်းလို့ရှိတယ်။ အခုရောဂါက အဆုံးပိုင်းမှာရောင်တာ။ ဆစ်ဂမွိုက်ဒိုက်တစ်လို့ခေါ်တယ်။ အစပိုင်းမှာ အူအတက်ရှိတယ်။ ရက်တိုရောင်တာနဲ့ နာတာရှည်ရောင်တာလို့ရှိတယ်...

ဣနြေ္ဒရရ နှင်းတွေ ကျပြန်ပြီ

Image
တချို့က ကျပန်ပီလို့ ရေးတယ်။ ကနေ့ ရရစ်မပါတာတွေ များတယ်။ ပ နဲ့ ဖ မှာ ရရစ်မပါဘဲရေးကြ၊ တမှန်သမျှ စသတ်ကြလို့ သင်ပေးတဲ့ ဆရာဆရာမတွေဆီကနေ မြန်မာစာ သင်ယူမဲ့အစား နှင်းတောထဲမှာ အဝတ်အစားပါးပါးနဲ့နေရတာက တော်သေးတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁၂-၂ဝ၁၇

Ford တဂါလံ ၂၅ မိုင်

Image
Ford Motor Company ဖို့ဒ်မော်တော်ကုမ္ပဏီကို Henry Ford ဟင်နရီဖို့ဒ်ကနေ ၃-၁၁-၁၉ဝ၁ နေ့မှာ ထူထောင်ခဲ့တယ်။ ၁၉ဝ၂ မှာ Cadillac Motor Company ကာဒီလက်လို့ ပြောင်းတယ်။ သူ့နာမည်ကို ဆက်လက်သုံးစွဲခွင့် ရယူထားတယ်။ ဖို့ဒ်မိသားစုက ဆက်လက်ပိုင်ဆိုင်တယ်။ မော်တော်ကားမော်ဒယ်မျိုးစုံ ထုတ်လုပ်တယ်။ ကနေ့ ကမ္ဘာမှာ မော်တော်ကား ထုတ်လုပ်မှုမှာ Toyota, VW, Hyundai-Kia နဲ့ General Motors နောက် ပဉ္စမလိုက်တယ်။ ၁၉၁၆ မှာ မြန်မာပြည်ကို အမေရိကန်လုပ် ဖို့ဒ်ကားတွေ စရောက်လာတယ်။ ၁၉၈ဝ လောက်အထိ တဂါလံလို့ အမှန်အတိုင်းရေးခဲ့ကြတယ်။ အခုတော့ မြန်မာစာဟာ ၂၅ မိုင်နှုန်းနဲ့ နောက်ပြန်သွားနေတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁၂-၂ဝ၁၇

