မှုန်ရွှေရည်နှင့် မုံ့ဖက်ထုပ်

၁။ မုံ့ လား မုန့် လား။ မှုန် လား မှုံ လား။

၁။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။

၂။ အခုခေတ်မှာ မုန့် လို့ရေးနေရတယ်။

၃။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။

အရင်ကမုံ့တွေလည်း စားလို့ကောင်း၊ အခုခေတ်မုန့်တွေလည်းစားလို့ မဆိုးပါ။

မုံ့ဖက်ထုပ်လို့သာ ရေးခဲ့တယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။

မုန့်လို့ မြန်မာစာသတ်ပုံမှာမရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။

ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။

မြန်မာ့စွယ်စုံကျမ်းမှာလည်း မုံ့ လို့သာသုံးပါတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။

မျက်စိမှုန်
မှုန်ကုပ်ကုပ်
မှုန်နံ့သာ
မှုန်မှိုင်းအုံ့ဆိုင်းနေ
မှုန်မွှား
မှုန်ရီဝိုးတဝါး
မှုန်ဝါးဝါး
မှိုင်းမှုန်ပြာဝေ
မှိုင်းရီဝေမှောင်
မြူမှုန်
နှင်းမှုန် ငွေရည်ပုလဲ

တချို့က ပန်းဝတ်မှုံလို့ရေးကြတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ ဝတ်ဆံမှုန်၊ ဝတ်မှုန်ကူးခြင်းလို့သာရေးပါတယ်။

တချို့ မှုံရွှေရည်လို့ ရေးပေမဲ့ ဝင်းဦးသီချင်းစီဒီမှာ မှုန်ရွှေရည် https://www.youtube.com/watch?v=NxvY2gWdRkQ&list=PL61WndwmDHSy2bC2Ov2yK-J3Y0DEAIiyg

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၆
၂၉-၁၂-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