The End ပါပီခေတ်

Image
ဆရာရှင့် ကျွန်မက အသက် ၃၁ ပါ။ ကိုယ်ဝန် ၈ လထဲမှာပါ။ ဒီမနက် အဖြူနည်းနည်းဆင်းနေလို့ အာ့တာ စိတ်ပူရလားရှင့်။ ဆေးခန်းပြဖို့ရော လိုလားသိချင်လို့ပါ။ White discharge အဖြူဆင်းခြင်းစာ ဘလော့မှာ ဖတ်နိုင်။ ဟုတ် ကျေးဇူးပါ ဆရာ ဖတ် ပီးပါ ပီ ခဏခဏတွေ့တဲ့ ကွန်မင့်က ရှဲလိုက်ပါပီရှင့်။ ပါပြီလို့ ရေးရပါတယ်။ ပါပီဆိုရင် တမျိုးဖြစ်သွားပြီ။ Smile! ပီ = ပီတိ၊ ပီသ၊ ပီပြင်၊ ပီနံသီး၊ ပီဆိုပိုက်ဆံ၊ ပီပါ၊ ပီယဝါစာ၊ ပီလားကောင်၊ ပီလောပီနံဥ၊ ပီပီသသ၊ ပီယဆေး။ ပြီး = ပြီးဆုံးသည်၊ ပြီးစလွယ်လုပ်သည်၊ ပြီးကပစ်လုပ်သည်၊ ပြီးစီးသွားပြီ၊ ပြီးပြည့်စုံ၊ ပြီးမြောက်အောင်လုပ်သည်။ ပြီ = သွားပြီ၊ လာပါပြီ၊ စားပြီးပြီ၊ ပြီးပါပြီ။ ၁၉၈၂ ဝန်းကျင်ကတည်းက ကာလာတီဗွီပေါ်စ၊ ၁၄ လက္ခ တီဗွီလေးတလုံးနဲ့ အင်တာနာကို မန္တလေးကနေဝယ်လာပြီး၊ ပုလဲအိမ်မှာ စမ်းဖွင့်ပါတယ်။ လိုင်းရှာရတာ ခက်လိုက်တာ။ ပျားအုံကို တုတ်နဲ့ဆွသလိုသာမြင်နေရတယ်။ နောက်ဆုံး ရလည်းရရော မြန်မာ့ရုပ်မြင်သံကြားအစီအစဉ် ပြီးပါပြီတဲ့။ အဲဒီခေတ်အထိ သတ်ပုံမှန်သေးတယ်။ ခုခေတ်မှာ မြန်မာလိုလွှင့်နေတဲ့တီဗွီတွေကိုတော့ မကြည့်ဖူးပါ။ သတ်ပုံအမှားနဲ့ သဒ္ဒါအလွဲစာတမ်းတွေထိုး၊ ကိုးရိုကားယား စကားမပီသသူတွေက လ...

မှုန်ရွှေရည်နှင့် မုံ့ဖက်ထုပ်

Image
၁။ မုံ့ လား မုန့် လား။ မှုန် လား မှုံ လား။ ၁။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၂။ အခုခေတ်မှာ မုန့် လို့ရေးနေရတယ်။ ၃။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ အရင်ကမုံ့တွေလည်း စားလို့ကောင်း၊ အခုခေတ်မုန့်တွေလည်းစားလို့ မဆိုးပါ။ မုံ့ဖက်ထုပ်လို့သာ ရေးခဲ့တယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မုန့်လို့ မြန်မာစာသတ်ပုံမှာမရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ မြန်မာ့စွယ်စုံကျမ်းမှာလည်း မုံ့ လို့သာသုံးပါတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ မျက်စိမှုန် မှုန်ကုပ်ကုပ် မှုန်နံ့သာ မှုန်မှိုင်းအုံ့ဆိုင်းနေ မှုန်မွှား မှုန်ရီဝိုးတဝါး မှုန်ဝါးဝါး မှိုင်းမှုန်ပြာဝေ မှိုင်းရီဝေမှောင် မြူမှုန် နှင်းမှုန် ငွေရည်ပုလဲ တချို့က ပန်းဝတ်မှုံလို့ရေးကြတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ ဝတ်ဆံမှုန်၊ ဝတ်မှုန်ကူးခြင်းလို့သာရေးပါတယ်...

Pseudonym ကလောင်နာမည်

Image
ကြည်အေးပို့စ်အောက်မှာ အဆိုတော်တယောက်လားလို့ မေးတယ်။ ကဗျာဆရာ (ဆရာမ) ကြည်အေးကို အဆိုတော် မြို့မကြည်ကြည်အေးနဲ့ မမှားသင့်ပါ။ စာပေနဲ့ အနုပညာလောကကပုဂ္ဂိုလ်တွေမှာ အများအားဖြင့် အမည်ရင်းမဟုတ်ပဲ ကိုယ်တိုင်ရွေးထားကြတဲ့ နာမည်ကိုယ်စီ ရှိကြတယ်။ အဲတာကို စာပေနဲ့ အနုပညာနယ်မှာသုံးတယ်။ တေးဂီတနယ်လည်းပါတယ်။ ကလောင်အမည်လို့ ခေါ်တယ်။ လူအများက အဲဒီအမည်ကိုသာ သိတာများတယ်။ တချို့တော့ အမည်ရင်းနဲ့သာရေးကြတယ်။ တချို့က နေရပ် မြို့ရွာနဲ့ တွဲထားတယ်။ တချို့က ရှေ့က တချို့က ကွင်းထဲမှာထည့်ပါတယ်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ သခင်ကိုယ်တော်မိုင်း၊ ကာတွန်း ဘဂျမ်း၊ ဂျာနယ်ကျော် မမလေး၊ စစ်ကိုင်း ဦးဘိုးသင်း၊ တက္ကသိုလ် နေဝင်း၊ ဒဂုန်တာရာ၊ လူထုဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ကြေးမုံဦးသောင်း။ ကိုယ်ရေးအချက်အလက်ပြောကြရင် ပင်ကိုယ်နာမည်ပါတွဲထည့်ပါတယ်။ ဒါပေမဲ့ ကလောင်နာမည်ခေါ်တာမှာ အပိုအလို မထည့်ရပါ။ အသက်ကြီးလို့ ဦးတင်မိုးလို့ မသုံးရပါ။ မောင်စွမ်းရည်ကို ဦးစွမ်းရည်လို့ မခေါ်ရပါ။ ဆရာလို့ထည့်သုံးတာတော့ သင့်ပါတယ်။ အဲလို အလွဲရေးတာတွေ နေ့တိုင်း တွေ့နေရတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁၂-၂ဝ၁၆ ၂၉-၁၂-၂ဝ၁၇

Hollow School ရွှေကျောင်းပြောင်ပြောင်

Image
အခမဲ့ပညာရေးစနစ် လုပ်သင့်မလုပ်သင့်နဲ့ အခုလုပ်သင့်မလုပ်သင့် ပြောနေကြတယ်။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုတဲ့စကားလည်း အားလုံးသိပါတယ်။ မြန်မာပြည်မှာ ကျောင်းသားတွေက အလွတ်ကျက်မှတ်တဲ့အစဉ်အလာရှိပြီး သူတို့ကြီးလာတော့လည်း သူများကို မေးခွန်းထုတ်ရမှာ အားနာတတ်တယ်လို့ လူမျိုးအလိုက်ကို ကောက်ချက်ချတာခံရတယ်။ အမေရိကားမှာ ဘယ်သူကမဆို မေးခွန်းမေးလေ့ရှိတယ်။ အမေးခံရသူက ကျောင်းဆရာဖြစ်ဖြစ်၊ အမတ်ဖြစ်ဖြစ် မေးတာကိုသဘောကျကြတယ်။ အဲတာကို တာယူချင်ကြသလား။ မလောပါနဲ့။ အမေရိကန်တွေက မေးခွန်းမေးဘို့ပဲ ကျောင်းမှာသင်ပေးတယ်။ ကိုယ်တိုင်စဉ်းစားတွေးခေါ်ယူဘို့ သင်မပေးဘူးလို့ အိုင်းရစ်တွေက ပြောပါတယ်။ အိုင်းရစ်ဆိုတာ အင်္ဂလန်နဲ့ဆက်နေတဲ့ အိုင်ယာလန်နိုင်ငံသားတွေကို ခေါ်တာပါ။ အိုင်းရစ်တွေ တွေးခေါ်တာ တော်ကြပါသလား။ နာမည် (၄) ခုသာ ပေးပါရစေ။ ၁။ ဂွန်နာသန် ဆွစ်ဖ်၊ ၃ဝ-၁၁-၁၆၆၇ - ၁၉-၁ဝ-၁၇၄၅။  ဂါလီဗာ၏ခရီးများကို မြန်မာပြည်က ကျောင်းသားကအစ သိပါမယ်။ ကျွန်တော်တို့ ရှစ်တန်းမှာ အင်္ဂလိပ်ဖတ်စာပြဋ္ဌာန်းစာအုပ်ဖြစ်ပါတယ်။ ၂။ အော်စကာ ဝိုင်းလ်ဒ်၊ ၁၆-၁ဝ-၁၈၅၄ - ၃ဝ-၁၁-၁၉ဝဝ။  ပြဇာတ်၊ ဝတ္တု၊ ကဗျာဆရာ။ ဗစ်တိုးရီးယန်းအသိုင်းအဝိုင်းကို ရယ်စရာစာတွေ...